ညီမလေးတို့သိစေဖို့ ပုရိသတို့အကြောင်း ၉၉ ချက် – အပိုင်း (၂)

၂၁။ ယောက်ျားလေးတွေဟာ ကြူတဲ့နေရာမှာကျွမ်းကျင်ကြပေမယ့် သူတို့အမှန်တကယ် သဘောကျတဲ့ မိန်းကလေးတွေရှေ့မှာဆို စကားတောင်ထစ်ကြပါတယ်။

၂၂။ ယောက်ျားလေးတွေကို အကူအညီတောင်းတဲ့အခါ အမှန်တကယ်မကူညီချင်ဘူးဆိုရင် တွန့်ဆုတ်နေတတ်ကြပါတယ်။

၂၃။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ငြင်းဆိုမှုကို နောက်တစ်ကြိမ်ကြိုးစားရမယ်လို့ပဲ မြင်တတ်ကြပါတယ်။

၂၄။ ယောက်ျားလေးတွေကို ကိုယ်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ကိုသေချာရှင်းပြတတ်ဖို့ လိုပါတယ်။

၂၅။ ယောက်ျားလေးတွေဟာ လိမ္မာတဲ့ယောက်ျားလေးကို မုန်းတတ်ကြပါတယ်။

၂၆။ ယောက်ျားလေးတွေဟာ အမေကိုပိုချစ်တတ်ကြပါတယ်။

၂၇။ ယောက်ျားလေးတွေဟာ သူတို့ချစ်သူကို လက်ဆောင်ဝယ်ပေးဖို့ အစာငတ်ခံတတ်ကြပါတယ်။

၂၈။ ယောက်ျားလေးတွေဟာ သူတို့ကိုတစ်ဖက်သတ်ချစ်တဲ့မိန်းကလေးတွေအကြောင်း စဉ်းစားတတ်ပေမယ့် ပြန်ချစ်ဖို့တော့မဟုတ်ပါဘူး။

၂၉။ ယောက်ျားလေးတွေဟာ သူတို့ခံစားရသမျှတွေကို သိုသိပ်တတ်ကြပါတယ်။

၃ဝ။ ယောက်ျားလေးတစ်ယောက်က သင့်တစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ပြောနေတယ်ဆိုရင် သူအမှန်ကိုပြောနေတာပါ။

၃၁။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် အတင်းတွေကို ပျံ့နှံ့အောင်လုပ်နိုင်ကြပါတယ်။

၃၁။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေရဲ့ အားနည်းချက်ပါ။

၃၂။ ယောက်ျားလေးတွေဟာ လူမှုဆက်ဆံရေးမှာ ပွင့်လင်းကြပါတယ်။

၃၃။ ယောက်ျားလေးတွေကို မချစ်ခင်စမ်းသပ်တာကောင်းပါတယ်။ ဒါပေမယ့် အချိန်မဆွဲပါနဲ့။

၃၄။ ယောက်ျားလေးတွေဟာ သူတို့ ချစ်သူတွေရဲ့ အခင်ဆုံးသူငယ်ချင်းတွေကို သူတို့နှစ်ယောက်အချစ်ရေးအကြောင်းတိုင်ပင်ရင်း ငြိတွယ်သွားတတ်ကြပါတယ်။

၃၅။ ယောက်ျားလေးတွေဟာ သူတို့အဝတ်အစားတွေ နည်းနည်းလေးညစ်ပတ်တာကိုတောင် မကြိုက်တတ်ကြပါဘူး။

၃၆။ ယောက်ျားလေးတွေဟာ သူတို့အမှန်တကယ်ချစ်တဲ့ မိန်းကလေးတွေ ရုပ်သိပ်မချောရင်လည်း မြတ်နိုးတတ်ကြပါတယ်။

၃၇။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို လိုက်နေဆဲကာလမှာတော့ အပြစ်အနာအဆာကင်းကြပါတယ်။

၃၈။ ယောက်ျားလေးတွေဟာ သူတို့ပြဿနာတွေကို မဝေဖန်ဘဲနားထောင်စေချင်ကြပါတယ်။

၃၉။ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကိုချစ်မချစ်ဆိုတာကို သူ့ရဲ့ စနောက်ပုံတွေကနေတစ်ဆင့်သိနိုင်ပါတယ်။

၎ဝ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ ဝတ်ပုံစားပုံထက် အတွေးအခေါ်တွေကြောင့် ချစ်သွားတတ်ကြပါတယ်။

ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။