ကိုယ်ချစ်သူက ကိုယ်တစ်သက်လုံး လက်တွဲလို့ရတဲ့ ကိုယ့်အိမ်ထောင်ဖက် ဖြစ်လာနိုင်မလား

blank

ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ကိုယ်ချစ်မိတဲ့သူနဲ့ တစ်သက်လုံးပေါင်းဖက်ချင်ကြတာ သဘာဝပါ။ ခက်တာက ချစ်တိုင်းလည်းမညားဆိုသလိုပဲ လူနှစ်ယောက် တစ်သက်လုံး ပေါင်းဖက်ဖို့အတွက်တော့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။

အောက်ဖက်မှာတော့ ချစ်သူဘဝမှာ သူနဲ့ကိုယ်ကြားမှာ ရှိတဲ့ ဆက်ဆံရေးလေးတွေက တစ်ဆင့် တစ်ဘဝလုံး လက်တွဲဖို့ အဆင်ပြေမပြေ ဆုံးဖြတ်လို့ရတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ သူ့ဆီက အဆက်အသွယ် ရဖို့ မျှော်နေရတာမျိုး မရှိဘူး။ ကိုယ့်ကို အမြဲ ဂရုတစိုက် နဲ့ ဆက်သွယ်နေတတ်တယ်။

၂။ သင်နဲ့ ပတ်သက်တာလေးတွေဆိုအမြဲ အမှတ်တရ ရှိနေတတ်တယ်။ သင်နဲ့ ပတ်သက်သမျှ ဘာတစ်ခုမှ လျစ်လျူမရှုတတ်သူပါ။

၃။ သူနဲ့ အတူရှိနေရတဲ့ အချိန်တွေဟာ ကိုယ့်အတွက် အဓိပ္ပါယ်ရှိနေတယ်လို့ ခံစားရတယ်။

၎။ သူဟာ ကိုယ့်အာရုံတွေထဲမှာ ဘယ်တော့မှ ရိုးမသွားအောင် ဆွဲဆောင်မှုအပြည့် ရှိနေတယ်။

၅။ သူနဲ့တွေ့တဲ့ အချိန်တွေမှာ စိတ်တွေ လွတ်လပ်ပေါ့ပါးနေပြီး ရယ်စရာမောစရာတွေ ပြောရင်း ကြည်နူးဖြစ်ကြတယ်။

၆။ သူဟာ ကိုယ့် မိသားစု၊ အပေါင်းအသင်းတွေနဲ့လည်း အမြဲသဟဇာတ ဖြစ်နေတယ်။

၇။ သင်ကိုယ်တိုင်လည်း သူ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆက်ဆံတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိဘဲ သက်တောင့်သက်သာ ဖြစ်နေတယ်။

၈။ သူနဲ့ကိုယ်ကြားမှာ တစ်ယောက်ကိုတစ်ယောက် မသိစေချင်တဲ့ လျို့ဝှက်ချက် ဆိုတာ မရှိဘူး။

၉။ သူ့ရှေ့မှာမို့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားစရာ မလိုလောက်အောင် သူ့အပေါ် ယုံကြည်နေမိတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၀။ သင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို စိတ်ဝင်တစား ရှိနေတယ်။

၁၁။ သင်ကိုယ်တိုင်ကလည်း သူ့နဲ့ ပတ်သက်သမျှ ကိစ္စရပ်အားလုံးကို အလေးအနက် စိတ်ဝင်စားတယ်။

၁၂။ သင်ခံစားနေရတဲ့ ဝမ်းသာစရာ အကြောင်းအရာတွေရော ဝမ်းနည်းစရာတွေ အဖြစ်အပျက်တွေ အားလုံးကိုပါ မငြီးမငြူနဲ့ မျှဝေခံစားပေးနိုင်တယ်။

၁၃။ နေ့စဉ်ဘဝမှာလည်း တစ်ယောက်ကိုတစ်ယောက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့အပြင် စိတ်ကူးထဲမှာပါ သူနဲ့အတူ သာယာတဲ့ အနာဂတ်တစ်ခု တည်ဆောက်ဖို့ ပုံပေါ်နေတယ်။

လူတစ်ယောက် ကိုယ်နဲ့ ရေရှည်ပေါင်းဖက်လို့ ရမရဆိုတာကို အချိန်ကာလပေါ်မူတည်ပြီး တွက်ဆလို့ ရနိုင်သလို သူနဲ့ကိုယ်ကြားမှာရှိတဲ့ ဆက်ဆံရေးမှာ တွေ့ရတဲ့ အမူအကျင့်လေးတွေ ကတစ်ဆင့် လည်း အကဲခတ်လို့ ရပါတယ်။

အထက်ပါ အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်တို့နှစ်ယောက် ဟာ ဘဝတစ်လျှောက်လုံး လက်တွဲလို့ ရတာ သေချာနေပါပြီ။ ပိုပြီးကောင်းမွန်တဲ့ Relationship တစ်ခု ဖြစ်ဖို့ပဲ အားစိုက်ဖို့ လိုတော့တာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။