ညီမလေးတို့သိစေဖို့ ပုရိသတို့အကြောင်း ၉၉ ချက်- အပိုင်း (၅)

blank

၉၁။ ယောက်ျားလေးတစ်ယောက် သင့်ရှေ့မှာ မျက်ရည်ကျတယ်ဆိုတာ သူတကယ်ကို နာကျင်ခံစားနေရလို့ပါ။

၉၂။ ယောက်ျားလေးတစ်ယောက်က သင့်ကို ရုတ်တရက်ကြီး ချိန်းတွေ့ဖို့တောင်းဆိုလာရင် အကြောင်းရင်းကို အရင်မေးပါ။

၉၃။ ယောက်ျားလေးတစ်ယောက်က သင့်အသံကို တစ်ညလေးမကြားလိုက်တာနဲ့ အိပ်မပျော်ဘူးလို့ ပြောလာခဲ့ရင် မယုံကြည်လိုက်ပါနဲ့။ သူတစ်ခြားမိန်းကလေးကိုလည်း ဒီလိုပဲပြောပါလိမ့်မယ်။ ဒါက သူသင့်ကို ကျူချင်ရုံသက်သက်ပါပဲ။

၉၄။ ဘုရားများများရှိခိုးတဲ့ ယောက်ျားလေးတစ်ယောက်ကို တွေ့ရင် သူက တကယ့်ကို ရည်မွန်တယ်ဆိုတာ ယုံကြည်လိုက်ပါ။

၉၅။ ယောက်ျားလေးအချင်းချင်းထက် မိန်းကလေးတွေဆီက အကြံဉာဏ်ကို ပိုတောင်းတတ်တယ်။

၉၆။ ယောက်ျားလေးတွေက သူတို့ရဲ့ ဆံပင်ကို မိန်းကလေးတစ်ယောက်က ကိုင်တာကို မကြိုက်ကြဘူး။

၉၇။ ယောက်ျားလေးတစ်ယောက်က သင့်ကိုအရမ်းလှတာပဲလို့ပြောလာရင် သေချာပြီ၊ သူသင့်ကို ချစ်နေလို့ပဲ။

၉၈။ အငြှိုးတကြီး တုံ့ပြန်တတ်တဲ့ မိန်းမတွေကို ယောက်ျားလေးအများစု ရွံမုန်းကြတယ်။

၉၉။ ယောက်ျားလေးတွေ တကယ်ချစ်ပြီဆိုရင် သူတို့အချစ်က မိန်းကလေးတွေထက် အဆပေါင်းများစွာ ပိုသာတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင့်အတွက် မှန်နေပြီဆိုရင် သူငယ်ချင်းတွေအတွက် Share ပေးလိုက်နော်။