သင့်ကို ရုစိုက်ပေးနေတဲ့ ဇနီးသည်အတွက် ချိုမြိန်တဲ့ ချစ်သူများနေ့ကို ဖန်တီးပေးလိုက်ပါလား။

blank

“လူတိုင်းဟာ အချစ်နဲ့ ပတ်သတ်နေကြပါတယ်။” တဲ့။ ဂျော့ဂ်ျ အီလီယောတ် (George Eliot’s) ပြောခဲ့ သလိုပါပဲ လူတိုင်းဟာ အချစ်နဲ့ သက်ဆိုင်နေကြတာချည်းပါပဲ။ ဒ့ါကြောင့် ချစ်သူများနေ့ဟာ ချစ်သူတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူးနော်။ အိမ်ထောင်ရှင်တွေ အနေနဲ့လည်း သင့်အိမ်ထောင်ဖက်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို ဖန်တီးပေးလို့ ရပါတယ်။ ဒါ့ကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် မိမိ အိမ်ထောင်ဖက်ကို ချစ်သူများနေ့မှာ အံ့သြရင်ခုန်အောင် လုပ်လို့ရမယ့် အကြံဥာဏ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ စာရွက်အပိုင်းလေးတွေမှာ သင့်အိမ်ထောင်ဖက်ဆီက ဘယ်လို အနမ်းမျိုးတွေ လိုချင်လဲဆိုတာကို ချရေးလိုက်ပါ။ တန်ဖိုးသိပ်မကြီးတဲ့ အိတ်တအိတ်ကိုဝယ်ပြီး စာရွက်လေးတွေကို စုပြုံပြီးထည့်ထားပါ။ သင့်အိမ်ထောင်ဖက်ကို စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်ဆွဲထုတ်စေပြီး စာရွက်မှာရေးထားတဲ့ အနမ်းလေးတွေကို တောင်းယူလို့ရပါပြီ။

၂။ သင့်အိမ်ထောင်ဖက်ကို ချစ်ရတဲ့ အကြောင်းရေးထားတဲ့ စာအုပ်လေးတစ်အုပ်ကိုပေးလိုက်ပါ။ သူ့အချစ်တွေကို ရခဲ့တဲ့ အတွက် သူ့ကိုကျေးဇူးတင်ပါကြောင်းကိုလည်း ရေးဖို့ မမေ့ပါနဲ့။ သင့် အိမ်ထောင်ဖက် အတွက်တော့ အဲဒီလက်ဆောင်ဟာ ဈေးကြီးကြီးပေးဝယ်ရတဲ့ လက်ဆောင်တွေထက် တန်ဖိုးထားစရာ ဖြစ်နေမှာတော့ အသေအချာပါပဲ။

၃။ လက်ဆောင်ကို ရော့.. အင့် ဆိုအိမ်ထောင်ဖက်ကို သင်ပေးမယ့်လက်ဆောင်ဆီရောက်ဖို့ စကားဝှက်လေးတွေပေးပြီး သဲလွန်စလေးတွေနဲ့ ရှာခိုင်းလိုက်ပါ။

၎။ သင့်ဇနီးသည် အိမ်ပြန်မလာခင်မှာ ကြိုရောက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ညစာလေးကို ပြင်ဆင်ထားမယ်လိုက်ပါ။ ညစာစားအပြီးမှာတော့ ကိုယ်တိုင် ဖန်တီးထားတဲ့ အနှိပ်ခုံလေးမှာ နှိပ်ပေးရင်း စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်ကားလေး ဖွင့်ထားလိုက်ပါ။ မီးတွေအားလုံး ပိတ်ထားပြီး ဖယောင်းတိုင် လဲ့လဲ့လေးတွေ ထွန်းထားမယ် ဆိုရင်တော့ သင့်ဇနီးသည် ရဲ့ စိတ်တွေဟာ လွင့်မြောသွားသလို ခံစားရပါလိမ့်မယ်။ သင်ချက်ထားတဲ့ ညစာဟာ အရသာ သိပ်မရှိဘူးဆိုရင်တောင် တစ်နှစ်ပတ်လုံး အလုပ်တွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ သင့်ဇနီးအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပါလိမ့်မယ်။

