ညီမလေးတို့သိစေဖို့ ပုရိသတို့အကြောင်း ၉၉ ချက် – အပိုင်း (၃)

blank

၄၁။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေအမှန်တကယ်လိုချင်တဲ့ လက်ဆောင်ကိုသိဖို့ကြိုးစားပေမယ့် တက်တက်စင်အောင်မှားယွင်းတတ်ကြပါတယ်။

၄၂။ ယောက်ျားလေးတွေဟာ ကောင်မလေးတွေပြောပြတဲ့လျှို့ဝှက်ချက်တွေကို မသိုသိပ်နိုင်ကြပါဘူး။

၄၃။ ယောက်ျားလေးတွေဟာ တစ်ခါတစ်လေကျရင် အတွေးလွန်ကြပါတယ်။

၄၄။ ယောက်ျားလေးတွေရဲ့ အတွေးတွေဟာအဆုံးမဲ့ကြပါတယ်။

၄၅။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ အရပ်ရှည်တာ၊ပုတာထက် ဝတာပိန်တာကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။

၄၆။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ချစ်မြတ်နိုးပြီဆိုရင် အလွန်အမင်းသဝန်တိုတတ်ကြပါတယ်။

၄၇။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို သုံးနှစ်ကြာတွဲပြီးသွားလို့ လမ်းခွဲသွားရင်တောင် လွယ်လွယ်နဲ့ မမေ့နိုင်ကြတော့ပါဘူး။

၄၈။ ယောက်ျားလေးတွေဟာ သူတို့ ပိုးပန်းနေတဲ့ မိန်းကလေးတွေက ခံစားရအောင်လုပ်ရင်တောင် လွယ်လွယ်နဲ့ နောက်မဆုတ်တတ်ကြပါဘူး။

၄၉။ ယောက်ျားလေးတွေဟာ ပေါ်ပေါ်တင်တင်ပဲ ကြွားဝါတတ်ကြပါတယ်။

၅ဝ။ ယောက်ျားလေးတွေက သူတို့ချစ်သူတွေပေါ် ပိုင်စိုးလိုစိတ်ရှိကြပါတယ်။

၅၁။ ယောက်ျားလေးတစ်ယောက်ကို အဖြေမပေးခင် သင်ကြိုက်တာတွေ၊ မကြိုက်တာတွေ ကြိုပြောထားပါ။

၅၂။ ယောက်ျားလေးတစ်ယောက်ဟာ ငြင်းပယ်တာကို ခံနိုင်ကြတယ်။ ဘယ်တုန်းကမှ အငြင်းပယ်မခံရဖူးဘူး၊ ဘယ်သူ့ကိုမှ မချစ်ဖူးဘူး၊ ဘယ်သူ့ကြောင့်မှ မနာကျင်ခဲ့ရဖူးဘူးဆိုရင်တော့ ထိုယောက်ျားလေးက မရင့်ကျက်သေးလို့ပါ။

၅၃။ ဆိုးဝါးတဲ့ ကိစ္စတွေ ကြုံလာရတဲ့အခါ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်ပိုပြီးတော့ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်ကြတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် နာကျင်စေပြီးတောင် ဒဏ်ခတ်တတ်ကြတယ်။

၅၄။ ယောက်ျားလေးတွေက ပြောင်းလဲစိတ်မြန်ပေမယ့် စိတ်စွမ်းအားဘက်မှာတော့ အားနည်းကြတယ်။

၅၅။ ယောက်ျားလေးတွေဟာ အပေါင်းအသင်းတွေကြား ကျားတစ်ကောင်လို မာန်ဖီတတ်ပေမယ့် ကိုယ့်ချစ်သူမိန်းကလေးရှေ့ရောက်ရင် ကြောင်လေးတွေလို ပွတ်သပ်တိုးဝှေ့ချင်ကြပြန်ရော။

၅၆။ ယောက်ျားလေးတစ်ယောက် တည်ငြိမ်ချင်ယောင်ဆောင်နေတယ်ဆိုရင် သူ့ကို တစ်ချက်အကဲခတ်လိုက်ပါ။ သူချွေးပြန်နေတယ်ဆိုရင်တော့ သူတကယ့်ကို စိတ်လှုပ်ရှားနေတာပါ။

၅၇။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ရူးသွပ်စွာစွဲလမ်းနေတယ်ဆိုရင် ယုံလိုက်ပါ။ သူတကယ် စွဲလမ်းနေတာပါ။

၅၈။ ယောက်ျားလေး တစ်ယောက်က သူ့ကို တစ်ယောက်တည်းထားခဲ့ဖို့ ပြောနေတယ် ဆိုရင် သေချာတယ်။ သူ့စိတ်ထဲမှာ သင့်ကို သူ့နားမှာတကယ်အလိုရှိနေတယ်။

၅၉။ ယောက်ျားလေးတွေမှာ တကယ့် အပြီးသတ်ဆုံးဖြတ်ချက်ဆိုတာ မရှိဘူး။

၆ဝ။ ယောက်ျားလေးတစ်ယောက်က သင့်ကို ချစ်မိနေပြီဆိုရင် အရမ်းကို လိမ္မာသွားတတ်ကြတယ်။

ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။