ယောကျာ်းတစ်ယောက်က မက်မက်မောမော လက်တွဲချင်တဲ့သူမျိုး…

blank

အချစ်ဆိုတာ သူစိမ်းနှစ်ယောက်ကို တစ်သားထဲဖြစ်သွားအောင် ရင်းနီးစေတဲ့ မှော်တစ်ပါးလို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ တစ်ကယ်တော့ လူနှစ်ယောက် တစ်သက်လုံး မခွဲဘဲ အတူ ရှိနေဖို့အတွက် အချစ်ထက်ပိုပြီး အရေးပါတဲ့ လက်တွေ့ကျတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ ဒီလိုလူနှစ်ယောက်ကို ရင်းနီးနွေးထွေးစေမယ့် အကြောင်း အရင်းလေးတွေကို အောက်ဖက်မှာ ဖော်ပြလိုက်ရပါတယ်။

ယောက်ျားတစ်ယောက်မှာ အခြေအနေအမျိုးမျိုးကြောင့် မိန်းမနှစ်ယောက်ကို ယှဉ်ပြီး ရွေးချယ်ကြေးဆို

၁။ ပိုပြီး ဆွဲဆောင်မှုရှိတဲ့သူ။

ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိနေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့သူမျိုး၊ သူ့အပေါ် ကြင်နာနွေးထွေးတဲ့ သူမျိုး၊ သူမကိုယ်တိုင်ရဲ့ လှုပ်ရှားမှုလေးတွေကအစ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေအောင် နေတတ်တဲ့သူမျိုးကိုပဲ ရွေးချယ်ပါလိမ့်မယ်။ နောက်ထပ် စဉ်းစားဖွယ် အချက်လေးတွေကို အောက်ဖက်မှာ ဆက်လက်ဖော်ပြလိုက်ရပါတယ်။

၂။ သူ့အပေါ် ပိုပြီး ကြင်နာမြတ်နိုးနိုင်မယ့်သူ။

ယောက်ျားတွေဟာ သူတို့ ခံစားမှုတွေကို သိပ်မဖော်ပြတတ်တာကြောင့် စိတ်ဓါတ်မာကြောကြတယ်လို့ ထင်ရပေမယ့် သူတို့ကို ဂရုတစိုက်ရှိတာ၊ ချစ်ခင်ကြင်နာတာမျိုးလေးတွေကို နှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် အရည်အချင်းသိပ်မကွာတဲ့ မိန်းမနှစ်ယောက်ကို ယှဉ်ရွေးကြေးဆို သူတို့အပေါ် ပြုစုယုယတတ်တဲ့ ကြင်နာတတ်တဲ့ မိန်းမကိုပဲ ရွေးချယ်ပါလိမ့်မယ်။

၃။ သူ့အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မယ့်သူ။

ယောက်ျားတွေဟာ သူတို့ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခု ရှိနေဖို့ အမြဲကြိုးစားနေတတ်ကြပါတယ်။ ဒါကြောင့် သူတို့နဲ့ လက်တွဲမယ့် မိန်းကလေးဟာလည်း သူ့ပတ်ဝန်းကျင်နဲ့ သဟာဇာတဖြစ်မယ့်လူမျိုး ၊ မိတ်ဆက်ပေးတဲ့ အခါ မျက်နှာပန်းလှမယ့် သူမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ယှဉ်ပြီးရွေးချယ်ကြေးဆို လိမ္မာပါးနပ်စွာနဲ့ လူတိုင်းနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်သူကိုပဲ ရွေးချယ်ပါလိမ့်မယ်။

၎။ မိသားစုဘဝလေးကို ကိုယ်ပိုင်အစွမ်းအစနဲ့ တည်ထောင်နိုင်မယ့်သူ

သူများတွေ ဘယ်လိုလုပ်နေလဲဆိုတာတွေကို လိုအပ်တာထက်ပိုစိတ်မဝင်စားဘဲ ကိုယ့်မိသားစုရှေ့ရေးပဲ အမြဲ အာရုံစိုက်နေတဲ့ သူမျိုးကို သူတို့ သိပ်ကို သဘောကျတတ်ပါတယ်။ မိန်းမတွေရဲ့အားနည်းချက်က သူများကိစ္စ လိုတာထက် ပိုစိတ်ဝင်စားတတ်တာပါပဲ။ ဒါကြောင့် ယှဉ်ပြီး ရွေးချယ်ကြေးဆို ရည်မှန်းချက်ကြီးကြီးနဲ့ မိသားစုဘဝလေးကို စနစ်တကျ တည်ဆောက်လိုတဲ့ မိန်းမမျိုးကိုပဲ ရွေးချယ်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သူ့ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ အနီးစပ်ဆုံး တူညီတဲ့သူမျိုး။

ဒါကတော့ တစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့ သက်ဆိုင်နေပါတယ်။ သူဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းချင်လဲဆိုတာ အပေါ်မှာမူတည်ပါတယ်။ သူတန်ဖိုးထားတဲ့ ဘဝနေထိုင်မှုပုံစံ၊ သူဘဝတစ်လျှောက်လုံး ကျင့်သုံးသွားချင်တဲ့ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ဝင်စားမှုတွေ၊ ဘဝရည်မှန်းချက် ပန်းတိုင်တွေ တူညီမယ့် သူမျိုးကိုပဲ ရွေးချယ်သွားပါလိမ့်မယ်။

အားလုံးခြုံပြီးပြောရရင် အထက်ဖော်ပြပါ အကြောင်းအရာတွေက သိပ်စိတ်ကူးယဉ်ဖို့ မကောင်းလှပေမယ့် တစ်ကယ့်ကို လက်တွေ့ကျတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ တစ်ယောက်ကို တစ်ယောက်ချစ်မြတ်နိုးနေပါစေ ယောက်ျားတစ်ယောက် သူနဲ့ ဘယ်လိုမိန်းကလေးမျိုးကို တစ်သက်လုံး အတူရှိဖို့ ရွေးချယ်မလဲ စဉ်းစားတဲ့အခါမှာတော့ အချစ်တစ်ခုတည်း မလုံလောက်တော့ပါဘူး။ အထက်ပါအချက်တွေ ကို မဖြစ်မနေစဉ်းစားမှာပဲ ဖြစ်လို့ ကျွန်မတို့ မိန်းကလေးတွေအတွက် တကယ့်ကို ဂရုပြုသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။