Relationship တစ်ခုမှာ သတိထား ရှောင်ကျဉ်သင့်တဲ့ စိတ်နေစိတ်ထားလေးများ။

blank

သာယာတဲ့ Relationship တစ်ခုဖြစ်လာဖို့ဆိုတာ အဲဒီRelationship အပေါ်မှာထားတဲ့ ခံယူချက်တွေက သိပ်ကို အရေးပါနေပါတယ်။ ချစ်သူနှစ်ဦးဆိုလည်း တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ တန်ဖိုးထားလဲ၊ သည်းခံနားလည်နိုင်လဲ၊ တစ်ယောက် အိမ်မက်ဆန္ဒတစ်ယောက် ဘယ်လောက် ပါရမီဖြည့်နိုင်လဲ ဆိုတာတွေက သိပ်ကို အရေးကြီးပါတယ်။

ဒါကြောင့် မှန်ကန်တဲ့ ခံယူချက်လေးတွေနဲ့ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်နိုင်ဖို့ သတိထား ရှောင်ကျဉ်သင့်တဲ့ အချက်လေးတွေကို အောက်ဖက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် သူသာတယ် ကိုယ်သာတယ် တွက်နေတတ်သောစိတ်ထား။

သာယာအေးချမ်းတဲ့ Relationshipတွေမှာဆို တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပါရမီဖြည့်ကြတယ်။ ဘာပဲလုပ်လုပ် တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ ရန်သူလို မဆက်ဆံကြဘူး။ ဒါကြောင့် ကြုံလာသမျှ အခက်အခဲတွေကို နှစ်ယောက်ပေါင်းအင်အား နဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်ကြဖို့ က ခိုင်မာတဲ့ Relationship တစ်ခုရဲ့ သော့ချက်တွေပါပဲ။

၂။ မိမိလက်တွဲဖော်ပြောသမျှကို အမြဲ သံသယတွေနဲ့ လိုက်ကြည့်နေတတ်သော စိတ်ထား။

တစ်ခါတစ်လေ ပြဿနာကို လိုအပ်တာထက်ပိုပြီး ပုံကြီးချဲ့လိုက်ရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုရှိခြင်းက ပြဿနာ အတော်များများကို ငြိမ်းအေးစေပါတယ်။ တစ်ယောက်ကို တစ်ယောက် သံသယတွေနဲ့ လိုက်ပြီး စစ်ဆေးမေးမြန်းနေမယ် ဆို နှစ်ယောက်လုံး ပိုပင်ပန်းရပါလိမ့်မယ်။

၃။ ကိုယ်ဘာလိုချင်နေလဲဆိုတာကို ပြောမပြဘဲ သိနေဖို့ မျှော်လင့် နေတတ်သောစိတ်ထား။

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိဘဲ ကိုယ့်စိတ်ထဲရှိတာတွေကို ဖုံးကွယ်ထားမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ သူ့ကို ကိုယ်နားမလည်နိုင်တာတွေဆိုလည်း ပွင့်ပွင့်လင်းလင်းမေးဖို့ ဝန်မလေးသင့်သလို ကိုယ့်ခံစားချက်တွေကိုလည်း စိတ်ထဲရှိတဲ့အတိုင်း ချပြဖို့ တွန့်ဆုတ်မနေပါနဲ့။ တစ်ခုခု စိတ်ဆိုးတော့မယ် ဆို သူတို့က စိတ်ဖတ်နိုင်တဲ့ ပညာရှင်တွေ မဟုတ်ကြပါဘူး ဆိုတာ သတိရလိုက်ပါ။

၎။ Relationship စံနှုန်းတွေအပေါ် အရမ်းမှီခိုလွန်းပြီး လက်ရှိအခြေအနေကို အားမရဖြစ်နေတတ်သော စိတ်ထား။