၅။ သင့်ဇနီး မသိအောင် အလုပ်ကနေ ခွင့်ယူထားလိုက်ပါ။ သင်တို့နှစ်ဦးလျှောက်လည်ဖို့ စီစဉ်ထားပါ။သူ့အတွက် လိုအပ်မယ့် ခရီးအသုံးအဆောင်တွေ စားသောက်စရာတွေကို ကိုလည်းပြင်ဆင်ထားတဲ့ သင့်ရဲ့ စီစဉ်မှုတွေကို ရုတ်တရက် သိလိုက်ရတဲ့ အချိန်မှာ သင့်ဇနီး အံ့သြဝမ်းသာသွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ သင့်ဇနီး ကို နှင်းဆီပန်းစည်းကြီးကြီးတစ်စီး ပေးပါ။ နောင်အနာဂတ်ကို ရှေ့ဆက်ဖို့ သူမက ဘယ်လောက် အရေးပါလည်း ဆိုတာကိုလည်း စာရေးပြီး ပန်းစည်းမှာ ရေးထားပါ။

၇။ သင်တို့နှစ်ယောက် ပထမဆုံးချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်ကို ခေါ်သွားပါ။ အစားအသောက်တွေ မှာနေစဉ်မှာ အရင်က သတိရစရာတွေကို ချရေးထားပြီး အပြန်အလှန်လဲဖတ်ပါ။

၈။ နှင်းဆီပန်း ၁၁ ပွင့် ကိုမှာပြီး ပို့ခိုင်းထားပါ။ ၁၂ ပွင့်မြောက်ကိုတော့ အချစ်ကဗျာလေးရွတ် ပြရင်း ကိုယ်တိုင်ပေးလိုက်ပါ။

၉။ သေတ္တာလေးတစ်ခုမှာ ဘောလုံးတွေထည့်ပြီး ပို့ပေးလိုက်ပါ။ ချောကလက်လေးတွေကို သေတ္တာပေါ်မှာ ကပ်ထားလိုက်ပါ။ ချောကလက်လေးတွေခွာ အပြီး လွင့်မြောစွာ ခံစားနေရတဲ့ သင့်ချစ်သူကို တွေ့ရပါလိမ့်မယ်။

၁၀။ သင်တို့ကလေးတွေမပါဘဲ လက်မထပ်ခင်တုန်းက ချစ်သူများနေ့လို သင်တို့နှစ်ဦးတည်း ဆင်နွဲနိုင်ဖို့ စီစဉ်ထားရှိပါ။ ဘာတွေချက်စားကြမလဲလို့ တိုင်ပင်ကြမယ်၊ ပြီးတော့ လိုအပ်မယ့် အရာလေးတွေကို အတူတူဈေးသွားဝယ်ကြမယ်၊ ပြီးတော့ မီးဖိုခန်းထဲမှာ အတူတူချက်ပြုတ်ရင်း ရယ်မောပျော်ရွှင်ကြမယ်၊ ပြီးရင် ဖယောင်းတိုင်ရောင်အောက်မှာ ငြိမ့်ညောင်းတဲ့ ဂီတလေးကို ဖွင့်ထားပြီး ညစာလေးကို အတူတူစားမယ်ဆိုရင် ငယ်နုတဲ့ ချစ်ခြင်းတွေ ပြန်ရောက်လာသလို ခံစားရမှာ သေချာပါတယ်။

၁၂။ မိသားစုတွေ အားလုံး ဧည့်ခန်းကျယ်ကြီးမှာ အစားတွေ အတူစားပြီး၊ စကားတွေပြောရင်း ပျော်ရွှင်စရာ ချစ်သူများနေ့ကို ဖန်တီးလိုက်မယ်ဆိုရင် သင်တို့ နှစ်ဦးသာမက ကလေးတွေ အကြားမှာပါ ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖန်တီးနိုင်ပါလိမ့်မယ်။

၁၃။ ချစ်ခြင်းနဲ့ လွပ်လပ်ခြင်း နှစ်မျိုးလုံး ခံစားရအောင် အိမ်ရှေ့ ပေါ်တီကိုမှာ အချစ်ရုပ်ရှင်လေးကြည့်ပြီး ပေါ့ပါးတဲ့ အချိန်ကို ဖန်တီးလိုက်ပါ။

၁၄။ သင်တို့ဟာ အဝေးမှာပဲနေကြတယ်ဆိုရင် သတိရကြောင်း သဝဏ်လွှာလေးကို အနီရောင်ပစ္စည်းလေးတွေနဲ့ အတူပို့ပေးလိုက်ပါ။

