အမျိုးသမီးများအတွက် အိမ်ထောင်ရေးအကြံပေး – အပိုင်း (၅)

blank
photo credit: pixabay.com

ညဘက်တွေမှာ အိမ်ထောင်ဖက်နဲ့အတူချိန်းပြီး အတူတူဇာတ်ကားတွေ ထိုင်ကြည့်ပါ။ သင်တို့ ချစ်သူဖြစ်ခါစအချိန်တွေကို ပြန်လည်သတိရစေပြီး ချစ်စကြင်နာစ သမီးရည်းစားတွေလို ရင်ခုန်သံတွေ ပြန်လည်ဆန်းသစ်စေမှာ အသေအချာပါပဲ။

ဘဝရည်မှန်းချက်တွေကိုလည်း ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူတူဆွေးနွေးတိုင်ပင်ပါ။ ဒီလိုလုပ်ခြင်းက နှစ်ဦးလုံးရဲ့ အိမ်ထောင်ရေးဦးတည်ချက်တွေကို ပွင့်လင်းမြင်သာစေပါတယ်။ ဒီတော့ ညှိနှိုင်းဖလှယ်ရတာ ပိုပြီး လွယ်ကူတာပေါ့။

ဒါ့အပြင် မိမိကြင်ယာဖက်နဲ့အတူ အတွေ့အကြုံအသစ်တွေကို ရှာဖွေပါ။ အတူတူ မရောက်ဖူးတဲ့ နေရာဒေသတွေသို့ ခရီးသွားပါ။ အတူတူတိုင်ပင်လုပ်ကိုင်ရတဲ့ အရာတွေကို လုပ်ဆောင်ပါ။ ဒီလိုလုပ်ခြင်းက နှစ်ဦးကြား နားလည်မှုတွေကို ပိုပြီးမြင့်တက်လာစေပါလိမ့်မယ်။

စာဖတ်ပရိတ်သတ်ကြီးတို့ အိမ်ထောင်ရေး တည်မြဲစေရန် ရည်ရွယ်ရင်း ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။