ယောကျာ်းတွေက ထက်မြတ်တဲ့ မိန်းကလေးတွေကို ဘာလို့ စွန့်ခွာသွားတတ်ကြတာလဲ။

blank

“ထက်မြက်တဲ့ယောက်ျားလေးတွေအတွက် မိန်းကလေးပေါလာတတ်ပြီး၊ ထက်မြက်တဲ့မိန်းမတွေရဲ့ဘေးမှာ ယောက်ျားလေးရှားလာတတ်တယ်”တဲ့ ပရိသတ်ကြီးရေ…။ အချို့သောယောက်ျားလေးတွေဟာ မိမိတို့ရဲ့ချစ်သူမိန်းကလေးတွေဆီမှာ သူတို့ထက်သာလွန်တဲ့ အရည်အချင်းတွေရှိနေတယ်ဆိုတာကို လက်မခံနိုင်ကြပါဘူး။ ချစ်စခင်စမှာ အဆင်ပြေနေတတ်ကြပေမယ့် ကြာလာတဲ့အခါမှာတော့ သည်းမခံနိုင်ဖြစ်ပြီး လမ်းခွဲစကားတောင်မှမဆိုဘဲ တိတ်တဆိတ်ထွက်သွားတတ်ကြပါတယ်။

အကြောင်းပြချက်မရှိ ရုတ်တရတ်လမ်းခွဲခံလိုက်ရတဲ့ မိန်းကလေးအတွက်တော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခံပြင်းမှုတွေကိုလည်းခံစားရတတ်ပါတယ်။ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ကို ချစ်သူယောက်ျားလေးက ဘာကြောင့် ရုတ်တရတ်လမ်းခွဲသွားတတ်ကြလဲဆိုတာကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင့်ချစ်သူဟာ သူ့ထက်သာလွန်တဲ့ သင့်ရဲ့အရည်အချင်းတွေကို သတိထားမိပေမယ့် ကျေကျေနပ်နပ်လက်ခံဖို့ သူ့ရဲ့ယောက်ျားမာနက လက်မခံနိုင်ဘူးဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ဘေးမှာရှိနေတိုင်း သူမွန်းကြပ်လာတာကြောင့် သင်နဲ့ဝေးရာကို ထွက်သွားခဲ့တာပါ။

၂။ သင်က သူ့ကိုဦးဆောင်စေတဲ့အခါမှာလည်း သူ့မှာဦးဆောင်ဖို့ အရည်အချင်းမရှိသလို သင်နဲ့အတူလျှောက်လှမ်းဖို့လည်း သူ့မှာအစွမ်းအစမရှိပါဘူး။ နောက်ဆုံးမှာတော့ သင့်အနောက်ကနေလိုက်လာဖို့ သူ့မာနကခွင့်မပြုတာကြောင့် သင်နဲ့အဝေးကို ထွက်သွားခဲ့တာပါ။

၃။ ပြနာတစ်ခုဖြစ်လာတိုင်း သင့်ကိုအပြစ်ရှာချင်ပေမယ့် ချက်ကျလက်ကျနဲ့ ဖြေရှင်းချက်ပေးနိုင်တဲ့ သင့်ရဲ့စနစ်ကျကျအတွေးအခေါ်တွေကို သူမကျော်လွန်နိုင်ပါဘူး။ အမြဲရှုံးနိမ့်နေရတဲ့ သူ့အဖြစ်တွေကို မခံစားနိုင်တော့တာကြောင့် တိတ်တဆိတ်ပျောက်သွားတာပါ။

၎။ အရည်အချင်းရှိတဲ့ လူတွေရဲ့နောက်မှာ ငွေကြေးကလိုက်စမြဲပါ။ သင့်ရဲ့ထက်မြက်မှုကြောင့် သူ့ထက်ဝင်ငွေအင်အားများနေခဲ့တဲ့အခါ သူသိမ်ငယ်လာလို့ အဝေးကိုထွက်သွားခဲ့တာပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ Relationship အတွက် အစီအစဉ်တွေချတဲ့အခါ သူကအမြဲတစေ တွန့်ဆုတ်နေတတ်ပါတယ်။ အရာရာမှာ သင်က decision maker ဖြစ်နေရတဲ့အခါ အရာရာမှာ သူ့ထက်သာလွန်နေတဲ့ သင့်ရဲ့ဘေးကနေတိမ်းရှောင်သွားလိုက်တာပါ။

ပရိသတ်ကြီးရေ… “အသွင်မတူ အိမ်သူမဖြစ်” လို့ဆိုတဲ့အတိုင်း သင့်ရဲ့လက်တွဲဖော်ဟာ သင်လျှောက်လှမ်းမယ့် လမ်းတိုင်းမှာ သင်နဲ့ဒိုးတူဘောင်ဖက် ကောင်းကောင်းဆိုးဆိုးဝေမျှပေးနိုင်တဲ့လူဖြစ်ဖို့ အရေးကြီးလှပါတယ်။ ထက်မြက်တဲ့မိန်းမတိုင်းရဲ့နောက်ကွယ်မှာ သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုလက်ခံပေးပြီး ဂုဏ်ယူဝံ့ကြွားပေးတတ်တဲ့ ချစ်သူမျိုး၊ လဲကျတဲ့အခါတိုင်းဒဏ်ရာတွေကို ဂရုစိုက်ပေးတတ်ပြီး အောင်မြင်ချိန်တိုင်းမှာ လက်ခုပ်တီးဂုဏ်ပြုပေးတတ်တဲ့ ချစ်သူမျိုးတွေရှိတတ်ပါတယ်။ သင့်ဖက်ကလည်း သင့်ရဲ့အောင်မြင်မှုတွေကို သင်နဲ့ထပ်တူဝေမျှပေးနေတဲ့ ချစ်သူမျိုးရရှိထားတယ်ဆိုရင် သူ့ကိုချစ်မြတ်နိုးစွာ ကျေးဇူးတင်နေပါ။ အောင်မြင်မှုဆိုတာ ဘယ်လောက်ကြီးကြီး မျှဝေခံစားမယ့်သူမရှိရင် အဖိုးမတန်ပါဘူး။ သင်နဲ့အရာရာမှာ မျှဝေခံစားပေးနေတဲ့ သင့်ချစ်သူကို comment box မှာ mention ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။ ဒီစာစောင်လေးကို နှစ်ခြိုက်ခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။