ချစ်သူနှစ်ဦးကြား လက်ထပ်ဖို့ အဆင်သင့်ဖြစ်မဖြစ် သိနိုင်မယ့် လက္ခဏာ ၁၀ ချက်။

blank

သင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ချစ်ကြတာကို သိနေကြပေမယ့် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာကိုတော့ ဘယ်လိုများ သိနိုင်ကြမှာပါလဲ။

ချစ်သူဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ခင်စုံမက်နေကြပါစေ၊ လက်ထပ်ခြင်း ဆိုတာကသာ နှစ်ယောက်တစ်ဘဝ တည်ဆောက်တဲ့ နေရာမှာ လုံးဝ ပြီးပြည့်စုံစေမှာ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးအတွက် လက်ထပ်ဖို့ အသင့်တော်ဆုံး အချိန်ကို သင် အသေအချာ သိပါသလား။ ချစ်သူတိုင်းရော လက်ထပ်ဖို့ အဆင်သင့် ဖြစ်မဖြစ် ဆိုတာကို ဘယ်လိုများ သိနိုင်ကြပါသလဲ။

အောက်ဖက်မှာတော့ ချစ်သူနဲ့ လက်ထပ်ဖို့ အဆင်သင့် ဖြစ်မဖြစ် စဉ်းစားတဲ့အခါမှာ အသုံးဝင်တဲ့ အချက်လေးတွေကို ဂန္တဝင်မှ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ သင့်ဘဝရဲ့ အခုအချိန်ကနေ အတိတ်ကို ပြန်တွေးကြည့်လိုက်ရင် သူနဲ့သင် အတူဖြတ်သန်းခဲ့ရတာတွေ အားလုံးကို ဘာတစ်ခုမှမလွဲဘဲ ရုပ်ရှင်ကြည့်နေရသလို မြင်ယောင်နေမိတယ်။

၂။ အရင်တုန်းက စဉ်းတောင် မစဉ်းစားခဲ့တဲ့ ကလေးယူဖို့ ကိစ္စကိုတောင် သင် ကြိုတွေးပြီး ကြည်နူးနေမိတယ်။ မိဘအနေနဲ့ ကလေး ဝေယျာဝစ္စတွေ လုပ်ပေးရမှာတွေ၊ ပြုစုပျိုးထောင်ရမှာတွေကို လှပတဲ့ ဘဝတစ်ခုအဖြစ် သင်မြင်ယောင်လာတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သင့်ချစ်သူက လွဲပြီး တစ်ခြားတစ်ယောက်ကို ချစ်ဖို့ဆိုတာ သင့်နှလုံးသားက လုံးဝ မနှစ်မြို့နိုင်တော့ဘူး။ တစ်ခြားသူနဲ့ အသားချင်းထိဖို့ဆို ဝေလာဝေး ဖြစ်နေပြီ။

၎။ သင်ဟာ သူ့မိသားစုရဲ့ တစ်ယောက်တစ်ပေါက် အကျင့်စရိုက်လေး တွေကို စိတ်ရှုပ်စရာလို့ လုံးဝမမြင်ဘဲ နှစ်သက်သဘောကျလာတယ်။

၅။ သင်ဟာ အခြားသူတွေရဲ့ မင်္ဂလာပွဲတွေကို အားကျမိလာတယ်။

၆။ သင်ဟာ နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ ငွေကြေးအခြေအနေတွေကို စပြီး စဉ်းစားမိလာပြီ။ သူနဲ့ အတူနေဖို့ အိမ်တစ်လုံးရဲ့ တန်ဖိုးကိုတောင် တွက်ချက်နေမိပြီ။

၇။ သင်ဟာ ဘာမှအဆန်းတကျယ်မဟုတ်တဲ့ သူနဲ့အတူ ရှိရတယ်ဆိုရုံ အချိန်လေးတွေကို အရမ်းနှစ်သက်နေမိတယ်။ ဥပမာ ကုန်ခြောက်ဆိုင် အတူသွားတာမျိုး၊ TV အစီအစဉ်တွေ စောင့်ကြည့်တာမျိုးလောက် ဆိုရင်တောင် သူ့အနားမှာ ရှိနေရတာနဲ့တင် သင် ကျေနပ်နေတတ်တယ်။

၈။ သင်တို့ အတူတူမရှိတဲ့ အချိန်တွေမှာလည်း သင့်အနားမှာပဲ သူရှိသလို စိတ်ထဲမှာ ခံစားရတယ်။

၉။ သင်တို့ရဲ့ဆက်ဆံရေးဟာ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသလိုဖြစ်လာပြီး ဘဝရဲ့ အနာခံချိန်မှာရော အသာစံချိန်မှာပါ လက်တွဲမဖြုတ်ဘဲ အမြဲအတူ ရှိနေတတ်ကြတယ်။

၁၀။ သင်ဟာ သင့်ချစ်သူအပေါ် ဘယ်လောက်တောင် ယုံကြည်မှုရှိလာလဲ ဆိုရင် လောကမှာ သင့်အတွက် သူ့လောက်ယုံကြည်အားကိုးရတဲ့သူ မရှိတော့ဘူးလို့တောင် ဖြစ်လာတယ်။

ကဲ…ဂန္တဝင်ပရိတ်သတ်ကြီးရော အထက်ပါအချက်တွေနဲ့ ကိုက်ညီနေကြပြီလား။ ဒါဆိုရင်တော့ လက်ထပ်ခြင်းဆိုတဲ့ဆီကို မျက်စိစုံမှိတ်ပြီး ကူးပြောင်းသင့်ပါပြီ။

တိုက်ဆိုင်မှုရှိရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။