မိဘတွေဆီက ကလေးတွေ တန်ဖိုးထားဆုံးအရာ

blank

ဆရာမတစ်ယောက်က ကလေးမလေးတစ်ယောက်ကို သမီးအဖေ ဘာလုပ်လဲ လို့မေးလိုက်တယ်။

ကလေးမလေးပြန်ဖြေတာက-

“အဖေက ချောကလက်စက်ရုံမှာ အလုပ်လုပ်ပါတယ် ဆရာမ။ ပြီးတော့ သမီးအတွက် ချောကလက်တွေ ယူလာပေးပါတယ် ရှင့်။”

“ညနေခင်းဆိုရင် အဖေက ရေခဲမုန့်ဆိုင်မှာ အလုပ်လုပ်တော့ သမီးကြိုက်တဲ့ ရေခဲမုန့်စားရပါတယ်ရှင့်။”

“အဖေက အရုပ်ဆိုင်မှာလည်း အလုပ်လုပ်ပါသေးတယ် ရှင့်။ အဲ့ဒါကြောင့် တစ်ခါတစ်လေဆို သမီးဖို့ အမွှေးပွ ဝက်ဝံရုပ်ကြီး ယူလာပေးပါတယ်ရှင့်။ “ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“သမီးအိမ်စာတွေပါလာရင် ဆရာမလိုလည်း စာသင်ပေးပါတယ်ရှင့်။”

“အဖေက အရမ်းဗလကြီးပြီး အလုပ်အရမ်းလုပ်ပါတယ် ဆရာမ။ အဖေက မြင်းကြီးလိုလုပ်ပြီး သမီးကို စီးခိုင်းပါတယ်ရှင့်။ ပြီးတော့ အဖေ့ ကျောပေါ်မှာနေပြီး အိမ်ကို ပတ်ရတာ အရမ်းပျော်စရာကောင်းပါတယ်ရှင့်။”

“အဖေက သမီးကို အမြဲတမ်းရယ်ရအောင် လုပ်ပေးလို့ သမီးအကြိုက်ဆုံး လူရွှင်တော်လည်း ဖြစ်ပါတယ်ရှင့်။ ညဆိုရင်လည်း ပုံပြင်တွေပြောပြပါတယ်ရှင့်။”

“အဖေက တစ်နေကုန် အလုပ်တွေ လုပ်နေရပေမယ့် ပင်ပန်းတယ်လို့ မရှိပါဘူးရှင့်။ ”

“ပြီးတော့ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အမြဲတမ်း သမီးနဲ့အတူ ကစားပေးပါတယ်ရှင့်။”

အထက်ပါ အဖြစ်အပျက်လေးကနေရလိုက်တဲ့ သင်ခန်းစာကတော့ မိဘတွေသိထားသင့်တာက ကလေးတွေ တန်ဖိုးထားပြီး လိုချင်ကြတဲ့ အရာတွေကို ငွေနဲ့ ဝယ်ပေးလို့ မရဘူးဆိုတာပါပဲ။ သူတို့တစ်ကယ် တန်ဖိုးထားတာက မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်ကြင်နာမှုတွေပဲ ဖြစ်ပါတယ်။

အဲ့ဒီတော့ အချိန်အနည်းငယ်ဖဲ့ပြီး သူတို့တန်ဖိုးထားတာလေးတွေကို ပေးရင်း ချစ်ခြင်းမေတ္တာလေးတွေ ပေးလိုက်ကြပါစို့။