ညီမလေးတို့သိစေဖို့ ပုရိသတို့အကြောင်း ၉၉ ချက် – အပိုင်း (၄)

blank

၆၁။ ယောက်ျားလေးတစ်ယောက်က သင့်ကို လေးနက်တဲ့စကားပြောပြီဆိုရင် သေချာနားထောင်ပေးပါ။

၆၂။ ယောက်ျားလေးတစ်ယောက် တိတ်ဆိတ်နှုတ်ပိတ်နေတယ်ဆိုရင် သင့်ဘက်က စကားအရင်စပြောပေးပါ။

၆၃။ မြင်မြင်ချင်း ချစ်တယ်ဆိုတာတွေကို ယောက်ျားလေးအများစု မယုံကြည်ကြဘူး။ ဒါပေမယ့် သူတို့ တကယ်ချစ်တဲ့ မိန်းကလေးနဲ့တွေ့ရင် သူတို့မှားနေကြောင်း သိသွားကြတယ်။

၆၄။ မိန်းမပီသတာကို ကြိုက်တယ်၊ အားနွဲ့လွန်းတာကို မကြိုက်ကြဘူး။

၆၅။ ယောက်ျားလေးတွေက သူတို့ထက် လက်သီးထိုးကြမ်းတဲ့ မိန်းမတွေကို မကြိုက်ကြဘူး။

၆၆။ ကိုယ်ချစ်နေတဲ့ မိန်းကလေး ကိုယ့်ကို ပြန်ချစ်မချစ် ကြိုသိနေတတ်တယ်။ ဒါပေမယ့် မိန်းကလေးက တရားဝင်အဖြေပြန်ပေးမှ စိတ်ချလက်ချ သက်ပြင်းချနိုင်ကြတယ်။

၆၇။ မိန်းကလေးတွေက ဝတ္ထုရှည်တွေ၊ မိတ်ကပ်တွေနဲ့ အချိန်ဖြုန်းကြသလို ယောက်ျားလေးတွေကလည်း အားကစားတွေ၊ ဗီဒီယိုဂိမ်းတွေနဲ့ အချိန်ဖြုန်းတတ်ကြပါတယ်။

၆၈။ အချက်အပြုတ်တော်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေ ချစ်ကြတယ်။

၆၉။ ယောက်ျားလေးတွေက အမေနဲ့တူတဲ့ မိန်းကလေးတွေကို ပိုချစ်ကြတယ်။

၇ဝ။ ယောက်ျားလေးတွေမှာ သင်သိထားတာထက် ပိုများတဲ့ပြဿနာတွေ ရှိနေပါတယ်။ မြင်အောင်ကြည့်ပေးပါ။

၇၁။ ယောက်ျားလေးသူငယ်ချင်း အချင်းချင်း တစ်ယောက်အကြောင်းကို တစ်ယောက်ပိုသိကြတယ်။ သင်အကူအညီလိုရင် သင့်ချစ်သူရဲ့ သူငယ်ချင်းဆီမှာ အကူအညီတောင်းပါ။

၇၂။ ယောကျာ်းတွေရှေ့မှာ ခင်ကြီးကျယ် အမူအရာတွေ လုပ်မပြပါနဲ့။ လွယ်လွယ်နဲ့ လက်လျှော့သွားတတ်ကြတယ်။

၇၃။ ယောက်ျားလေးတစ်ယောက်ကို အဆင့်အတန်းမခွဲခြားဘဲ ကြိုးစားပြီး ချစ်ကြည့်ပါ။ သင့်ချစ်ခရီးလမ်းမှာ အံ့အားသင့်စရာတွေ တွေ့ရမှာပါ။

၇၄။ ယောကျာ်းတွေက ရေမွှေးတွေအများကြီး စွတ်ထားတဲ့မိန်းကလေးတွေကို ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြတဲ့အပြင် တချို့ယောက်ျားတွေက စက်ဆုပ်တတ်ကြပါတယ်။

၇၅။ မိန်းကလေးတစ်ယောက်အကြောင်းပြောတဲ့ အချိန်ဆို သာမန်ထက် စကားတွေအများကြီး ပြောတတ်ကြတယ်။

၇၆။ မိန်းကလေးတွေ ပြာတဲ့ “ထွက်သွား” ဆိုတဲ့ စကားကို ယောက်ျားလေးအများစုက ကောင်းကောင်းနားမလည်ကြဘူး။

