ဘဝမှာ လူတိုင်းနဲ့ အဆင်ပြေအောင်ဆက်ဆံနိုင်ဖို့ မာန်မာနကို ဘယ်လိုချိုးနှိမ်ကြမလဲ။

blank

၁။ သင် မှားနေတယ်ဆိုရင် ဝန်ခံလိုက်ပါ။ အဲ့ဒီအမှားကြောင့် တစ်ခြားသူတွေကို အတိုက်အခံမလုပ်ပါနဲ့။

၂။ ဘယ်စစ်ပွဲကိုမဆို အနိုင်ယူဖို့ မကြိုးစားပါနဲ့။ အနိုင်ရခြင်းက ကိုယ့်အတွက် အကျိုးမရှိဘူးဆိုရင်ကိုယ့်ဘက်ကနေလည်း အရှုံးပေးဖို့လိုအပ်ပါတယ်။

၃။ အရာရာတိုင်းဟာ သင့်နည်းလမ်းအတိုင်း မဖြစ်လာနိုင်ပါဘူး။ နှစ်ဦးနှစ်ယောက် ပြေလည်အောင် မရှင်းမချင်း ပြဿာနာဟာ မပြီးသွားနိုင်ပါဘူး။

၎။ လူတွေ ပြောတဲ့ စကားတွေကို ကောင်းကောင်းနားထောင်ပါ။ မျက်စိဖွင့် နားစွင့်ထားပြီး ပြဿနာတွေကို မြန်မြန်ဖြေရှင်းနိုင်အောင် ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တိုးတက်ဖို့ အမြဲ ကြိုးစားနေပါ။ ဒီထက်ပိုကောင်းအောင် လုပ်ဖို့ ကိုယ့်ဆီမှာ ပြောင်းလဲသင့်တဲ့ အကျင့်တွေ အများကြီးရှိပါတယ်။ ပြောင်းလဲခြင်းဆိုတာက တိုးတက်ခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကိုယ်ဂရုစိုက်တယ်ဆိုရင် ပေါ်ပေါ်တင်တင်ပြောပြလိုက်ပါ။ သင် မပျော်ရွှင်ရတဲ့အကြောင်းအရင်းက သင့်မာနကြောင့် မဖြစ်စေပါနဲ့။

၇။ ကိစ္စတိုင်းကို လိုအပ်တာထက် ပိုပြီး ပုံကြီးမချဲ့ပါနဲ့။ ပြီးတော့ မလိုအပ်တာတွေကို တွေးပြီး ကိုယ့်အချိန်တွေကို မကုန်ဆုံးပါစေနဲ့။

၈။ တစ်ခုခုကို မှန်အောင်လုပ်ဖို့အတွက် တောင်းပန်သင့်ရင်လည်း တောင်းပန်လိုက်ပါ။

၉။ Relationship တွေ တော်တော်များများဟာ ချစ်ခြင်းရဲ့ လွှမ်းခြုံရမယ့်အစား မာနတွေနဲ့ လွှမ်းခြုံထားတတ်ကြတယ်။ အဲ့ဒီတော့ ချစ်ခြင်းတွေဟာ ကြာရှည်စွာ မမြဲနိုင်ကြတော့ဘူး။ အဲ့ဒါကြောင့် သင့်မာနကြောင့် အသဲမကွဲစေပါနဲ့။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း SHARE ပေးလိုက်ပါ။