အဖေကြီးထံသို့ သမီးလေးမှ စာတစ်စောင်

blank

အဖေဖြစ်သူဟာ သူ့သမီး အခန်းဘေးက ဖြတ်အသွား မြင်လိုက်ရတဲ့ မြင်ကွင်းက အံ့အားသင့်စရာ ဖြစ်နေတယ်။ အိပ်ယာကလည်း သပ်သပ်ရပ်ရပ် သိမ်းထားတယ်။ တစ်ခန်းလုံးလည်း သန့်ရှင်း သပ်ရပ် လို့ပေါ့။ သမီးက ခါတိုင်း ဖြစ်သလို နေတတ်သူလေးဆိုတော့ သူ့အခန်း ဒီလို သပ်ရပ်နေတာက အထူးအဆန်းလေးတစ်ခုပဲပေါ့။ နောက်ပြီး တွေ့လိုက်ရတာက ခေါင်းအုံးဘေးက စာအိတ်လေး တစ်အိတ်ပါပဲ။ စာအိတ်ပေါ်က လိပ်စာနေရာမှာ ရေးထားတာက “အဖေ” တဲ့။ စာအိတ်မြင်ကတည်းက သူ့စိတ်တွေ လေးနေပေမယ့် တုန်ရင်နေတဲ့ လက်တွေနဲ့ စာအိတ်ကို ဖောက်ပြီး ဖတ်လိုက်ပါတော့တယ်။

“ဖေဖေ…

သမီး စိတ်မကောင်းစွာနဲ့ပဲ စာရေးခဲ့ပါတယ်၊ သမီးအိမ်က ထွက်သွားပါပြီ။ သမီးရဲ့ ချစ်သူနဲ့ ခိုးရာလိုက်သွားတာပါ၊ ဘာလို့လဲ ဆိုတော့ ဖေဖေနဲ့ မေမေတို့ကို သမီး ရင်မဆိုင်ရဲတော့လို့ပါ။ သမီး သူ့ကို အရမ်းကို ချစ်မိနေသလို သူကလည်း သမီးအပေါ်မှာ အရမ်းကို ကောင်းပါတယ်။ သူ့ရဲ့ လမ်းသရဲ စတိုင် ဝတ်စား ဆင်ယင်မှုတွေ၊ နားကပ်တွေ၊ တက်တူးတွေကို မြင်ရင်တောင်မှ ဖေဖေ သူ့ကို သဘောကျ လောက်မှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါတွေတင် မဟုတ်သေးဘူး ဖေဖေရဲ့၊ အခုသမီးမှာ သူနဲ့ ရတဲ့ ရင်သွေးလေးလွယ် ထားရပြီ။ သူကတော့ သမီးတို့ သားသမီးတွေနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ် လို့လဲ ပြောပါတယ်။ သမီးထက် အသက်လည်း နည်းနည်း ကြီးပြီး (အခုခေတ်ကြီးမှာ အသက် ၄၂ နှစ်ဆိုတာ ဘဝအစပဲ ရှိသေးတာလေ ဟုတ်တယ်မလား ဖေဖေ) ငွေကြေးလည်းကလည်း မပြည့်စုံပေမယ့် တစ်ကယ်တော့ အဲ့ဒါတွေက relationship တစ်ခုအတွက် ဘာမှ အရေးမပါဘူးလေ။ ဟုတ်တယ်မလား… ဖေဖေ။”

သူ့မှာ CD စက် ကောင်းကောင်းတစ်လုံးတော့ ရှိပါတယ်။ ပြီးတော့ ထွေလာဂျီ တစ်စီးလည်း ပိုင်တဲ့အပြင် ဆောင်းတွင်း တစ်တွင်းလုံး ပူစရာမလိုအောင်ကို ထင်း အလုံအလောက်လည်း ရှိပါတယ် ဖေဖေ။ သူ့မှာ တစ်ခြား အငယ်အနှောင်းလည်း ရှိပေမယ့် သူက သမီး တစ်ယောက်တည်းကိုပဲ တစ်ဘဝလုံး လက်တွဲသွားမယ် ဆိုတာတော့ သမီး သိပါတယ် ဖေဖေ။ ပြီးတော့ သူက သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်တယ်တဲ့လေ။ အခုတော့ သမီးမှာလည်း အဲ့ဒီ အိပ်မက်ရှိနေပါပြီ။

သူပြောတာကတော့ ဆေးခြောက်ဆိုတာ ဘယ်သူ့ကိုမှ အရမ်းမထိခိုက်စေဘူးတဲ့ သမီးတို့ ဘိန်းစိုက်မယ်တဲ့၊ ဘိန်းဖြူ အရောင်းအဝယ် လုပ်မယ်တဲ့ ဖေဖေ။ ပြီးတော့ AIDS ပျောက်တဲ့ဆေး မြန်မြန် ပေါ်ပါစေလို့လည်း ဆုတောင်းရမှာပေါ့ ဖေဖေရယ်။ ဒါမှ သူအသက်ရှည်မှာလေ။

ဖေဖေ ဘာမှ စိတ်မပူပါနဲ့နော်။ သမီးလည်း အသက်( ၁၅) နှစ်ရှိနေပြီ ဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်နေပါပြီ။ တစ်နေ့နေ့တော့ ဖေဖေ့မြေးတစ်သိုက်နဲ့ သမီးတို့ ဖေဖေဆီ ပြန်လာခဲ့မှာပါ ဖေဖေရယ်။ ”

ဖေဖေ့ရဲ့ ချစ်သမီး

ရိုစီ(Rosie)

စာရွက်ရဲ့ အောက်ခြေမှာ ရေးထားတာက “တစ်ဖက်သို့” တဲ့။ အဖေဖြစ်သူက လက်ကတုန်ကယင်နဲ့ပဲ စာရွက်ကို လှန်ပြီး ဖတ်လိုက်တော့တယ်။
စာကြွင်း။ “ဖေဖေ… ခုနက ရေးထားတာတွေ အားလုံးက အမှန် မဟုတ်ပါဘူး။ သမီးက ဘေးအိမ်မှာပါ။ သမီးဖေဖေ့ကို သတိပေးချင်တာက လောကကြီးမှာ သမီးအံဆွဲထဲက အမှတ်စာရင်းထက် ဆိုးရွားတာတွေ ရှိတယ် ဆိုတာကိုပါ ဖေဖေ။

ကျေးဇူးပြုပြီး အဲ့ဒီပေါ်မှာ လက်မှတ်ထိုးပေးပါ ဖေဖေ။ ပြီးရင် ဖေဖေစိတ်ပြေပြီး သမီးအိမ်ပြန်လာဖို့ စိတ်ချရတဲ့ အချိန်မှ လှမ်းခေါ်လိုက်နော်။ ဖေဖေ့ကို ချစ်တယ်။”

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။