ဘဝခရီးကို အတူလျှောက်လှမ်းသင့်တဲ့ ယောင်္ကျားကောင်းဆိုတာ

blank

လူတိုင်းမှာ မတူညီတဲ့ အချစ်ခရီလမ်း၊ ပုံပြင် ကိုယ်စီ ရှိကြပါတယ်။ တစ်ချို့ အတွက်တော့ သူတို့ အချစ်ခရီးက ရုပ်ရှင်တွေထဲက ဂန္တဝင်မြောက် အချစ်တွေလို ပါပဲ။ တစ်ချို့ အတွက်ကတော့ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလိုနဲ့။ တစ်ချို့တွေအတွက် ကျပြန်တော့လည်း အံ့သြရလောက်အောင်ကို နှစ်ယောက်မရှိ ဆိုသလို ပြိုင်စံရှားပြီး စစ်မှန်တဲ့ အချစ်ခရီးလမ်းမှာ ဖြောင့်လို့၊ ဖြူးလို့ပါပဲ။ ဒီတော့ ဂန္တဝင် စာဖတ် ပရိတ်သတ်ကြီးရော… ဘယ်လို အချစ်ခရီးမျိုးမှာ လျှောက်လှမ်း ချင်ကြပါသလဲ။

အချစ်ခရီးလမ်းဆိုကတည်းက တစ်ယောက်တည်း လျှောက်လို့ မဖြစ်နိုင်ဘူးမလား။ သင့်အချစ်ခရီးကို အတူပုံဖော်ဖို့ လက်တွဲသင့်တဲ့ ယောင်္ကျားလေး မျိုးကတော့ သင့်ကို ရူးရူးမူးမူး ချစ်ပြီး သင့်အပေါ် ကောင်းတဲ့ သူမျိုး ဖြစ်သင့်ပါတယ်။ ပြီးတော့ အဲ့ဒီလို ချစ်နိုင်တဲ့သူမျိုးကိုပဲ လက်ထပ်သင့်ပါတယ်။ ဒီတော့ သင်က အောက်ဖက်မှာ ဖော်ပြထားတဲ့ လက်ထပ်သင့်တဲ့ အရည်အချင်းတွေထဲက အားလုံး သို့ အတော်များများ ကိုက်ညီတဲ့ သင့်တော်တဲ့ ယောင်္ကျားလေးနဲ့ တွေ့နေပြီလား ဆိုတာ သိနိုင်ဖို့ ဂန္တဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်။

၁။ သင့်စိတ်ကို အမြဲ ပေါ့ပါးလန်းဆန်းနေစေတယ်။

၂။ သင့်ကို အမြဲ ပြုံးပျော်စေတယ်။

၃။ သူ့အချိန် တော်တော်များများမှာ သင့်ဆီပဲ စိတ်ရောက်နေတတ်တယ်။

၎။ သင့်အပေါ်မှာ သစ္စာရှိပြီး ဂတိတည်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင်ရင်ဖွင့်တာတွေ၊ တိုင်ပင်တာတွေကို ဂရုတစိုက် နားထောင်ပေးတတ်တယ်။

၆။ သူက အတွေး ဆန်းသစ်ပြီး စိတ်ကူးယဉ် ဆန်တယ်။

၇။ သူက ချစ်စရာကောင်းပြီး သင်နဲ့ သင့်ခံစားမှုတွေကို အမြဲဂရုစိုက် ရှိနေတတ်သလို သင့်အပေါ် ချစ်ခင်ကြင်နာတတ်တယ်။

၈။ သူ့စိတ်ထဲမှာ သင့်ကို အသိအမှတ်ပြုထားသလိုပဲ သူ့သူငယ်ချင်းတွေကိုလည်း သင့်ကောင်းကြောင်းတွေ ပြေးပြီး ကြွားတတ်တယ်။ သူသိထားတာက သူသင့်အချစ်ကို ရတာ အရမ်းကံကောင်းတယ် ဆိုတာပါပဲ။

၉။ သူက သင့်ဘဝဖြတ်သန်းမှု ပုံစံနဲ့ ကိုက်ညီနေတယ်။ သူက သင့်အတွက်တင်မက သင့်မိသားစု အတွက်ပါ အချိန်ပေးတတ်ပြီး သင်ကလည်း သူ့အကြာင်းစုံ သိထားပြီးသား ဖြစ်တယ်။ ပြီးတော့ သူက သင့်ဘဝထဲက တန်ဖိုးထားရသူတွေနဲ့ လိုက်လျောညီထွေ ရှိလာစေဖို့လည်း အားထုတ်ကြိုးပမ်းတတ်တယ်။ သူက လုံးဝကို သင့်ဘဝနဲ့ အံဝင်ခွင်ကျ ဖြစ်တယ်။

၁ဝ။ သူက အမြဲတမ်း သင့်ကို ဘာတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတာပဲ တွေးနေတတ်တယ်။ သင်ပျော်ရွှင်ဖို့လည်း အမြဲ အနစ်နာခံတတ်သလို ဘယ်လိုလုပ်ရင် သင်ပျော်ရမလဲ စဉ်းစားတာကပဲ သူ့အတွက် အရေးကြီးကိစ္စ ဖြစ်နေတတ်တယ်။ ပြီးတော့ သင့်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့တင် သင့်အတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့် ဖြစ်နေတတ်တယ်။

အထက်ပါ အချက်တွေကို ဖတ်ပြီး ပရိတ်သတ်ကြီးလည်း ဘယ်လိုလူမျိုးကို ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်သင့်လည်း ဆိုတာ ပိုပြီး သိသွားပြီ ထင်ပါတယ်။ ဘဝကို လုံခြုံပျော်ရွှင်ရစေမယ့် ဘဝလက်တွဲဖော်မျိုးနဲ့ တွေ့ကြုံနိုင်ပါစေလို့ ဂန္တဝင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။