လူတိုင်းကို မိမိလို မထင်မိစေဖို့

blank

တစ်နေ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ကစားနေကြတယ်။ ကောင်လေးဆီမှာ ရောင်စုံ ဂေါ်လီလုံး လှလှလေးတွေ ရှိတယ်။ ကောင်မလေးဆီမှာတော့ ချိုချဉ်လေးတွေ ရှိနေတယ်။ ဒါနဲ့ ကောင်လေးက ကောင်မလေးကို “ငါနင့်ကို ဒီ ဂေါ်လီလုံးလေးတွေ အားလုံးပေးမယ်။ နင်ကငါ့ကို နင့်ချိုချဉ်တွေ ပေး ” ဆိုပြီး အလဲအလှယ် လုပ်ဖို့ ကမ်းလှမ်းလိုက်တယ်။

ကောင်မလေးလည်း ရောင်စုံဂေါ်လီလုံးလေးတွေ လိုချင်တာနဲ့ အလဲအလှယ်လုပ်ဖို့ သဘောတူလိုက်တယ်။ ကောင်လေးက သူ့ဂေါ်လီလုံးတွေထဲက အကြီးဆုံး၊ အလှဆုံး အလုံးလေးတွေကို ဝှက်ထားပြီး ကျန်တာတွေကို ကောင်မလေးကို ပေးလိုက်တယ်။ ကောင်မလေးကတော့ ကတိအတိုင်း သူမရဲ့ ချိုချဉ်လေးတွေကို အားလုံးပေးလိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲဒီနေ့ည မှာတော့ ကောင်မလေးက ကစားပြီး မောမောနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။ ကောင်လေးကတော့ သူ့လိုပဲ ကောင်မလေးက သူ့ကို ချိုချဉ်တွေ ဝှက်ထားမလားဆိုတဲ့ သံသယ စိတ်ကြောင့် အိပ်မပျော်နိုင် ဖြစ်နေပါတော့တယ်။

ဒီပုံပြင်လေးက ရလိုက်တဲ့ သင်ခန်းစာလေးကတော့ ဘယ် ဆက်ဆံရေးမျိုးမှာ မဆို ကိုယ်က အရိုးသားဆုံး မဆက်ဆံခဲ့ရင် တစ်ဖက်လူ အပေါ်မှာလည်း သံသယတွေနဲ့ ကြီးစိုးနေပြီး ကျေနပ်ဖွယ် relationship မျိုး ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး။ ကိုယ်မရိုးသားခဲ့မိတဲ့ အမှားကြောင့် တစ်ဖက်လူအပေါ် သံသယကြီးနေတာက အမှန်တော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းတစ်မျိုးပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။