ကိုယ့်ချစ်သူကို ဇွတ်ချဉ်းကပ်နေတဲ့ မိန်းကလေးတွေနဲ့ကြုံလာခဲ့ရင် ဘယ်လို ရင်ဆိုင်မလဲ။

blank

တစ်ချို့မိန်းကလေးတွေက ကိုယ်ရှိနေပါလျှက်နဲ့ ကိုယ့်ချစ်သူကို အတင်းလိုက်ကြိုက်တာမျိုး စာဖတ်ပရိသတ်ကြီးတို့ အနည်းနှင့်အများ ကြုံဖူးတတ်ကြပါတယ်။ တစ်ချို့က ကိုယ်ရှိမှန်းမသိလို့၊ တစ်ချို့ကျတော့လည်း ရှိမှန်းသိသိလျှက်နဲ့ ဇွတ်တိုးကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အမှန်ဆို မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာသင့်တယ်မလား။ ဒီလိုအခြေအနေမျိုးကြုံလာရင် မိန်းကလေးတိုင်း ဒေါသထွက်ကြမှာ မလွဲပါပဲ။ သို့ပေမယ့်လည်း ဒီလိုဒေါသထွက်တာဟာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ခုတော့မဟုတ်ပါဘူး။ ဒီတော့ ဒီလိုအခြေအနေမျိုးကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ရေးသားတင်ဆက်ပေးလိုက်ပါတယ်။

၁။ ပထမဆုံး အဲဒီမိန်းကလေးက ကိုယ့်အတွက် တကယ်စိတ်အနှောင့်အယှက်ဖြစ်ဖို့ တန်ရဲ့လားဆိုတာ အရင်စဉ်းစားပါ။ ဒါ့အပြင် အခြားသူကဘယ်လောက်ပဲ ချဉ်းကပ်နေပါစေ ကိုယ့်ချစ်သူက ယုံကြည်ရတဲ့ သူတစ်ယောက်ဆိုရင်လည်း အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။ တစ်ဖက်လူရဲ့ ချဉ်းကပ်မှုတွေ အားလုံး အချည်းနှီး ဖြစ်သွားမှာပါ။

၂။ နောက်တစ်ချက်ကတော့ ကိုယ့်ချစ်သူကို အရင်ဆုံး အကဲခတ်ဖို့ပါပဲ။ သူက တစ်ဖက်က မိန်းကလေးကို လုံးဝ ဥပေက္ခာပြုထားလား၊ ဒါမှမဟုတ် မျက်နှာသာပေးနေလားဆိုတာ သေချာအောင် လေ့လာပါ။ တစ်ခုခု အဖြေထွက်မှ ဘယ်လို ဆက်လက်ပြီး ကိုင်တွယ်သင့်လဲဆိုတာ ချင့်ချိန်ပါ။ အဓိကကတော့ ကိုယ့်လူကို စိတ်မယိုင်သွားအောင် ပါးပါးနပ်နပ်နဲ့ ပြန်စည်းရုံးဖို့ပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စိတ်ဆိုးဒေါသထွက်နေရုံနဲ့တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်က မှန်နေတဲ့ သူမို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်ဖို့ စဉ်းစားထားရင်တောင် သူနဲ့ ဖက်ပြီးရန်ဖြစ်တာမျိုးမလုပ်ဘဲ သူမကို နောက်ဆုတ်လိုက်ဖို့ပဲ အေးအေးဆေးဆေး ဆွေးနွေးပါ။ ဒါမှ မဟုတ်ရင်လည်း ကိုယ့်ချစ်သူကိုနဲ့ တိုင်ပင်ပြီး လိမ္မာပါးနပ်စွာ တုန့်ပြန်လိုက်ပါ။

၎။ တစ်ချို့မိန်းကလေးတွေကျတော့လည်း တမင်ရည်ရွယ်ပြီးတော့ သူများချစ်သူကို လိုက်ချဉ်းကပ်တာမျိုး တွေရှိတတ်ပါတယ်။ အဓိကက သူတို့ချဉ်းကပ်လို့ အဆင်ပြေတယ်၊ ချစ်သူရှိတဲ့သူကတောင် သူတို့ကို စိတ်ဝင်စားတယ်ဆိုတာမျိုး လိုချင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ စိတ်ရှုပ်ထွေးဖို့ မတန်ပါဘူး။

၅။ အကယ်၍ အခြားနည်းတွေနဲ့ ဖြေရှင်းလို့မရနိုင်ဘူးဆိုရင်တော့ တစ်ဖက်မိန်းကလေး ကို အချိုသပ်တဲ့နည်းနဲ့ ဝင်ရောဖို့ လိုအပ်ပါတယ်။ ပြီးသွားရင်တော့ သူချဉ်းကပ်နေတဲ့သူက ပိုင်ရှင်ရှိပြီးသား၊ လက်ရှိလည်း ချစ်သူနဲ့ သာယာတဲ့ ဆက်ဆံရေးလေး ပိုင်ဆိုင်ထားတာမို့ ရှေ့မဆက်သင့်ကြောင်း လိမ္မာပါးနပ်စွာနဲ့ နားဝင်အောင် သတိပေးနေဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်မဟုတ်ရင်တောင် သူငယ်ချင်းတွေကို အကူအညီတောင်းလို့ရပါတယ်။

၆။ ချစ်သူရဲ့ တစ်ဖက်မိန်းကလေးအပေါ် တုန့်ပြန်မှုကို အားမရတဲ့အခါ အစမှာ သင့်ချစ်သူကို အထင်လွဲကောင်း လွဲနေနိုင်ပါတယ်။ သို့ပေမယ့်လည်း အခြေအနေကို အမှန်အတိုင်း မြင်နိုင်အောင်ကြိုးစားပြီး မျှတအောင် စဉ်းစားဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်တာကတော့ သူဘယ်လို အယဉ်ကျေးဆုံး တုန့်ပြန်ရမလဲ မသိတာမျိုး၊ တစ်ဖက်မိန်းကလေးကို အားနာနေတာမျိုး ဖြစ်နိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒီလို အခြေအနေမျိုးကြုံတွေ့လာတဲ့ အခါ စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိဖို့ ပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။