သင့်အတွေးအခေါ်လေးတွေကို ပြောင်းလဲပေးမယ့် ပုံပြင်လေးများ အပိုင်း (၁)

blank

၁။ အသက် ၈၆ နှစ်အရွယ်ရှိတဲ့ ကျွန်မ အဘိုးဟာ ခါတိုင်းလိုပဲ ဒီနေ့မနက်လည်း လှပတဲ့ပန်းလေးတွေကို ကိုင်ပြီး အဖွားကိုသွားတွေ့ဖို့ ထွက်သွားခဲ့တယ်။ ဒီနေ့တော့ ကျွန်မလည်း အဖိုးနဲ့ လိုက်သွားခဲ့တယ်။ အဖိုးက အဖွားရဲ့ ကျောက်တိုင်ပေါ်မှာ ပန်းလေးတွေတင်ပြီး ကျွန်မကို ကြည့်ပြီး “သမီးလေးရဲ့အဖွား အသက်ရှင်တုန်းကသာ ဒီလိုပန်းလေးတွေ နေ့စဉ်ပေးမိရင် သူတော်တော်ဝမ်းသာမှာပဲ” တဲ့။ ရှင်သန်နေတုန်း ကိုယ်ချစ်တဲ့သူတွေကို တန်ဖိုးထားဆက်ဆံသင့်တယ် ဆိုတာကို သံဝေဂ ရစေခဲ့ပါတယ်။

 

၂။ ဒီနေ့က ကျွန်တော်ရဲ့ ၄၇ နှစ်မြောက်မွေးနေ့ပါ။ ကျွန်တော် ၂၇ နှစ်မြောက် မွေးနေ့မှာရေးခဲ့တဲ့ ကိုယ့်ကိုယ်ကို သေကြောင်းမကြံခင်ရေးခဲ့တဲ့ စာကို ဒီနေ့ပြန်ဖတ်မိတယ်။ အဲ့ဒီစာက ကျွန်တော့်ချစ်သူမှာ ကိုယ်ဝန်ရှိတယ်ဆိုတာ သူမ ကျွန်တော့်ကို မပြောပြခင် ၂ မိနစ်အလိုမှာ ရေးထားတဲ့စာပါ။ သူမက ကိုယ်ဝန်ရှိတယ်လို့ ပြောတာ ကြားကြားချင်း “ငါ ဆက်လက်ရှင်သန်ဖို့ လိုအပ်တယ်”ဆိုတာကို ကျွန်တော်သိခဲ့တယ်။ အခုတော့ သူမက ကျွန်တော့် ဇနီးဖြစ်နေပါပြီ။ ကျွန်တော်တို့ လက်ထပ်တာက ၁၉ နှစ်လောက်ရှိပါပြီ။ ဒီခုဆို သမီးလေးကတောင် ၂၁အရွယ် တက္ကသိုလ်ကျောင်းသူလေး ဖြစ်နေပါပြီ။ မွေးနေ့တိုင်းမှာ ကျွန်တော်က ဒီစာကို အမြဲဖတ်ပြီး အသက်ရှင်ဖို့ နောက်တစ်ခု အခွင့်အရေးရခဲ့တာကို အရမ်း ကျေးဇူးတင်နေမိပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

 

၃။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မက ကျွန်မအဖွားကို “ဘဝမှာ အခွင့်အရေးတွေနဲ့ ကြုံတွေ့လာရင် အဲ့ဒီအခွင့်အရေးတွေကို လုပ်မိလိုက်လို့ နောက်ကျရင် နောင်တရမှာကို ကြောက်တယ်” ဆိုပြီး ပြောပြခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ အဖွားက ကျွန်မကို ဖက်ပြီး “မြေးမလေး…မြေးမလေး အဖွားအရွယ်ရောက်လာတဲ့အခါမှာ ကိုယ်ငယ်ငယ်တုန်းက ရခဲ့တဲ့ အခွင်းအရေးကို အမိအရယူ ရှင်သန်ခဲ့ပြီး ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေထက် အခွင့်အလမ်းတွေကို ကောင်းကောင်း မယူခဲ့လို့ပဲ နောင်တရတော့မှာပါ။ ရသမျှ အခွင့်အလမ်းတွေကို ယူပြီး ဘဝကြီးကို ရှင်သန်ပါ။ နောက်အကြောင်းတွေ တွေးပြီး လက်ရှိ အချိန်ကို ရှင်သန်ဖို့ မမေ့လိုက်နဲ့။” ဆိုပြီး ကျွန်မကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးခဲ့တယ်။

 

၎။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ ကျွန်တော်က ကျွန်တော့်အဖိုးကို relationship နဲ့ပတ်သက်ပြီး အကြံဥာဏ် တောင်းခဲ့တယ်။ အဖိုးက ကျွန်တော့်ကို “အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို လိုက်မရှာနဲ့။ အဲ့ဒီအစား ကိုယ့်ကိုယ်ကို အရည်အချင်းရှိတဲ့ အကောင်းဆုံး အမျိုးသားတစ်ယောက် ဖြစ်လာအောင်သာ ကြိုးစား။ ကိုယ်နဲ့ ထိုက်တန်တဲ့သူ ကိုယ့်ဆီရောက်လာမှာ အမှန်အကန်ပဲ။” တဲ့။

သင်ဒီစာကို ဖတ်ပြီး စဉ်းစားမိတယ်ဆိုရင် Share ပေးလိုက်ပါ။