ကိုယ့်ချစ်သူအတွက် အမှတ်တရ Valentine နေ့လေး ဖန်တီးနိုင်ဖို့…

blank

ချစ်သူများနေ့ဆိုတာ ချစ်သူစုံတွဲတွေအတွက်တော့ တစ်နှစ်မှာ တစ်ခါပဲ ကြုံဆုံခွင့်ရတဲ့ အမှတ်တရနေ့လေးပါ။ အဲဒီနေ့လေးမှာ ကိုယ့်ချစ်သူကို အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းလေးတွေ ပေးလေ့ရှိတာသဘာဝပါ။ ကိုယ့်ချစ်သူကို ထူးထူးခြားခြား အမှတ်တရလေးတွေနဲ့ ဂရုတစိုက် အသိအမှတ် ပြုပေးနိုင်မယ်ဆိုရင်တော့ ကြည်နူးဖို့အကောင်းဆုံး ဖြစ်မှာပါ။

လာမည့် ချစ်သူများနေ့မှာ ချစ်သူနဲ့ကိုယ် နှစ်ဦးကြား အမှတ်တရလေးတွေ ဖန်တီးဖို့ ကောင်းမွန်တဲ့ နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်။

၁။ ရင်ထဲက နက်ရှိုင်းတဲ့ခံစားမှုတွေကို အပြုံးတွေကတစ်ဆင့် ဖော်ပြလိုက်ပါ။

လွတ်လပ်ပြီး ခံစားမှုတွေထင်ဟပ်နေတဲ့ ချစ်သူ့အပြုံးလောက် ဆွဲဆောင်မှုရှိတဲ့အရာ ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ပါဘူး။ဒါကြောင့် ချစ်သူများနေ့မှာ ချစ်သူနဲ့ မျက်လုံးချင်းဆုံပြီး သင့်ရင်ထဲမှာ ရှိတဲ့ခံစားမှုတွေကို အပြုံးတွေကတစ်ဆင့် ပုံဖော်လိုက်ပါ။ ထိုက်တန်တဲ့အပြုံးလေးတွေ ပြန်ရလိုက်ပြီဆိုရင်တော့ အဲဒီအချိန်လောက် အမှတ်တရဖြစ်စရာ ကောင်းတာမျိုး ရှိနိုင်မှာ မဟုတ်တော့ပါဘူး။

၂။ ချစ်သူ စိတ်ကြည်နူးပျော်ရွှင်စေဖို့ သူ့စိတ်ကြိုက် ဝတ်စားဆင်ယင်လိုက်ပါ။

ထူးခြားတဲ့ဒီလိုနေ့လေးမှာ အရင်ကကိုယ်ဝတ်ဆင်နေကျ ပုံစံမဟုတ်တဲ့ ချစ်သူနှစ်သက်တတ်တဲ့ ဝတ်စားဆင်ယင်မှုလေးတွေ ဂရုတစိုက် ဝတ်ဆင်လိုက်ခြင်းကလဲ သူ့ကို ကြည်နူးပျော်ရွှင်စေမှာပါ မလွဲပါပဲ။ (ဥပမာ- သူကြိုက်တတ်တဲ့ အမွှေးရနံ့လေးတွေသုံးစွဲလာတာမျိုး၊ ၊သူနှစ်သက်တတ်တဲ့ ဆံပင်ဒီဇိုင်းလေး ပြင်ဆင်လာတာမျိုးလေးတွေပေါ့။) ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူ့အကြောင်းချီးကျူး စကားလေးတွေကို မထင်မှတ်ဘဲ ပြန်ကြားမိစေခြင်း။

ငယ်ငယ်တုန်းက မိဘတွေ ကိုယ့်အကြောင်း ချီးကျူးနေတာကို ပြန်ကြားရတဲ့အခါ အတိုင်းမသိ ပျော်ရွှင်ခဲ့ရပါတယ်။ ဒီလိုပါပဲ။ ချစ်သူနှစ်ဦးအတွက် အမှတ်တရ အဖြစ်ဆုံးနေ့လေးမှာ သင့်ချစ်သူကြားနိုင်တဲ့ နေရာလောက်ကနေ သူ့အကြောင်း ချီးကျူးစကားလေးတွေ၊ သူ့အပေါ် ချစ်မြတ်နိုးကြောင်းလေးတွေ ပြောဆိုခြင်းက သူ့ကို ဘယ်လောက်တန်ဖိုးထား သိသာစေမှာ ဖြစ်ပါတယ်။

၎။ သင့်ချစ်သူပြောတဲ့ အကြောင်းအရာလေးတွေကို ဂရုတစိုက် နားထောင်ခြင်း။

ချစ်သူသက်တမ်းကြာလာတဲ့အခါ သွေးအေးပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုတွေ လျော့လာတတ်ကြပါတယ်။ကိုယ်ကတော့ ဒီလိုမျိုးမဟုတ်ပါဘူးဆိုတာကို ချစ်သူများနေ့မှာ ကိုယ့်ချစ်သူပြောတဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစား နားထောင်ခြင်းနဲ့ သက်သေပြလိုက်ပါ။ ဒါဟာ သူတို့အပေါ် ဘယ်လောက် ဂရုတစိုက်ရှိနေတယ် ဆိုတာပြသလိုက်တာပါပဲ။

၅။ သမရိုးကျမဆန်တဲ့ ပျော်ရွှင် ကြည်နူးဖွယ်လေးတွေ ဖန်တီးပေးခြင်း။

ချစ်သူများနေ့ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးဖို့ မလိုပါဘူး။ နှစ်ယောက်အတူ အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးတွေမှာ ပျော်ပွဲစားထွက်တာမျိုး၊ သူနဲ့ကိုယ်ကြား အမှတ်တရလေးတွေ Diary လေးရေးပြီး ပေးတာမျိုးလေးတွေပေါ့။ ဒီလိုအမှတ်တရလေးတွေက ဘာနဲ့မှ တန်ဖိုးဖြတ်လို့ရမှာ မဟုတ်ပါဘူး။

ခက်ခက်ခဲခဲ အားမစိုက်ရပေမဲ့ သင့်ချစ်ခြင်းမေတ္တာတွေကို တစ်နှစ်မှာ တစ်ကြိမ်သာ ဖော်ပြခွင့်ရတဲ့ Valentine နေ့လေးမှာ ချစ်သူအတွက် အထက်ပါအကြံညဏ်လေးနဲ့ စိတ်ကူးယဉ်ဆန်ဆန် အမှတ်တရတစ်ခုခု ဖန်တီးနိုင်ဖို့ ဂန္ထဝင်မှတင်ဆက်လိုက်ရပါတယ်။

သဘောကျ နှစ်သက်ရင် Share ပေးဖို့မမေ့နဲ့နော်။