နှလုံးသားဆီ ကတိတည်၊ ဘဝနေပျော်မည်။

blank

ဒီနေ့ကစပြီး ကိုယ့်ဘဝနေပျော်စေဖို့ ကိုယ့်ကိုယ်ကို ကတိတွေ ပေးကြပါစို့ စာဖတ်ပရိသတ်ကြီးရေ…

  • ကိုယ့်စိတ်ချမ်းသာမှုတွေကို ဘယ်အရာကမှ အနှောင့်အယှက်မပေးနိုင်အောင် ခံနိုင်ရည်အပြည့်နဲ့နေမယ်။
  • ကိုယ်တွေ့ကြုံရသမျှလူတွေကို အပြုသဘောနဲ့ပဲ ဆက်ဆံမယ်။ ပျော်ရွှင်မှု၊ အောင်မြင်မှုနဲ့ ကျန်းမာရေးအကြောင်းပဲပြောမယ်။
  • ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရည်အသွေးတွေကို ထက်မြက်လာအောင် ကိုယ်တတ်နိုင်သလောက်ဖေးမမယ်။
  • အရာရာကို အကောင်းမြင်မယ်။ မြင်တဲ့အတိုင်း ကောင်းအောင်ပြုပြင်သွားမယ်။
  • အကောင်းဆုံးတွေးမယ်၊ အကောင်းဆုံးလုပ်မယ်၊ ပြီးတော့ အကောင်းဆုံးကိုပဲ မျှော်လင့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • သူတစ်ပါးရဲ့ အောင်မြင်မှုကိုလည်း ကိုယ့်အောင်မြင်မှုလို သဘောထားပြီး စိတ်ရင်းအမှန်နဲ့ ချီးကျူးဂုဏ်ပြုမယ်။
  • အတိတ်က အမှားတွေကို မေ့ပစ်ပြီး အနာဂတ်ရဲ့ ဆုလာဘ်တွေအတွက် ကြိုးစားမယ်။
  • တွေ့သမျှလူတိုင်းကို အပြုံးလေးတွေ ဝေငှမယ်။ ကိုယ်ပျော်ရွှင်သလို လူတိုင်းကိုလည်း ပျော်ရွှင်နိုင်အောင် ပျော်ရွှင်မှုတွေ မျှဝေမယ်။
  • သူတစ်ပါးကို မဝေဖန်ဘဲ ကိုယ်ပိုင်အချိန်တွေကို ကိုယ့်ဘဝတိုးတက်ဖို့အတွက်ပဲ အသုံးချမယ်။
  • စိုးရိမ်မှုတွေ၊ ဒေါသအာဃာတတွေ၊ အကြောက်တရားတွေကင်းပြီး ဒုက္ခတွေ့နေရင်တောင် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသွားမယ်။
  • ပကာသနတွေ၊ ကြွားဝါမှုတွေမပါတဲ့ ဖြူစင်တဲ့ ကုသိုလ်ကောင်းမှုတွေကို အသက်ထက်ဆုံး ပြုလုပ်သွားမယ်။
  • ကမ္ဘာကြီး တစ်ခုလုံး ကိုယ့်ဘက်မှာပဲရှိနေတယ်။ အားငယ်ကြောက်ရွံ့စရာမလိုဘူးဆိုတဲ့ အသိနဲ့ ရှင်သန်နေထိုင်သွားမယ်။

စာဖတ်ပရိသတ်ကြီးရော ဒီအရာတွေအပြင် ဘာတွေ ဖြည့်စွက်ချင်သေးလဲ။ Comment box မှာ ပြောပြပါဦး။

သူငယ်ချင်းတွေအတွက်ရော စာစောင်ကို SHARE လိုက်ပါ။