relationship တည်မြဲဖို့ အရမ်း အားစိုက်နေရတယ်ဆိုတာ သိစေနိုင်မယ့် လက္ခဏာ ၁ဝ ချက်

blank

ချစ်သူနှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေး ဆိုတာက တည်မြဲဖို့ လွယ်တဲ့အရာ တစ်ခု မဟုတ်ပါဘူး။ တစ်ချို့တွေက အဲ့ဒါကို တည်မြဲအောင် ထိန်းနိုင်ကြပြီး တစ်ချို့အတွက်တော့ ကိုယ်ဘယ်လောက်ပဲ ကြိုးစားနေပါ့စေ နှစ်ယောက်ကြား အဆင်မပြေမှုတွေက များလာတတ်ပါတယ်။ ဒီဆောင်းပါးလေး ကတော့ ချစ်သူနှစ်ယောက်ကြားမှာ ကိုယ်ကပဲ ချစ်ခြင်းတွေပေးပြီး တစ်ဖက်လူဘက်က တုန့်ပြန်မှု မရှိသလို ခံစားရတဲ့ သူတွေ အတွက်ပါ။ အောက်မှာပေးထားတဲ့ အချက်လေးတွေထဲက ၃ချက်ထက်ပိုပြီး တူနေတယ်ဆိုရင် သင်ချစ်သူ့နဲ့ အဲ့ဒီအကြောင်း နည်းနည်းတိုင်ပင်ဆွေးနွေးသင့်ပါပြီ။

၁။ သင်တို့က ဘာမှမဟုတ်တဲ့ အသေးအဖွဲ အရာတွေမှာလည်း အငြင်းပွားလာကြတယ်။

၂။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါဆိုရင်လည်း တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ကြတော့ဘူး။

၃။ ကိုယ့်ချစ်သူကို အချိန်ပေးရတာထက် အခြားသူတွေနဲ့ ပိုပြီး အချိန်ပေးလာတယ်။ တစ်ခါတစ်လေဆိုရင် သင့်ချစ်သူနဲ့အတူနေရတာထက် သေးငယ်တဲ့ ကိစ္စလေးတွေက ကိုယ့်အတွက် ပိုပြီး အရေးပါတယ်လို့ ထင်လာပါလိမ့်မယ်။

၎။ နှစ်ယောက်အတူ ဖန်တီးမယ့် အနာဂတ်ရဲ့ သာယာပျော်ရွှင်မှုတွေကိုလည်း မျှော်မှန်းတော့မှာ မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၅။ တစ်ခြား လူတွေကို ပိုမို စိတ်ဝင်စားလာပြီး တစ်ခြားနေရာမှာပဲ ပျော်ရွှင်မှုတွေကို ရှာဖွေတတ်လာတော့တယ်။

၆။ သူ့အပေါ် ဘာမှ မဟုတ်တဲ့ ကိစ္စတွေမှာတောင် အပြစ်တွေ မြင်တတ်လာတယ်။

၇။ စကားစပြောတာနဲ့ ရန်ဖြစ်နေတာမို့ တဖြည်းဖြည်းနဲ့ သင်က သင့်ခံစားချက်တွေကိုလည်း မဖော်ပြတော့ဘူး။

၈။ သင်က ချွဲနွဲ့စကားပြောဖို့တောင်မှ အရမ်း စဉ်းစားလာတော့တယ်။ ဘာလို့လဲ ဆိုတော့ သင်ပြောသမျှ စကားတိုင်းကို သူက တန်ဖိုးမှ မထားတော့တာ။

၉။ သင်က သူ့ချစ်သူ ဖြစ်ရတာ ဂုဏ်ယူမိမှာလည်း မဟုတ်တော့ပါဘူး။

၁ဝ။ လမ်းခွဲဖို့ အကြောင်း ပြောရတော့မယ်ဆိုလည်း သင်က ဘယ်လိုမှ ခံစားရတော့မှာ မဟုတ်ပါဘူး။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး သင့်ချစ်သူနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ ပြီးတော့ တစ်ခုခု comment box ထဲ ရေးလိုက်ပါ။ ပြီးတော့ သင့်တို့ဘဝ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှပ်နေပါစေလို့ ဂန္တဝင်မဂ္ဂဇင်းမှ ဆုတောင်းပေးလိုက်ပါတယ်။

သင်ခန်းစာလေးရလိုက်တယ်ဆိုရင် share ဖို့ မမေ့ပါနဲ့။