၁၅။ အစားအစာတွေကို အချစ်ကို ဖော်ကျူးပေးတဲ့ အသည်းပုံလို ပုံစံမျိုးတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ပြုလုပ်လိုက်ပါ။

၁၆။ သင့် ခင်ပွန်း ဝတ်မယ့် အဝတ်အစား၊ တစ်နေ့လုံး ပစ္စည်းတွေမှာ အသည်းပုံ ချိုချဉ်လေးတွေ ဝှက်ထားပါ။ပစ္စည်းတစ်ခုယူတိုင်း အသည်းပုံတစ်ခု ထွက်ကျလာမယ်ဆိုတော့ သင့် ခင်ပွန်းသည် တပြုံးပြုံး ဖြစ်နေမှာ အသေအချာပါပဲ။

၁၇။ သင့်ခင်ပွန်းကို ဖုန်းဆက်ပြီး နေ့လည်စာ အတူတူထွက်စားမှာ ဖြစ်ကြောင်း လှမ်းပြောပါ။ စွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ဝတ်သွားလိုက်ပါ။ သူ့ရုံးနဲ့နီးတဲ့ စားသောက်ဆိုင်တစ်ခုခုမှာ နေ့လည်စာ စားရင်း သင့်ကို လက်ထပ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောပြပေးပါ။ ပြီးတော့ သူရုံးသွားခါနီး အနမ်းတွေပေးပါ။ ပြီးတော့ အိမ်ပြန်လာတာကို စောင့်မျှော်နေမှာဖြစ်ကြောင်းပြောပါ။

၁၈။ ပုလင်းတစ်လုံးထဲမှာ အချစ်ကဗျာလေးတွေ၊ အသည်းပုံ ချိုချဉ် လေးတွေ ထည့်ပေးထားပါ။ အချစ်ကဗျာလေးတွေကို လိပ်ထားပြီး ဖဲကြိုးလေးတွေနဲ့ ချည်ထားပါ။ စာရွက်တစ်ရွက်ကို ဖြေတိုင်းရင်ခုန်နေတဲ့ ချစ်သူကို တွေ့ရပြီလေ။

၁၉။ ကိုယ်တိုင်ရေး ကဗျာလေးတစ်ပုဒ်ကို ဘောင်လေးခတ်ပြီး ပေးလိုက်ပါ။

၂ဝ။ သင့်အိမ်ထောင်ဖက်ကို ဘာကြောင့် ချစ်ရလဲ ဆိုတာကို စာရွက်တစ်ရွက်ခြင်းစီနဲ့ရေးပြီး ဓာတ်ပုံ အဲလ်ဘမ်လေးနဲ့ ထည့်ပေးလိုက်ပါ။ သင်တို့ အရင်က ပုံလေးတွေကို အစနဲ့ အဆုံးမှာ ထည့်ပေးလိုက်ပါ။

၂၁။ ချစ်သူများနေ့ သင့်ခင်ပွန်းသည် အိမ်ကိုပြန်လာတဲ့ အချိန်မှာ အံ့သြသွားအောင် လုပ်ပါ။ကြိုဆိုပါတယ်ဆိုတဲ့ စာတမ်းကို ချိတ်ဆွဲထားလိုက်ပါ။

၂၂။ နှင်းဆီပန်းကြီးကြီး တစ်စီးကို ယူပြီး သင့်ဇနီး ရဲ့ အလုပ်ကို လိုက်သွားပြီိး ချစ်ကြောင်းရေးသားထားတဲ့ စာလေးကို ဖတ်ပြလိုက်ပါ။

၂၃။ ချစ်ရခြင်း အကြောင်း ၁၄ ခုကို ရေးသားပြီး သင့် အိမ်ထောင်ဖက်ကို မနက်စာ မစားခင်မှာပေးလိုက်ပါ။ အချစ်မြို့မှ ပေးပို့ပါသည်လို့လဲ ရေးထားမယ်ဆိုရင် သင့် အိမ်ထောင်ဖက်ကျေနပ် ဝမ်းသာသွားပါလိမ့်မယ်။

ချစ်သူများနေ့မှာ အားလုံးပျော်ရွှင်ကြပါစေ။ ဒါပေမယ့် အချစ်ဆိုတာက ချစ်သူများနေ့ တစ်ရက်တည်း အတွက် ဖော်ပြဖို့ မဟုတ်ဘူးနော်။ သင့်ချစ်ရသူတွေကို နေ့စဉ်နေ့တိုင်း ချစ်ပြဖို့ မမေ့ပါနဲ့နော်။