ခိုင်မာတဲ့ Relationship တည်ဆောက်လိုသူတိုင်း လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးများ။

blank

ကျွန်မတို့ဟာ သူစိမ်းတွေကိုဆိုရင် သည်းခံလိုက်လျော တတ်ကြပြီး ကိုယ်နဲ့ တစ်သက်လုံး ပေါင်းလာခဲ့တဲ့ မိသားစုတွေ၊ အိမ်ထောင်ဖက်တွေကိုကျတော့ သည်းခံ ခဲကြပါတယ်။ ဒီလိုအပြင်မှာ သည်းခံလာသမျှ အိမ်ကျမှ နိုင်တဲ့သူတွေအပေါ် ပေါက်ကွဲတာမျိုးက တဖက်က လူအတွက် လုံးဝ မတရားပါဘူး။ ဒါကြောင့် တစ်ယောက်အပေါ်တစ်ယောက် မျှမျှတတဆက်ဆံနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။

ဒီလို တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့် လင်းလင်းနဲ့ နားလည်မှုရှိရှိ ရပ်တည်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို အောက်ဖက်မှာ ဖော်ပြထားပါတယ်။

၁။ စကားကို ချိုသာစွာပြောဆိုပါ။

သိပ်ထူးဆန်းတဲ့ အကြောင်းအရာမဟုတ်ပေမယ့် နေ့စဉ် ကိုယ်ပြောနေကျ စကားတွေကို တစ်ဖက်လူနားဝင်သာအောင် ချိုချိုသာသာလေးပြောမယ်ဆို သူတို့ သင့်အပေါ်ထားတဲ့ သဘောထားလေးတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ကိုလည်း ကောင်းကောင်းမွန်မွန် ပြန်တုန့်ပြန်ဖို့ ဆန္ဒရှိလာပါလိမ့်မယ်။ ကြမ်းတမ်းတဲ့ စကားလုံးတွေက တစ်ဖက်လူရဲ့ဒေါသတွေကို နှိုးဆွပေးသလို ဖြစ်တတ်တာကြောင့် ရန်များတတ်ပါတယ်။ ဒါကြောင့်နေ့စဉ်ဘဝမှာ ကိုယ်ပြောဆိုပြုမူတဲ့ ပုံစံ တွေက သိပ်ကိုအရေးကြီးနေပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား အမုန်းတရားတွေ မရှိတော့ဘဲ အခက်အခဲတွေကိုလည်း ပေါင်းစည်းဖြေရှင်းရင် ဘဝက သိပ်ကို ကျေနပ်ဖို့ကောင်းနေမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ တစ်ဖက်လူရဲ့ ပြောစကားတွေကို အမြဲဂရုတစိုက်ရှိနေပါ။

relationship တစ်ခုမှာ တစ်ယောက် မျှော်လင့်ချက်အိမ်မက် တစ်ယောက်သိဖို့ ၊ တစ်ယောက်လိုအပ်ချက် တစ်ယောက်သိဖို့ တွေက သိပ်ကိုအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အတွင်းကျကျ မသိဘူးဆို ရေရှည်လက်တွဲသွားကြတဲ့အခါ အဆင်မပြေမှုလေးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခု ဖြစ်လာရင် ကိုယ့်ထင်မြင်ယူဆချက်တွေ စွတ်ပြောနေမှာထက် တစ်ဖက်လူရဲ့ ဖြေရှင်းချက်တွေက တစ်ဆင့် သူ့ဘက်ကို နားလည်နိုင်အောင် ကြိုးစားပါ။ ဒီလိုဆို ပြဿနာက ထင်ထားသလောက် ဖြေရှင်းရတာ မခက်ခဲတော့ပါဘူး။ ဒါဟာ သာယာတဲ့ ဆက်ဆံရေးတစ်ခုရဲ့ သော့ချက်ပဲဖြစ်ပါတယ်။

