ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမတွေဟာ ထီပေါက်တာထက် ကံကောင်းတဲ့သူတွေဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းဆိုတာ ဘယ်လိုမျိုးလဲ။ အောက်ပါအချက်တွေနဲ့ ပြည့်စုံကိုက်ညီသူ အိမ်ထောင်ရှင်အမျိုးသားတွေက တကယ့်ကို ပြီးပြည့်စုံတဲ့ ယောက်ျားတွေပါ။
၁။ ဇနီးသည် ဘယ်လောက်ဝနေနေ၊ ဘယ်လောက်အလှပျက်နေပါစေ မငြိုငြင်ဘဲ ပိုပိုချစ်လာတတ်သည့်ယောက်ျား။
၂။ အလုပ်က ပြန်လာရင်တောင် အနားမယူဘဲ ဇနီးသည်နဲ့အတူ ကလေးထိန်း၊ အိမ်အလုပ်ကူလုပ်ပေးတဲ့ ယောက်ျား။
၃။ ဇနီးသည်ပြောသမျှ နားထောင်ပြီး ဇနီးသည်အပေါ် အပြစ်တင်စကားမဆိုတတ်တဲ့ ယောက်ျား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးခြင်းဖြစ်သည်။
၎။ ဇနီးဘာလိုအပ်နေလဲဆိုတာ သိမြင်နိုင်စွမ်းရှိပြီး လိုချင်တာမှန်သမျှ အလိုက်တသိဖြည့်ဆည်းပေးတတ်သော ယောက်ျား။
၅။ အိပ်ပျော်နေတဲ့ ဇနီးသည်ကို မနှိုးရက်ဘဲ မနက်စာ ပြင်ဆင်ချက်ပြုတ်ပေးသော ယောက်ျား။
၆။ ဇနီးသည် ရင်ဖွင့်သမျှစကား၊ အတင်းပြောသမျှ အကြောင်းစုံ၊ တိုင်ပင်လာသမျှ ကိစ္စရပ်အားလုံးကို အမြဲနားထောင်ပေးပြီး အကြံပေးပြောကြားတတ်တဲ့ ယောက်ျား။
ဂန္ထဝင်ပရိသတ်ကြီးရေ… သင့်ဆီမှာ ဒီလို ခင်ပွန်းကောင်းတစ်ယောက်ရှိနေပြီဆိုရင် သေချာပါတယ်။ သင်ဟာ ကမ္ဘာပေါ်က ကံအကောင်းဆုံးမိန်းမစာရင်းထဲမှာ နေရာယူလိုက်နိုင်ပါပြီ။ သာယာပျော်ရွှင်သော မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေရှင်။
သင့်ချစ်သူ (သို့) ခင်ပွန်းကို Comment Box မှာ mention ခေါ်ပြီး သူ့အချစ်တွေကို သက်သေပြခိုင်းလိုက်ပါ။