အမျိုးသမီးများအတွက် အိမ်ထောင်ရေးအကြံပေး – အပိုင်း (၄)

blank

သင့်မှာ စိတ်ခံစားချက်တစ်ခုခု ရှိနေပြီဆိုရင် သင့်အိမ်ထောက်ဖက်ကို ဖွင့်ပြောပြပြီး မျှဝေခံစားလိုက်ပါ။ သင့်ကို ထိခိုက်နစ်နာစေမယ့်အရာတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြပြီး သူ့ရဲ့ ဂရုတစိုက်ကာကွယ်ပေးမှုကို အလိုရှိကြောင်း ပြောလိုက်ပါ။ သင်တို့ချစ်ခြင်းက ပိုခိုင်မာလာပြီး အိမ်ထောင်ရေးက ပိုပြီး ရင်ခုန်ကြည်နူးဖွယ်ကောင်းလာပါလိမ့်မယ်။

မိမိ အိမ်ထောင်ဖက်အပေါ် မကျေနပ်ချက်တွေရှိတယ်ဆိုရင်လည်း ဘယ်လောက်ပဲ ကြီးမားနေပါစေ မျိုသိပ်မထားဘဲ အရှိကိုအရှိအတိုင်း ထုတ်ဖော်ပြောကြားလိုက်ပါ။ ပြီးရင်တော့ အဆင်ပြေအောင် ညှိနှိုင်းတိုင်ပင်ကြပါ။ အဲဒီလိုလုပ်ခြင်းက အိမ်ထောင်ရေးကို ပိုမိုခိုင်မာလာစေပါလိမ့်မယ်။

စာဖတ်ပရိတ်သတ်ကြီးတို့ အိမ်ထောင်ရေး တည်မြဲစေရန် ရည်ရွယ်ရင်း ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။