ရောဂါသည် ဇနီးကို ပိုင်ဆိုင်ထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်

blank

ကျွန်တော့် အမျိုးသမီးက တစ်ချိန်တုန်းက သိပ်ကို ထင်ပေါ်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ သူမဆိုးဝါးတဲ့ ဝေဒနာ တစ်ခုကို ခံစားနေရပါတယ်။ နံရိုးတွေ၊ ရင်ဘတ်တွေ အမြဲနာနေတတ်ပြီး ခေါင်းတွေလည်း အဆက်မပြတ် ကိုက်နေတတ်ပါတယ်။ လူကလည်း ပိန်ချုံးနေပြီး အခုဆို အသက် (၃၅) နှစ်အရွယ်နဲ့ ပေါင်းချိန် ၉ဝ လောက်ပဲ ရှိပါတော့တယ်။

ရောဂါဝေဒနာ ခံစားနေရတာကတစ်ဖက် အလုပ်ကတစ်ဖက်ဆိုတော့ သူမ အမြဲလိုလို အလိုမကျတွေ ဖြစ်နေတတ်တယ်။ ကလေးတွေ တာဝန်ကလည်း တစ်ဖက်ဆိုတော့ သူမကို ကြည့်ရတာ အမြဲ စိတ်ရှုပ်ထွေးနေပုံပါပဲ။ စိတ်သွားတိုင်းကိုယ်မပါတော့ သူမကို ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်လည်း မရှိတော့ပါဘူး။

သူမ ညညဆို အိပ်လို့မပျော်ဘဲ မနက်လင်းခါနီးမှ အိပ်သွားတတ်တယ်။ အိပ်ရေးမဝတော့ အပင်ပန်းမခံနိုင်တော့သလို သူမစိတ်လည်း ကြည်လင်နေတယ်ဆိုတာ သိပ်ကိုရှားသွားပါတယ်။

တစ်ချိန်က သူမရဲ့ လှပတဲ့ ရုပ်ရည်တွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာလည်း သူမကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ အခုဆိုသူမ မျက်တွင်းတွေလည်းကျလို့ ခန္ဓာကိုယ် အလှအပတွေကိုလည်း အာရုံမစိုက်နိုင်တော့ပါဘူး။

ကြော်ငြာတွေနဲ့၊ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းလာသမျှတွေကိုလည်း ငြင်းပယ်ပစ်ပါတော့တယ်။ သူမ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် သူမအနာဂတ်ကလည်း နဂိုကလို ဘယ်လိုမှ မလှပနိုင်တော့ပါဘူး။

အရင်တုန်းကတော့ ကျွန်တော်တို့ အိမ်ထောင်က ဇာတ်လမ်းတွေတောင် အရှုံးပေးရအောင် ရိုမန်းတစ်ပြီး နှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ သာသာယာယာ ရှိခဲ့ကြတာ။ အခုတော့ သူမ အရမ်းကို ငြီးညူနေပြီး အချိန်မရွေး စိတ်တိုင်းအလိုမကျ ဖြစ်နေတော့ ကျွန်တော်လည်း စိတ်ကုန်လာတာပေါ့။ တစ်ခါတစ်လေဆို ကိုယ့်အတွက် ပျော်ရွှင်မှု၊ သာယာမှုတွေမပေးနိုင်တော့မယ့် သူမအနားမှာ ဆက်နေဖို့ ဆန္ဒမရှိတော့သလို ဖြစ်လာတယ်။

ဒါပေမယ့် ကျွန်တော် နှိုက်နှိုက်ချွတ်ချွတ် ပြန်စဉ်းစားတယ်။

သူမ ကောင်းစားစဉ်က သူမနဲ့အတူ အောင်မြင်မှုအသီးအပွင့်တွေကို အတူစားသုံးခဲ့ပြီး သူမ အခုလိုလောကဓံရဲ့ အရိုက်အပုတ်တွေခံရတဲ့ အချိန်မှ သူ့အနားက ထွက်သွားမယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။

ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအတော်များများက အားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောကရဲ့ ပါရမီဖြည့်ဖက်တစ်ဦးဖြစ်တာ ကျွန်တော် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

သူမအားနည်းနေချိန်မှာ မှီခိုဖို့ ပခုံးလေးအဖြစ်ရှိနေရတာ ဘယ်လောက်တောင် ကျေနပ်ဖို့ကောင်းလဲလို့ တွေးနေမိတယ်။

ဒီလိုတွေးမိပြီးတဲ့နောက်မှာတော့ ကျွန်တော် သူမကို တတ်နိုင်သမျှ အနွေးထွေးဆုံး ဆက်ဆံခဲ့တယ်။ လက်ရှိစိတ်သွားတိုင်း ကိုယ်မပါတဲ့အခြေအနေတွေကို စိတ်ပျက်နေတဲ့ သူမကို အရင်က သူမ စွမ်းဆောင်နိုင်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ပြောပြပြီး ဂုဏ်ယူစေတယ်။

ကျွန်တော်နဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာ သူမကို ပျော်ရွှင်အောင်ထားတယ်။ သူမရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမကို သူငယ်ချင်းတွေရှေ့မှာ အမြဲ ဂရုတစိုက်နဲ့ ကြင်ကြင်နာနာ ဆက်ဆံတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့ဖေးမမှုတွေက သူမကို တစ်ဖန်ပြန်လည် သက်ဝင်လာစေခဲ့တယ်။

သူမ အရင်ကလိုပဲ အလုပ်တာဝန်တွေကို တက်တက်ကြွကြွနဲ့ ပါဝင်လာပြီး အိမ်မှာလည်း မိသားစုနဲ့ ပျော်ပျော်ပါးပါး နေတတ်လာပါပြီ။ အခုဆို စိတ်ချမ်းသာလာလို့ပဲလား မသိဘူး သူမအသားအရေတွေ စိုပြေပြီး ပြန်လည် ဝဖြိုးလာခဲ့ပါပြီ။

ကျွန်တော်ကိုလည်း အရင်ကထက် ပိုခင်တွယ်လာသလို ခံစားရတယ်။

အဲဒီအချိန် ကျွန်တော်တွေးလိုက်မိတာက မေတ္တာဆိုတာ ရောင်ပြန်ဟပ် တတ်တယ်ဆိုတာပါပဲ။ အကယ်၍ ကျွန်တော်သာ သူမကို ဖေးဖေးမမ မဆက်ဆံခဲ့ဘူးဆို သူမ ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ခုတော့ သူမ ကျွန်တော့ကို အရင်ကထက် ပိုချစ်လာသလို ကျွန်တော် သူမကို ဘုရင်မလို ဆက်ဆံခဲ့တော့ အခု သူမ ဘုရင်မလေး ပြန်ဖြစ်လို့ လာခဲ့ပါပြီ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။