သာယာတဲ့အိမ်ထောင်ရေးတည်ဆောက်ဖို့ ခင်ပွန်းသည်တို့ရှောင်ရှားသင့်တဲ့ အမူအကျင့်များ

blank
၁။ မိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ခြင်း။

ခင်ပွန်းတာဝန်၊ ဇနီးတာဝန်ခွဲခြားမနေဘဲ မိသားစုရဲ့ အဓိကလိုအပ်ချက်တွေကို ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်အနေနဲ့ ဖြည့်ဆည်းမပေးနိုင်တာကြောင့် အိမ်ထောင်ရေးမှာ အက်ကြောင်းကြီး ဖြစ်လာနိုင်ပါတယ်။

၂။ ကြင်နာယုယစွာ မဆက်ဆံခြင်း။

အလုပ်မသွားခင် ထွေးပွေ့ပြီး အနမ်းပေးတာ၊ လူတွေကြားထဲမှာ လက်ကိုဆုပ်ကိုင်ပေးတာ၊ တီဗွီကြည့်တဲ့အခါ ပုခုံးပေါ်မှီထားခိုင်းတာ စတဲ့ ကြင်နာယုယတဲ့အပြုအမူလေးတွေဟာ လင်မယားကြားမှာ အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုနွေးထွေးတဲ့အပြုအမူတွေမပေးနိုင်ရင် သင်တို့အိမ်ထောင်ရေးကို တဖြည်းဖြည်းသွေးအေးသွားစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

၃။ ဇနီးသည်ထက် အခြားကိစ္စတွေကို ဦးစားပေးခြင်း။

သင့်ရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးမှာ ဇနီးသည်ဟာ သင်နဲ့တစ်သက်လုံးအဖော်ပြုပေးဖို့အသင့်ရှိနေတတ်သလို သင့်ရဲ့နံပါတ်တစ်ဦးစားပေးကလည်း သူပဲဖြစ်ချင်ပါတယ်။ ဇနီးသည်နဲ့ အပြင်ထွက်တိုင်း ဖုန်းကိုပဲကလိနေတာမျိုး၊ အိမ်ပြန်နောက်ကျမယ့်အကြောင်း ဇနီးသည်ကိုအကြောင်းမကြားတာမျိုး မလုပ်ပါနဲ့။ အရေးတယူနဲ့ ဦးစားပေးမှုတွေမရှိရင် အိမ်ထောင်ရေးပျက်စီးနိုင်ပါတယ်။

၎။ ဇနီးသည်အပေါ်ထားရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်မပြသခြင်း။

သင်က သင့်ဇနီးအပေါ် ချစ်ခြင်းမေတ္တာတွေရှိနေရုံသာမက ထုတ်ဖော်ပြသဖို့လည်း လိုအပ်ပါတယ်။ အချိန်တန် လခအပ်ရုံလောက်နဲ့ သင့်တာဝန်ကျေပြီလို့ မထင်ပါနဲ့။ အချိန်လေးနည်းနည်းပေးပြီး သူမဆီ မက်ဆေ့ခ်ျလေးတွေ ပို့တာတို့၊ အလုပ်ကအပြန် သူမအတွက်ပန်းလေးတွေဝယ်လာပေးတာတို့ လုပ်ပေးလိုက်ပါ။ သင့်အချစ်တွေကို ထုတ်မပြရင် သင့်ဇနီးအတွက် တစ်မျိုးထင်စေနိုင်သလို အိမ်ထောင်ရေးကိုထိခိုက်စေနိုင်ပါတယ်။

ကဲ… အိမ်ထောင်ရှင်အမျိုးသားတွေရေ။ လက်တွဲဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်ထားရုံနဲ့ သာယာတဲ့အိမ်ထောင်ရေးဖြစ်မလာပါဘူး။ သင်ကိုယ်တိုင်ကလည်း အိမ်ထောင်ဖက်ကောင်းပီသမှ သာယာကြည်နူးတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။