အမျိုးသမီးများအတွက် အိမ်ထောင်ရေးအကြံပေး – အပိုင်း (၇)

blank

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ တာဝန်ကိစ္စတွေကလည်း များလာတာကြောင့် နှစ်ယောက်တည်းကမ္ဘာအတွက် သီးသန့်အချိန်တွေ ရှားပါးလာတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား နွေးထွေးမှုတွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်ရလေအောင် နှစ်ဦးကြား ရင်ခုန်စရာအခိုက်အတန့်လေးတွေ မကြာခဏဖန်တီးပေးပါ။

ကိုယ့်ကြင်နာယုယမှု၊ ဂရုစိုက်မှုတွေကိုလည်း သူသိအောင်ပြပါ။ သင့်ခံစားချက်တွေကို ထုတ်ဖော်ပြသပါ။ ခံစားချက်တွေ မဖော်ပြခြင်းက သင့်လက်တွဲဖော်ကို ဂရုမစိုက်ဘူးလို့ ထင်ရစေနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးပေါ် ကိုယ်စိတ်မဝင်စားသယောင် ထင်ဟပ်စေနိုင်ပါတယ်။

စာဖတ်ပရိတ်သတ်ကြီးတို့ အိမ်ထောင်ရေး တည်မြဲစေရန် ရည်ရွယ်ရင်း ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။