အမျိုးသမီးများအတွက် အိမ်ထောင်ရေးအကြံပေး – အပိုင်း (၆)

blank

ကိုယ့်ကို အိမ်ထောင်ဖက်က မရိုးမအီသွားအောင် အချိန်ပြည့် တွယ်ကပ်နေခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။

ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ အမြဲအတူရှိနေခြင်းက အားကျစရာကောင်းပေမယ့် တစ်ယောက်တည်းနေတတ်တဲ့အကျင့်ရှိဖို့ကလည်း လိုအပ်ပါတယ်။ စိတ်လိုလက်ရ အပန်းဖြေတဲ့အချိန်၊ ရေချိုးကန်ထဲစိမ်ပြီး မဂ္ဂဇင်းဖတ်နေတဲ့အချိန် စတဲ့အချိန်တွေမှာတော့ ဘယ်သူ့အကြောင်းမှမတွေးတော့ဘဲ ကိုယ့်စိတ်ကို ကိုယ့်ဆီမှာပဲ မြှုပ်နှံထားလိုက်ပါ။

တစ်ခါတစ်လေကျတော့လည်း သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။ အပတ်တိုင်း တစ်ညနေလောက်တော့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ လည်ပတ်စားသောက်လိုက်ပါ။ ဒီလို လည်ပတ်တာဟာ စိတ်ဖိစီးမှုတွေကို သက်သာစေပြီး သင့်အိမ်ထောင်ဖက်အတွက်လည်း သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်ရစေပါတယ်။

အချိန်မရွေး တွယ်ကပ်ပြီးနေတဲ့ အမျိုးသမီးတွေထက် လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်အသိုင်း

စာဖတ်ပရိတ်သတ်ကြီးတို့ အိမ်ထောင်ရေး တည်မြဲစေရန် ရည်ရွယ်ရင်း ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။