တစ်ခုခုဖြစ်လာရင် ငါဒီလိုလုပ်လိုက်ရမှာ ဒီလိုဖြစ်သင့်တာဆိုပြီး အမြဲ အလိုမကျဖြစ်နေတာ လက်ရှိအချိန်တွေကို ခံစားပျော်ရွှင်ဖို့ ကြီးမားတဲ့ အနှောင့်အယှက် တစ်ခုပါပဲ။ ဒါကြောင့် အခြားသူတွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ လိုက်ညှိနေမယ့်အစား မိမိတို့နှစ်ယောက်နဲ့ အသင့်တော်ဆုံး နည်းလမ်းကိုပဲ ရှာဖွေလိုက်ပါ။ ပတ်ဝန်းကျင်က အားကျရပေမယ့် ကာယကံရှင်တွေ စိတ်မချမ်းသာတော့လည်း အလကားပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သာယာတဲ့ relationship တစ်ခုကို လွယ်လွယ်ရနိုင်မယ်လို့ မျှော်လင့်နေတတ်သော စိတ်ထား။

ကောင်းမွန်တဲ့ အရာတိုင်းမှာ သူနဲ့ထိုက်တန်တဲ့ အားစိုက်ထုတ်မှုဆိုတာ လိုအပ်စမြဲပါ။ မတူညီတဲ့ မိဘအသိုင်းအဝိုင်းကနေ ပေါက်ဖွားလာတဲ့ သူစိမ်းတွေဖြစ်ကြတာကြောင့် တစ်ယောက်ကို တစ်ယောက်သည်းခံဖို့ လိုအပ်ပါတယ်။ အခုရေတွင်းတူး အခု ရေကြည်သောက်ချင်လို့တော့ မရပါဘူး။ နားလည်မှုတည်ဆောက်ဖို့ အချိန်ယူဖို့လိုအပ်ပါတယ်။ ဒါ့အပြင် တစ်ယောက် အားနည်းချက် တစ်ယောက်ခွင့်လွှတ်ပြီး အပြန်အလှန်ဖေးမ နိုင်မှုတွေကလည်း သိပ်ကို အရေးကြီးပါတယ်။

၆။ တစ်ခုခုဆို ကိုယ်ကပဲ ဦးဆောင်ပြီး ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်တာတွေကိုပဲ လုပ်ရမယ် ဆိုတဲ့ စိတ်ထား။

Relationshipတစ်ခု ခိုင်မြဲသာယာစေဖို့ ဆို တစ်ယောက်ထဲ ပြုပြင်သွားလို့မရပါဘူး။ နှစ်ဖက်လုံးက တက်ညီလက်ညီနဲ့ မျှမျှတတ ကိုင်တွယ်ဖို့လိုအပ်ပါတယ်။ နောက် ပြဿနာတစ်ခုခု ဖြစ်လာရင် ကိုယ်ကပဲ အရာအားလုံးနားလည်နေသလိုနဲ့ ကိုယ့်စိတ်ကြိုက် ကိုင်တွယ် ဖြေရှင်းလို့မရပါဘူး။ တစ်ဖက်လူရဲ့ ထင်မြင်ယူဆချက်နဲ့ ခံစားချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားဖို့ လိုအပ်ပါတယ်။ သူ့အတွက် ပါရမီဖြည့်ဖက်ပဲ ဖြစ်ပါစေ။ အကြံပေးအရာရှိ ဖြစ်ဖို့မလိုအပ်ပါဘူး။

၇။ ကိုယ့် relationship က အရမ်းပြီးပြည့်စုံနေပြီလို့ ထင်နေတတ်သော စိတ်ထား။

တစ်ချို့လူတွေက သူတို့ Relationship ကိုပဲ အကောင်းဆုံးလို့ ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ Relationship အပါအဝင် အရာအားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အဲလို ကိုယ့်Relationship ကို အထင်ကြီးနေတတ်တဲ့ သူတွေဟာ အပြောင်းအလဲတစ်ခုခုနဲ့ ရင်ဆိုင်ရပြီဆို ခံနိုင်ရည် မရှိကြတော့ပါဘူး။ ဒါကြောင့် ကြုံတွေ့လာမယ့် လောကဓံကို ရင်ဆိုင်နိုင်ဖို့ မိမိလက်တွဲဖော်ရော မိမိပါ စိတ်ပိုင်း၊ရုပ်ပိုင်းတွေ အမြဲတိုးတက်နေအောင် ကြိုးစားနေသင့်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။