ကိုယ်ပိုင်အရည်အချင်းတွေရှိနေတဲ့ ထက်ထက်မြက်မြက်မိန်းကလေးတစ်ယောက်ကို ချစ်မိပြီဆိုရင်

blank

မျှော်လင့်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် စိတ်ဓါတ်ခိုင်မာစွာနဲ့ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ဘဝကို ထက်ထက်မြက်မြက်ရင်ဆိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိနေတယ်ဆိုရင်….

  • စိတ်ဓါတ်ခိုင်မာ ရင့်ကျက်တဲ့ မိန်းကလေးတွေဟာ ရည်မှန်းချက်တွေ ခိုင်မာကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူမနဲ့အတူ သာယာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် သူမရဲ့ ရည်မှန်းချက်တွေကိုလည်း လက်ခံပေးရမှာဖြစ်ပါတယ်။
  • ကိုယ့်အားကိုယ်ကိုးရတာကို သဘောကျတတ်တဲ့ သူမရဲ့ အခက်အခဲတွေကို သူမကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ။ သူမလိုအပ်တာက သင်ကဘေးနားမှာရှိနေပြီး သူမကို အဖော်ပြုပေးဖို့၊ အားပေးကူညီဖို့ပါပဲ။
  • သူမဟာ အသစ်အဆန်းတွေ လေ့လာစူးစမ်းရတာနဲ့ တီထွင်ဖန်တီးရတာကို နှစ်သက်တယ်ဆိုတာကို သိထားပါ။ ဒါကြောင့် သင်စကားပြောတဲ့အခါ ချစ်စကားကြိုက်စကားတွေလောက်နဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။
  • သူမဟာ အတင်းအဖျင်းတွေကို စိတ်မဝင်စားဘူးဆိုတာကို သိထားပါ။
  • သူမဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေတဲ့သူပါ။ နေရာတကာလိုက်ပြီး သဝန်တိုတတ်တာက သူမနဲ့သိပ်တော့ ကီးကိုက်မှာ မဟုတ်ပါဘူး။
  • သူမရဲ့အချိန်တိုင်းဟာ တန်ဖိုးရှိသလို အမြဲတိုးတက်အောင် ကြံဆောင်နေတတ်သူပါ။ သင့်အနေနဲ့ အခြားစုံတွဲတွေလို သူမရဲ့အချိန်တွေအကုန်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
  • သူမဟာ စိတ်ဓါတ်ခိုင်မာပြီး အရည်အချင်း ရှိတဲ့သူတွေ ဝန်းရံထားတတ်တယ်။ သင့်အနေနဲ့ ဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းလို့မရဘူးဆိုတာကိုတော့ သိထားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • သူမဟာ ပွင့်လင်းတယ်၊ သတ္တိရှိတယ်။ သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် ဝေဖန်သုံးသပ်တာမျိုး ကြုံလာခဲ့ရင် နားလည်ပေးဖို့လိုအပ်ပါတယ်။
  • သူတို့ဟာ တော်ရုံလူကို နှလုံးသားမှနေရာမပေးတတ်ပါဘူး။ သင့်ကိုနေရာပေးထားတယ်ဆိုရင် သင်ဟာသူမအတွက် သိပ်ကို ထူးခြားတဲ့သူပါ။
  • သူမဟာ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို သိပ်တန်ဖိုးထားတတ်သူဖြစ်ပါတယ်။ သင့်အနေနဲ့ သူမကိုလက်တွဲတော့မယ်ဆိုရင် သစ္စာစောင့်သိတတ်ဖို့ လိုပါလိမ့်မယ်။
  • သူမဟာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ ဖြစ်တာကြောင့် သူတို့ဘဝမှာ နေရာအများကြီးရဖို့ မျှော်လင့်ထားလို့မရပါဘူး။ တဖြည်းဖြည်းနဲ့ သင့်ရဲ့နေရာကို တည်ဆောက်ရပါမယ်။
  • သူမဟာ အကောင်းမြင်တတ်သူ ဖြစ်တာကြောင့် မကောင်းမြင်အတွေးတွေ ရှိနေတဲ့ သူတစ်ယောက်အနေနဲ့ သူမဘေးနားမှာ ပျော်ရွှင်မှာမဟုတ်ပါဘူး။
  • သူမစိတ်ထဲမှာ ရှိနေတဲ့ နာကျင်မှုတွေ၊ အထီးကျန်မှုတွေကို လွယ်လွယ်နဲ့ထုတ်မပြတတ်တာကြောင့် သူတို့ရင်ထဲက ခံစားချက်တွေကို လွယ်လွယ်နဲ့တော့ သိလာမှာ မဟုတ်ပါဘူး။