ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်မချစ်နိုင်တဲ့သူနဲ့ လက်တွဲနေမိရင်

blank

အကယ်လို့ သင့်အပေါ်မကောင်းတဲ့ သူတစ်ယောက်နဲ့ ကြုံတွေ့နေရပြီဆိုရင် ဘာမှစဉ်းစားမနေပါနဲ့တော့။ စွန့်လွှတ်သင့်ရင် စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါ။ သူသင့်အပေါ် ဘယ်လောက်ရက်စက်ထားလဲ။ သင့်ကို ထွက်ပေါက် မရှိတော့လောက်အောင် ဘယ်လောက်ထိ လှောင်ပိတ်ထားခဲ့လဲ။

သင့်ကိုပေးခဲ့တဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်အများကြီး ပျောက်ပျက်ခဲ့ပြီလဲ။ ပေးခဲ့တဲ့ ကတိတွေကိုလည်း ဖောက်ဖျက်ခဲ့တာ ဘယ်လောက်များခဲ့ပြီလဲ။

သင့်မျက်ရည်တွေကို ဂရုမစိုက်ဘဲ သူ့အတ္တကို အဓိကထားပြီး နာကျင်စေခဲ့တဲ့ အချိန်တွေ ဘယ်လောက်များနေပြီလဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကိုယ့်အပေါ်မကောင်းတဲ့ သူတစ်ယောက်ကို မရှိမဲ့ရှိမဲ့ ကောင်းကွက်လေးတွေ ကြည့်ပြီး မခွဲနိုင်မခွာရက် ဖြစ်နေမယ်ဆိုရင်တော့ အချိန်ကြာလာလေ နာကျင်ရလေပဲ ဖြစ်ရမှာပါ။

အခု အချိန်ဟာ သူနဲ့ရှိခဲ့တဲ့ အမှတ်တရတွေအားလုံးကို မေ့ထားခဲ့ပြီး ကိုယ့်ဘဝ ရှေ့ရေးအတွက် ဆက်လျှောက်လှမ်းဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ ဒီလို ပြတ်သားလိုက်တဲ့ အချိန်ကစလို့ သင်နဲ့ထိုက်တန်တဲ့ ကောင်းခြင်းတွေအားလုံး သင့်ဆီ ရောက်ရှိလာမှာ ကျိန်းသေပါပဲ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေ အတွက်လည်း SHARE လိုက်ပါ။