သင့်လက်တွဲဖော်က သင့်အပေါ်လေးစားမှု ရှိမရှိ သိနိုင်ဖို့

blank

 

Relationship တစ်ခုမှာ တစ်ဦးအပေါ်တစ်ဦး လေးစားမှု ရှိဖို့က အလွန် အရေးကြီးပါတယ်။ လေးစားမှုဆိုတဲ့ အခြေခံ အုပ်မြစ်မရှိဘဲ ချစ်ခြင်းတွေ ခိုင်မြဲအောင် တည်ဆောက်ဖို့ ခက်ခဲလှပါတယ်။

ပြီးတော့ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားမှုမရှိတဲ့ relationship မျိုးလည်း ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ဘူးလေ။ ဒီလိုပါပဲ သင့်အပေါ် သင့်ချစ်သူ ဘယ်လို ဆက်ဆံလဲ၊ သင့်အနားမှာဆို သူဘယ်လို ပြုမူနေထိုင်လဲ ဆိုတာတွေက သင့်အပေါ် သူ့ရဲ့ အလေးထားမှုတွေ ရှိ မရှိကို ပြောပြနေတာပါပဲ။ သူ သင့်အပေါ် လေးစားမှု ရှိမရှိ ဆိုတာက အကဲခတ်ဖို့ ခက်ခဲတဲ့ အရာတော့ မဟုတ်ပါဘူး။ တစ်ကယ်လို့ သူက သင့်ကို အလေးမထားဘူး ဆိုရင်တော့ သူ့အနားမှာပဲ တွယ်ကပ်မနေသင့်တော့ပါဘူး။

အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ သင့်ချစ်သူ သင့်အပေါ် တစ်ကယ်ကို လေးစားတန်ဖိုးထားတယ် ဆိုတာ သိနိုင်မယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ သင့်ရဲ့ အတွေးအမြင်တွေက သူ့အတွက် အရေးပါ အရာရောက်တယ်။

၂။ သင့်အရေးကိစ္စတွေဆို ဥပေက္ခာမပြုဘဲ ဂရုတစိုက် ရှိတယ်။

၃။ မနာလို ဝန်တိုတတ်ပြီး တွယ်ကပ်နေတတ်တဲ့ သူမျိုး မဟုတ်ဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သူ့ ကိုယ်ရေးကိုယ်တာတွေကိုတောင်သင့်ကိုဆို ပွင့်ပွင့်လင်းလင်း အသိပေးတတ်တယ်။

၅။ သင်ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်တာပဲ ဖြစ်စေ၊ သူများတွေနဲ့ အငြင်းပွားတာပဲ ဖြစ်စေ သူကတော့ အမြဲ သင့်ဘက်မှာ မားမားမတ်မတ် ရပ်တည်တတ်တယ်။

၆။ သူက သင့်ကို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတယ်။

၇။ သင့်အပေါ် လုံးဝ သံသယ မထားတတ်ဘူး။

၈။ သင့်အပေါ်မှာ ရိုးသားမှု ရှိတယ်။

၉။ တစ်ခုခု ဆိုရင်လည်း နှစ်ယောက်အတူ တွဲလုပ်ရတာကြိုက်တယ်။

၁ဝ။ သင့်ကို တစ်ဘဝလုံးစာ ရည်စူးထားတာကြောင့် ရှေ့ရေးတွေ တိုင်ပင်ဆွေးနွေးဖို့လည်း မတွန့်ဆုတ်တတ်ဘူး။

သင့်လက်တွဲဖော်ဆီမှာ အထက်ပါ အချက်တွေ ရှိနေတယ် ဆိုရင်တော့ သင်ဟာ အရမ်းကို ကံကောင်းတဲ့ သူပါ။ ကိုယ့်ရဲ့ သိက္ခာတရားကို တန်ဖိုးထားပါ။ ပြီးတော့ သင့်ကိုယ်သင် တန်ဖိုးထားသလို တန်ဖိုးထားလေးစားမှု ခံယူပါ။ သင့်ကို တန်ဖိုးထား လေးစားမှု မရှိတဲ့ သူဆိုရင်တော့ လွမ်းလောက်စရာ မရှိတော့ပါဘူး။ သင့်ရဲ့ တန်ဖိုးထားထိုက်တဲ့ ဂုဏ်သိက္ခာက တစ်ခြားအရာတွေထက် ပိုသာပါတယ်။ ဒီတော့ ရသလောက်လေးနဲ့ ခံစားပြီး ရောင့်ရဲမနေဘဲ သေချာ ခွဲခြမ်းစိတ်ဖြာ နိုင်ပါစေလို့ ဂန္တဝင်မဂ္ဂဇင်းမှ ဆုတောင်းပေးလိုက်ပါတယ်။

တိုက်ဆိုင်မှုရှိတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။