Facebook Newsfeed ပေါ်မှ အသံတိတ်တိုက်ခိုက်နေသော မိတ်ဆွေတုများ

blank

အခုခေတ်ကြီးမှာ ကျွန်မတို့တွေအားလုံးဟာ လူမှုကွန်ယက်တွေကို သုံးစွဲနေကြပါပြီ။ လေ့လာသူတွေကတော့ လူမှုကွန်ယက်တွေကနေတဆင့် ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ရရှိနိုင်ပါတယ်လို့ဆိုကြပါတယ်။ အဆိုးအကောင်းဒွန်တွဲနေတဲ့ လောကကြီးမှာ အချို့ newsfeed တွေက သင့်ကို စိတ်အနှောင့်အယှက်တွေပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့် Facebook ကနေ ဘယ်လို သူငယ်ချင်းတွေကို ဖယ်ရှားသင့်လဲဆိုတာ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ နိုင်ငံရေး အစွန်းရောက်ဝါဒီတွေ။

တချို့သူတွေဟာ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို ဖေ့ဘုတ်ပေါ်မှာ တစ်ချိန်လုံးပဲ status အနေနဲ့ တင်နေတတ်ကြတယ်။ နိုင်ငံရေးအမြင်ရှိတာကကောင်းပေမယ့် အစွန်းရောက်နေတဲ့ အတွေးတွေနဲ့ ဟောင်ဖွာဟောင်ဖွာ လုပ်နေတတ်တဲ့သူတွေဆိုရင်တော့ သင့်ကို စိတ်ကသိကအောက် ဖြစ်စေမှာပါ။ ဒီလိုလူမျိုးတွေကို သူငယ်ချင်းစာရင်းထဲက ဖယ်ထားလိုက်တာက အကောင်းဆုံးပါ။

၂။ ညည်းချင်းတွေကို အမြဲတင်သူတွေ။

လေ့လာမှုတွေအရ စိတ်ဖိစီးမှုတွေဟာ ကူးစက်တတ်ပါတယ်။ ထစ်ခနဲဆို အဆင်မပြေမှုတွေ ညည်းတွားပြီး status အနေနဲ့ တင်နေတတ်တဲ့သူတွေကို သင့်သူငယ်ချင်းစာရင်းကနေ ဖယ်ထားလိုက်နိုင်ပြီဆိုရင် သင်လည်းပျော်ရွှင် ချမ်းမြေ့လာမှာပါ။

၃။ သင့် အဆက်ဟောင်းတွေ။

ရည်းစားဟောင်းတွေ သင့် Facebook သူငယ်ချင်းစာရင်းထဲမှာရှိနေတာက သင့်ရင်ကို လေးလံစေပါတယ်။ အရင်အတိတ်က အမှတ်တရတွေ၊ ဓာတ်ပုံတွေကို သင့် newsfeed ပေါ်မှာ မပေါ်လာအောင် unfriend လုပ်သင့်တယ်ဆိုရင်လုပ်ထားလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အကောင်းဆုံးတွေပဲ တင်ပြတဲ့လူ။

၂ဝ၁၅ ခုနှစ် Facebook စစ်တမ်းအရ လူမှုကွန်ယက်တွေက လူတွေရဲ့ ရှိရင်းစွဲ ဘဝတွေကို မကျေမနပ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုတာ သိရပါတယ်။ သူတို့ဘဝရဲ့ ပြည့်စုံတဲ့အစိတ်အပိုင်းတွေကိုပဲ တင်ပြနေတတ်ပြီး အဲ့ဒါတွေက ကိုယ့်ဘဝကိုကိုယ် စိတ်အလိုမကျဖြစ်စေတယ်ဆိုရင် သူငယ်ချင်းစာရင်းကနေ သူတို့ကို ဖယ်ထားလိုက်ပါ။

၅။ အာရုံစိုက်ခံချင်တဲ့သူ။

“ပြောကိုမပြောချင်တော့ပါဘူး။ ဒီနေ့က ကျွန်မဘဝမှာ အဆိုးဝါးဆုံးနေ့ပါပဲ။” အဲဒီ ပို့စ်ဟာ ဖတ်ရသူတိုင်းကို စိတ်ပျက်သွားစေမယ့် အာရုံစိုက်ခံချင်လို့ တင်လိုက်တဲ့ပို့စ်ပါ။ သင်ဟာ အပိုတွေလုပ်တာမုန်းတယ်ဆိုရင် အဲဒီလူကို ဖယ်ထားလိုက်တာ ကောင်းပါတယ်။

၆။ အကြွားသန်တဲ့သူတွေ။

ကိုယ်စားခဲ့တာတွေ၊ ကိုယ်လုပ်သမျှအရာတွေကို “ကြွားတာမဟုတ်ဘူးနော်” ဆိုတဲ့ စကားကိုပလ္လင်ခံပြီး တွင်တွင်ကြွားတတ်တဲ့ လူမျိုးဆိုရင်တော့ စိတ်ကသိကအောက်ဖြစ်ခံပြီး သူငယ်ချင်းစာရင်းမှာ မထားပါနဲ့တော့။

၇။ သင့်ကို သိမ်ငယ်သွားစေတဲ့သူတွေ။

အကယ်၍ တစ်ဦးဦးက သင့်ကို အမြဲနှိမ့်ချဆက်ဆံနေတယ်၊ သင့်ကို စောင်းမြောင်းပြီး တိုက်ခိုက်နေတယ်ဆိုရင်တော့ သူငယ်ချင်းစာရင်းကနေ ပယ်ဖျက်လိုက်တာ အကောင်းဆုံးပါပဲ။

အထက်ပါနည်းတွေ အားလုံးအဆင်မပြေဘဲ Unfriend လုပ်ဖို့ မျက်နှာပူရမယ့်လူမျိုး၊ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်နေတယ်ဆိုရင်တော့ သင် facebook သုံးတာကို ခဏလောက်ရပ်ထားတာက ကောင်းပါလိမ့်မယ်။ လုပ်စရာတွေ များလှတဲ့ လောကကြီးမှာ လေလှိုင်းပေါ်က ဆက်သွယ်မှုတွေနဲ့ ကိုယ့်ပျော်ရွှင်မှုတွေကို ဆုံးရှုံးခံ မနေပါနဲ့တော့။