၃။ ပြဿ     နာတွေကို အကောင်းမြင်စိတ်လေးနဲ့ ခေါင်းအေးအေးထား ဖြေရှင်းပါ။

ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက် နေပါစေ အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားလိုက်ပါ။ ပြဿနာတစ်ခုဖြစ်လာရင် မဖြေရှင်းဘဲ ခေါင်းရှောင်နေမှာထက် ခေါင်းအေးအေးနဲ့ အမြန်ဆုံးဖြေရှင်းလိုက်ပါ။ ကိုယ့်အပေါ် နားလည်မှုအပြည့်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံတဲ့သူကို ဘယ်သူကမှ ရိုင်းစိုင်းစွာ တုန့်ပြန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုဆို ကိုယ့်ကပဲ အကောင်းမြင်စိတ်လေးနဲ့ အခြေအနေတွေ ဆိုးရွားမသွားအောင် ထိန်းမတ်လိုက်ပါ။ သင့်ကို ဆက်ဆံစေချင်တဲ့ အတိုင်းသာ ဆက်ဆံလိုက်ပါ။ သင့်မေတ္တာတွေ ရောင်ပြန်ဟပ်လာပါလိမ့်မယ်။

၎။ ကိုယ်ချင်းစာစိတ် လေးနဲ့ ပြုမူနေထိုင်ပါ။

လင်နဲ့မယား လျှာနဲ့သွားမို့ ပြဿနာလေးတွေ ဖြစ်ကြတာ မဆန်းပါဘူး။ တစ်ခုသတိထားရမှာက ပဋိပက္ခလေးတွေ ဖြစ်ကြပြီဆို တစ်ဖက်သတ်မဆုံးဖြတ်ဘဲ တစ်ဖက်လူရဲ့ ခံစားချက်လေးတွေကိုလည်း ခံစားနားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြဿနာကို နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းလို့ ရမှာဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့သူတွေမို့ အဆင်မပြေတာလေးတွေ ရှိခဲ့ရင်တောင် စေတနာအမှားလေးတွေပဲ ဖြစ်ကြမှာပါ။ ဒါကြောင့် ကိုယ်မကြိုက်တဲ့အရာတစ်ခုခုကို ဝေဖန်မယ်ဆိုရင် လိမ္မာပါးနပ်စွာနဲ့ အပြုသဘောဆောင်တဲ့ အကြံပေးတာမျိုး ပြုလုပ်ပေးပါ။ ဥပမာ-မိမိ အိမ်ထောင်ဘက်က အိမ်အလုပ်တွေ ကူညီမပေးတတ်သူမျိုးဆို ကိုယ်တစ်ယောက်ထဲ မနိုင်မနင်းကြိတ်လုပ်ပြီး ဒေါသထွက်နေမှာထက် “ ရှင်လည်းတစ်နေ့လုံး အလုပ်တွေလုပ်နဲ့ ပင်ပန်းနေမှာ ကျွန်မသိပါတယ်။ ဒါပေမယ့်လည်း ကျွန်မက ရှင်နဲ့ ထမင်းဝိုင်းလေး အတူပြင် ကလေးတွေနဲ့ ပျော်ပျော်ပါးပါး ညစာစားချင်တာ၊ ဒီဖက်ကို လာခဲ့ပါအုံး 🙂 “ ဆို တဖက်လူလည်း ကူပေးချင်စိတ်ဖြစ်သွားမှာ မလွဲပါဘူး။

၅။ အရေးမကြီးတဲ့ အရာတွေကို ပုံကြီးမချဲ့မိပါစေနဲ့။

ချစ်သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြလို့ လက်တွဲခဲ့ကြတာပဲ။ တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ရန်တွေဖြစ်ကြ နားလည်မပေးနိုင်ကြတာ မျိုးလေးတွေ ဖြစ်တတ်ပါတယ်။ ချစ်သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြလို့ လက်တွဲခဲ့ကြတာပဲ။ အသေးအဖွဲကိစ္စလေးတွေကို ဗွေယူပြီး တစ်ယောက်ကိုတစ်ယောက် ဘာလို့ အငြိုးတွေထားနေတော့မှာလဲ။ တစ်ချို့ဘဝအတွက် သိပ်အရေးမပါတဲ့ ကိစ္စတွေကို လျစ်လျူရှုသင့်ရှုထားလိုက်ပါ။

သင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်ဆိုတာ သတိရပြီး တစ်ယောက်အားနည်းချက်တစ်ယောက် နားလည်နိုင်အောင် ကြိုးစားလိုက်ပါ။ ဒီလိုဆိုရင် သာယာတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။