ညီမလေးတို့သိစေဖို့ ပုရိသတို့အကြောင်း ၉၉ ချက် – အပိုင်း (၁)

blank

၁။ ယောက်ျားလေးတွေဟာ ရုပ်ချောတဲ့မိန်းကလေးတွေထက် သပ်ရပ်ပြေပြစ်တဲ့ မိန်းကလေးတွေကိုပိုသဘောကျတတ်တယ်။

၂။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေ ကလူကျီစယ်လုပ်တာကို မုန်းတတ်ကြပါတယ်။

၃။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ခဏတာသဘောကျပြီး မေ့သွားတတ်ကြပါတယ်။

၎။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ အတွေးတွေကိုနားမလည်နိုင်ကြပါဘူး။

၅။ ယောက်ျားလေးတွေ“ဘာလုပ်နေတာလဲ” တို့ “ဘာစားပြီးပြီလဲ” တို့မေးနေပြီဆိုရင် စကားစရှာနေတာဖြစ်ပါတယ်။

၆။ ယောက်ျားလေးတွေဟာ လန်းတဲ့မိန်းကလေးတွေကို ငမ်းရင်ငမ်းကြပါလိမ့်မယ်။ ညအိပ်ခါနီးမှာတော့ သူတို့တကယ်ချစ်တဲ့ မိန်းကလေးတွေအကြောင်းပဲ စဉ်းစားတတ်ကြပါတယ်။

၇။ ယောက်ျားလေးတွေဟာ သူတို့တကယ်ချစ်တဲ့မိန်းကလေးတွေရဲ့ အကျင့်ဆိုးတွေအားလုံးကို ခွင့်လွှတ်သည်းခံနိုင်ကြပါတယ်။

၈။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့အလှထက် အပြုံးတွေကို ပိုပြီးရူးသွပ်ကြပါတယ်။

၉။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ ဘာမဆိုလုပ်ရဲကြပါတယ်။

၁ဝ။ ယောက်ျားလေးတွေဟာ သူတို့ချစ်သူတွေ ရည်းစားဟောင်းအကြောင်းပြောပြတာကို မုန်းတတ်ကြပါတယ်။

၁၁။ ယောက်ျားလေးတွေဟာ သူတို့ချစ်သူမိန်းကလေးတွေရဲ့ မိဘတွေနဲ့ ခင်ခင်မင်မင်နေချင်ကြပါတယ်။

၁၃။ ယောက်ျားလေးတွေဟာ သူတို့ပြောချင်တာကို ပြောရဲဖို့အတွက် အရက်သောက်ပြီး ရဲဆေးတင်တတ်ကြပါတယ်။

၁၄။ ယောက်ျားလေးတွေလည်း ဝမ်းနည်းလွန်းရင်ငိုတတ်ကြပါတယ်။

၁၅။ ယောက်ျားလေးတွေကို ကြံဖန်ရစ်တဲ့အခါ ဒေါသထွက်တတ်ကြပါတယ်။

၁၆။ ယောက်ျားလေးတွေဟာ သူတို့ကိုငြင်းပယ်တဲ့ မိန်းကလေးတွေရဲ့အချစ်ကို မခံချင်စိတ်နဲ့ရအောင် ကြိုးစားချင်တတ်ကြပါတယ်။

၁၇။ ယောက်ျားလေးတွေဟာ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေနဲ့ စိတ်ကူးမယဉ်တတ်ကြပါဘူး။

၁၈။ နှလုံးသားမှာနေရာပေးတဲ့မိန်းကလေးတွေကိုဆိုရင် ဘယ်တော့မှမငြိုငြင်တတ်ကြပါဘူး။

၁၉။ ယောက်ျားလေးတွေဟာ ဝေ့လည်ကြောင်ပတ်စကားပြောတာကို မနှစ်သက်ကြပါဘူး။

၂ဝ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေကအားကိုးတကြီးလက်တွဲတာကို သဘောကျတတ်ပါတယ်။

ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။