သိပ်ချစ်လွန်းလို့ ချစ်ဇနီးသည်တွေကိုကြောက်သွားတတ်ကြသော ခင်ပွန်းသည်များ

blank

စာချစ်သူတို့ရေ…

အတောင် ၂ဝ ဝတ်ယောက်ျားတိုင်းလည်း သူတို့ထက်အားနွဲ့တဲ့မိန်းမသားတွေကို ကြောက်လိမ့်မယ်လို့ ထင်ပါသလား။ တကယ်တော့ ဇနီးသည်ကို အာဏာအကုန်အပ်နှင်းထားတာဟာ ကြောက်လို့မဟုတ်ပါဘူး။

ကာယနဲ့အနိုင်မယူ၊ နှုတ်နဲ့အကျောပေးပြီး၊ နှလုံးသားတစ်ခုလုံးကို ပိုင်စိုးခွင့်ပြုထားတာဟာ ဇနီးသည်အပေါ် မြတ်မြတ်နိုးနိုးချစ်လို့ပါ။ ချစ်တဲ့စိတ်ကြောင့် နှစ်ယောက်သားကြားရန်ပွဲတွေနဲ့ ပျော်စရာအချိန်တွေကုန်ဆုံးခံရမှာ ကို စိုးရိမ်ကြတယ်။ ဒါကြောင့် မှားနေရင် စိတ်ပါလက်ပါတောင်းပန်ကြသလို ဇနီးသည်က မှားနေရင်လည်း ခွင့်လွှတ်ပေးကြတာပါ။ ဇနီးသည်ကို ဦးစားပေးတတ်တဲ့ခင်ပွန်းသည်တွေဆိုတာ…

၁။ “မယားကြောက်” ဆိုတဲ့ကဲ့ရဲ့စကားတွေထက် ဇနီးသည်ရဲ့ ပျော်ရွှင်မှုကို ပိုအလေးထားကြတယ်။ ဇနီးသည် ပျော်ရင် သူတို့လည်း ပျော်တာပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကိစ္စကြီးငယ်တိုင်းကို ဇနီးသည်နဲ့တိုင်ပင်တတ်တယ်။ ဒါကလည်း ကြောက်လို့မဟုတ် ဇနီးသည်က ကိုယ့်ရဲ့ ကျောရိုးလို့ ခံယူထားတာကြောင့်ပါ။

၃။ အရာရာအလျှော့ပေးတာကလည်း ကြောက်လို့မဟုတ်ဘဲ ဇနီးသည်အပေါ် ချစ်မြတ်နိုးမှုနဲ့ အနွံတာခံနိုင်မှု တွေကို သက်သေပြတာပါ။

သေချာတာကတော့ ခင်ပွန်းတွေအနေနဲ့ ဇနီးသည်ရဲ့စကားကို နားထောင်လိုက်ခြင်းဖြင့် နှစ်ကိုယ်ကြား ရန်ပွဲတွေကို ကာကွယ်နိုင်တဲ့အပြင် မိမိရဲ့ချစ်ခြင်းတွေကိုလည်း ပေါ်လွင်စေပါတယ်။ ဒါကြောင့် ဘေးလူတွေက ဘာပဲပြောပြော စိတ်ကသိကအောက်မဖြစ်ပါနဲ့။ “ကိုယ့်ရဲ့အတ္တတွေ၊ မာနတွေ၊ ဆန္ဒတွေထက်ပိုပြီး သာလွန်တဲ့ ချစ်ခြင်းတွေနဲ့ ကိုယ့်ဇနီးသည်ကို ချစ်မြတ်နိုးလို့ပါ ” လို့သာဖြေလိုက်ပါ။

အရှုံးပေးရင် နှလုံးအေးပါတယ်။ မိန်းမသားတွေဆိုတာလည်း သူတို့တကယ်ချစ်တဲ့သူတွေကိုသာ နွဲ့ ဆိုးဆိုးတတ်၊ အနိုင်ယူတတ်ကြတာမဟုတ်လား။