အမှောင်ညတွေကို ထိန်ထိန်လင်းစေခဲ့သူအကြောင်း တစေ့တစောင်း

blank

တစ်နေ့ သောမတ်စ် အယ်ဒီဆင် (Thomas Edison) ဟာ ကျောင်းက အပြန် မိခင်ဖြစ်သူကိုဆီ စာစောင်တစ်စောင်ကိုင်ပြီး ချဉ်းကပ်လာတယ်။ “အတန်းပိုင်းဆရာမက ပေးလိုက်တာမေမေ၊ ဒီစာကို မေမေကလွဲပြီး ဘယ်သူ့ကိုမှ မပေးဖို့မှာလိုက်သေးတယ်။” ဆိုပြီး မိခင်ဖြစ်သူကို ကမ်းပေးလိုက်တယ်။

ဒါနဲ့ မိခင်ဖြစ်သူက သောမတ်စ် ရှေ့မှာပဲ စာကို ဖောက်ဖတ်ပြတယ်။

“မင်္ဂလာပါ။

အစ်မသားဟာ အများနဲ့ မတူတဲ့ ပါရမီ ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ ရှိတဲ့ ဆရာတွေက အစ်မသားရဲ့ ဥာဏ်ရည်နဲ့ ပါရမီကို မီအောင် မသင်နိုင်သေးတာကြောင့် အစ်မ ကိုယ်တိုင်ပဲ သင်ပေးဖို့ တိုက်တွန်းပေးလိုက်ပါရစေ။” ဆိုပြီး ရေးသားထားပါတယ်။

သောမတ်စ်ရဲ့ မိခင်ဟာ စာဖတ်နေတဲ့အချိန်မှာ မျက်ဝန်းထဲမှာ မျက်ရည်တွေ အပြည့်ဖြစ်နေတာကို သောမတ်စ်လေးက သတိထားမိလိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခုဆိုရင်တော့ သောမတ်စ်ဟာ မိခင်တစ်ဦးတည်းရဲ့ သင်ကြားလမ်းညွှန်မှုအောက်ကနေ ရာစုနှစ်တစ်ခုလုံး ပြောမဆုံးနိုင်တော့မယ့် တီထွင်မှုတစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါပြီ။ သူ့အမေလည်း ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိခင်ဆုံးပါးသွားပြီးတဲ့ အချိန်မိခင်ကို သတိရတာနဲ့ အမှတ်တရပစ္စည်းလေးတွေ ရှာဖွေရင်း စာတစ်စောင်ကို တွေ့လိုက်ရတယ်။ စာက တစ်ခါတုန်းက သူ့အတန်းပိုင်က သူ့မိခင်ကိုပေးခိုင်းတဲ့ စာလေးပဲ ဖြစ်ပါတယ်။

အဲဒီစာလေး ပြန်ဖတ်ရင်း သူ့မျက်လုံးတွေက ရုတ်တရက် မျက်ရည်တွေနဲ့ ပြည့်နှက်သွားတော့တယ်။ အကြောင်းကတော့ သူ့မေမေ ဖတ်ပြမသွားတဲ့

“အစ်မသားမှာ စိတ်ရောဂါတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် သူ့ကို ကျွန်မတို့ကျောင်းက လက်မခံနိုင်တဲ့အတွက် နောက်နေ့တွေ ကျောင်းပို့ဖို့ မလိုတော့ဘူး” စာကြောင်းလေးကို ဖတ်လိုက်ရလို့ပါ။

ကဲ… ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်တဲ့ မိခင်လဲနော်။ ကျောင်းက ငြင်းပယ်ခံထားရတဲ့ သားတစ်ယောက်ကို ရာစုနှစ်တစ်ခုလုံး အမှတ်တရဖြစ်စေမယ့် လူတစ်ယောက်ဖြစ်လာတဲ့အထိ ပုံဖော်နိုင်ခဲ့တာ။ လောကကြီးမှာ ကိုယ့်ကို ဘယ်သူကမှ မယုံကြည်ချင်နေပါ့စေ ကိုယ့်မိဘတွေကတော့ အမြဲ ကိုယ့်ကို ယုံကြည်အားပေးနေတဲ့သူတွေပါ။ ဒီလို ကိုယ့်ကို အချိန်မရွေး အားပေးထောက်ခံနေတဲ့ မိဘတွေ ရှိနေမှတော့ ဘယ်သူကပဲ ကိုယ့်ကို “မဖြစ်နိုင်ဘူး” ၊ “မလုပ်နိုင်ဘူး” ပြောပြော လက်လျှော့အရှုံးမပေးမိဖို့ အရေးကြီးပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။