Valentine ကို တစ်ယောက်တည်း ဖြတ်သန်းရခြင်း၏ အားသာချက်များ

blank
၁။ သူဖန်တီးပေးတဲ့ အမှတ်တရတွေကို ဟန်ဆောင်စိတ်လှုပ်ရှား ပေးစရာမလိုတော့ပါဘူး။

ချစ်သူများနေ့ဆိုတာ နည်းလမ်းမျိုးစုံသုံးပြီး တစ်စုံတစ်ယောက်ကို ဘယ်လောက်ချစ်ကြောင်း ခမ်းခမ်းနားနား ထုတ်ဖော်ပြသရတဲ့ နေ့လေးတစ်နေ့ပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်ကူးယဉ်ဆန်နေပါစေ အဲဒါ တွေဟာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ သင်ဖတ်ဖူး၊ တွေ့ဖူးတာတွေပါပဲ။ 😀

၂။ ပိုက်ဆံကုန် သက်သာသွားပါတယ်။

Valentine နေ့မှာ Single တစ်ယောက်ဖြစ်ရခြင်းရဲ့ အကောင်းဆုံး ရလဒ်ကတော့ ပိုက်ဆံကုန် သက်သာခြင်းပါပဲ ။ ကိုယ့်မုန့်ဖိုးတွေစုပြီး အခြားတစ်ယောက် အတွက် လိုက်ဖြည်ဆည်း ပေးရတဲ့ဒုက္ခ မရှိပါတော့ပါဘူး။ အဲဒီအစား တစ်ယောက်ထဲ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ် ဘယ်လောက်ကောင်းလိုက်လဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကိုယ်မနှစ်သက်တဲ့ လက်ဆောင်တွေအတွက် ဟန်ဆောင် နှစ်သက်ပြရတဲ့ ဒုက္ခလည်း မရှိတော့ပါဘူး။

တစ်ခါတစ်လေ ကိုယ်မနှစ်သက်ပေမဲ့ တစ်ပါးသူက မြတ်မြတ်နိုးနိုးပေးတာမို့ နှစ်သက်ဟန်ဆောင်ရတာတွေကြုံခဲ့ရဖူးမှာပါ။ သင်မနှစ်သက်တဲ့ လက်ဆောင် ဒါမှမဟုတ် သင်သည်းမခံနိုင်တဲ့ အပြုအမူတွေအတွက် အဲဒီနေ့တစ်နေ့လုံး ဟန်ဆောင် စိတ်လှုပ်ရှားပေးရတဲ့ ဒုက္ခမျိုးက လွတ်ကင်းသွားပါတယ်။

သဘောကျ နှစ်သက်ရင် Share ပေးဖို့မမေ့နဲ့နော်။