၇၇။ မိန်းကလေးတွေက ထူးဆန်းတယ်၊ နားလည်ခန့်မှန်းရခက်တယ်ဆိုတာ သိကြတယ်။ ဒါပေမယ့် အချစ်မလျော့တဲ့အပြင် ပိုတောင်ချစ်လာပါသေးတယ်။

၇၈။ သင်ဟာသပြောတာကို သင့်ချစ်သူယောက်ျားလေးက ဟန်လုပ်ပြီး ရယ်ချင်ယောင်ဆောင်တယ်ဆိုတာ အရမ်းရိုင်းတဲ့ အပြုအမူမှန်း သူသိပြီး ယဉ်ကျေးအောင် ကြိုးစားပြင်ဆင်လိမ့်မယ်။

၇၉။ ယောက်ျားလေးတွေဟာ သူတို့ဖိနပ် တောက်ပြောင်နေလားဆိုတာတောင် ဂရုမစိုက်တတ်ကြပါဘူး။ မိန်းကလေးတွေနဲ့ ကွာပါတယ်။

၈ဝ။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ယေဘုယျကြည့်ပြီး အကဲဖြတ်တတ်ကြတယ်။

၈၁။ ယောက်ျားတိုင်းဟာ သူတို့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိကြတယ်။ သူတစ်ပါးနဲ့ မျှဝေခံစားဖို့ကိုလည်း ခေါင်းမာတတ်ကြတယ်။

၈၂။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေ ကျိန်ပြောတတ်တာကို သဘောမကျကြဘူး။

၈၃။ ယောက်ျားလေးတွေရဲ့ အားနည်းချက်က ဒူးမှာရှိတယ်။

၈၄။ ပြဿနာတစ်ခု ကြုံလာရပြီဆိုရင် ယောက်ျားလေးတွေက အေးဆေးတည်ငြိမ်စွာပဲနေတယ်။ ဖြေရှင်းဖို့နည်းလမ်းကိုလည်း စဉ်းစားထားတယ်။

၈၅။ ယောက်ျားလေးတစ်ယောက် သတိရှိရှိနဲ့ တစ်ခုခုကို ကြည့်နေပြီဆိုရင် သူ ထိုအရာဝတ္ထုနဲ့ ပတ်သတ်ပြီး မကျွမ်းကျင်သေးလို့ပါ။

၈၆။ ယောက်ျားလေးတစ်ယောက်က သင့်ကို ကြည့်နေပြီဆိုရင် သင့်ကို အံ့အားသင့်သွားလို့ ဒါမှမဟုတ် သင့်ကိုအပြစ်ရှာချင်လို့ပဲ ဖြစ်ပါတယ်။

၈၇။ ယောက်ျားလေးတစ်ယောက်က သင့်ကိုလိမ်ညာတယ်၊ သင်သိသွားပြီးနောက် ဒုတိယ အခွင့်အရေးတောင်းတယ်ဆိုရင် အခွင့်အရေးပေးလိုက်ပါ။ ဒါပေမယ့် နောက်တစ်ခေါက်ထပ်ပြီး လှည့်စားရင်တော့ သူ့ကို လျစ်လျူရှုလိုက်ပါတော့။

၈၈။ သင့်ချစ်သူကောင်လေးက သင့်ကို စိတ်ကြိုက်ထွက်သွားခွင့်ပြုတယ်ဆိုရင် သူသင့်ကို တကယ်ချစ်လို့ပါ။

၈၉။ သင့်ကို ခဏခဏကြည့်နေတတ်တဲ့ သင့်ယောက်ျားလေးသူငယ်ချင်းက သင့်ချစ်သူနဲ့ သင့်ကို မနာလိုဝန်တို ဖြစ်နေတတ်တယ်ဆိုရင် သေချာတာက သင့်ချစ်သူထက် သင့်အပေါ်တိတ်တခိုးကြွေနေတဲ့ သင့်ယောက်ျားလေးသူငယ်ချင်းက သင့်ကို ပိုချစ်နေပါတယ်။

၉ဝ။ မိန်းကလေးတွေက အချစ်ရေးအတွေ့အကြုံတွေကို ကဗျာဆန်ဆန် အချစ်စာအုပ်တွေကနေ ကိုးကားကြတယ်။ ယောက်ျားလေးတွေကတော့ ကိုယ်ပိုင် အတွေ့အကြုံကိုပဲ အားကိုးကြတယ်။

ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။