ယုံရခက်ပေမယ့် ကြုံလိုက်ရတဲ့ သစ်ပင်ပေါ်မှာ ငွေသီးသော ကိုယ်တွေ့ဖြစ်ရပ်ဆန်း။

blank

အမေရိကန်နိုင်ငံက ရွာလေးတစ်ရွာမှာနေထိုင်တဲ့ ရိုစီလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာ ထူးခြားအံ့သြစရာဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ မိဘတွေသေဆုံးပြီးနောက်ပိုင်း ခိုကိုးရာမဲ့ဖြစ်နေတဲ့ ရိုစီရဲ့ဘဝနေ့ရက်တွေဟာ ခါးသီးလှပါတယ်။ “အမကြီး အမိအရာ” လို့ဆိုသလိုပဲ ကျန်ခဲ့တဲ့မောင်နှမခုနစ်ယောက်ရဲ့တာဝန်ကလည်း သူမအပေါ်မှာ လုံးလုံးလျားလျားကျရောက်လာခဲ့ပါတယ်။ ဝင်ငွေနဲ့ထွက်ငွေမမျှတတာကြောင့် စားရမဲ့သောက်ရမဲ့ဖြစ်နေတဲ့ သူမရဲ့ဘဝမှာ မျှော်လင့်ချက်ရောင်ခြည်ဆိုတာ အနည်းငယ်လောက်တောင် သမ်းမလာခဲ့ပါဘူး။ ငွေဆိုတာကလည်း မူးရင်တောင် ရှူစရာမရှိခဲ့ပါဘူး။

တစ်နေ့မှာတော့ သူမရဲ့မောင်လေးဂျင်မီဟာ နမိုးနီးယားကူးစက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ထားခဲ့ရပါတယ်။ ဆေးဖိုးရှင်းရမယ့် စာရွက်လေးကိုကြည့်ရင်း သူမမျက်ရည်တွေဖြိုင်ဖြိုင်ကျလာပါတော့တယ်။ အိမ်ပြန်လမ်း တစ်လျှောက်လုံးမှာလည်း ပေါင်နှံရောင်းချစရာဘာပစ္စည်းမှတောင်မရှိတဲ့ သူမရဲ့ ဆိုးဝါးလှတဲ့ကံတရားကို အမုန်းကြီးမုန်းလာပါတော့တယ်။ မောင်နှမတွေကိုတောင် ကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့ သူမကိုယ်သူမအဆုံးစီရင်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ အဆိပ်ဝယ်ဖို့တောင် မတတ်နိုင်တာကြောင့် နောက်နေ့မနက်စောစော ရထားလာချိန်မှာ ရထားကြိတ်ခံပြီး သူမဘဝကို အဆုံးသတ်ပစ်လိုက်မယ်ဆိုတဲ့စိတ်ကူးနဲ့ အိပ်ရာဝင်ခဲ့ပါတယ်။

သူမအိပ်ပျော်ပြီး မကြာမီမှာတော့ သူမကိုတစ်စုံတစ်ယောက်က ခေါ်နေသံကိုကြားလိုက်ရတယ်။ မျက်စိကိုအားယူပြီးဖွင့်ကြည့်လိုက်ချိန်မှာတော့ ဝတ်ဖြူစင်ကြယ်နဲ့ အဘွားအိုတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ သူမတအံ့တသြဖြစ်နေတုန်းမှာပဲ အဲ့ဒီအဘွားအိုက “ သမီး။ စိတ်မညစ်ပါနဲ့ သမီးကို ချမ်းသာမယ့်နည်းလမ်းလေးလာပေးတာ” လို့ပြောပြီး စာရွက်လေးတစ်ရွက်ကို သူမလက်ထဲထည့်ပေးပြီး ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဘွားအိုပြောသွားတာတွေကို ယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်နေခဲ့ပေမယ့် သေမထူးနေမထူးတဲ့အခြေအနေမှာ နည်းလမ်းလေးတစ်ခုကိုစမ်းကြည့်လိုက်ရုံနဲ့ သူမဘဝ ဒီထက်ဆိုးသွားစရာမရှိတာကြောင့် စာရွက်ထဲမှာရေးထားသလို လိုက်လုပ်ကြည့်လိုက်ပြီး အိပ်ရာထဲပြန်ဝင်ခဲ့ပါတယ်။ မနက်လင်းတဲ့အခါ သူမရဲ့မောင်လေး၊ညီမလေးတွေရဲ့ “မမ လာကြည့်စမ်းပါဦး၊ မမမြန်မြန်ထပါဦး” ဆိုတဲ့တအံ့တသြအသံတွေကြောင့် သူမအိပ်ယာက လန့်နှိုးလာခဲ့ပါတယ်။ သူမညီမက သူမလက်ကိုဆွဲပြီး ခေါ်လာတဲ့အခါ မှာတော့-

ဒေါ်လာတွေသီးနေတဲ့ ငွေပင်ကြီး” ကိုတွေ့လိုက်ရပါတော့တယ်။

အံ့သြဝမ်းသာစွာနဲ့ပဲ သူမဟာ သူမရဲ့အိပ်ခန်းကို အလျင်အမြန်ပြေးလာခဲ့ပြီး အဘွားအိုပေးခဲ့တဲ့ စာရွက်လေးကို အထပ်ထပ်ပြန်ဖတ်နေမိတော့တယ်။ ဂန္တဝင်စာဖတ်ပရိသတ်ကြီးအနေနဲ့ သူမလက်ထဲက စာရွက်လေးထဲမှာဘာတွေရေးထားသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့-

အဆင့်(၁)- ဤစာစောင်ကို like လုပ်ပါ။

အဆင့် (၂)- သင့်ကိုမုန့်ဖိုးပေးနေကျ လူ(၃) ယောက် (သို့မဟုတ်) ပိုက်ဆံချေးနေကျ လူ(၃)ယောက်ကို mention ခေါ်ပါ။

အဆင့်(၃)- သင့်အချစ်ဆုံး သူငယ်ချင်း(၅)ယောက်ကို “HAPPY APRIL FOOLS DAY” လို့ messenger ထဲကနေ wish လုပ်လိုက်ပါ။ ပြုံးရယ်ခြင်းဟာ ကျန်းမာစေဖို့အတွက် အားဆေးလေးတစ်ခွက်ပါ။ ဒေါ်လာများစွာထက် အဖိုးထိုက်တန်တဲ့ ကျန်းမာခြင်းကို ပြုံးရယ်ခြင်းဖြင့် ရရှိနိုင်ကြပါစေရှင်။ သင်ပြုံးလိုက်ရတယ်ဆိုရင် သင့်သူငယ်ချင်းတွေအတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါနော်။