အကျွမ်းမဝင်ထိုက်သော (၁၂)ယောက်ကို သိပါသလား။

blank

ဘဝခရီးကို လျှောက်လှမ်းတဲ့အခါ မိမိဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေမှာ ဆူးငြောင့်ခလုတ်လို ဖြစ်နေပြီး ဘာတစ်ခုမှ ကောင်းကျိုးမပေးတဲ့ သူများနဲ့လည်း တွေ့ကြုံရတတ်ပါတယ်။ အဲ့ဒီသူမျိုးတွေကို မလွှဲသာလို့ ဆက်ဆံရတဲ့အခါ ကိုယ်ပေါင်းစိတ်ခွာ ဆိုရုံလောက်သာ ပေါင်းသင်းသင့်ပါတယ်။ ကောင်းကျိုးမပေးသူများ ဆိုတဲ့အခါမှာ ဘယ်လိုအပြုအမူတွေ ရှိတဲ့ သူမျိုးတွေလည်းလို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီတော့ ဂန္တဝင်ပရိတ်သတ်ကြီး ရှင်းရှင်းလင်းသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ မကောင်းမှုပြုသောသူ။

၂။ မုသားစကားဆိုလေ့ရှိသူ။

၃။ မိမိအကျိုးသာကြည့်သူ။

၎။ မိမိ၌ဂုဏ်မရှိဘဲ ဂုဏ်ရှိဟန်ပြတတ်သူ။

၅။ နှုတ်ဖြင့်သာ အဆွေခင်ပွန်းဖွဲ့တတ်သောသူ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ နှုတ်ဖြင့်ပေး၍ နှုတ်နှင့်ကိစ္စပြုတတ်သောသူ။

၇။ အရှက်အကြောက်မရှိသောသူ။

၈။ ကျေးဇူးမသိတတ်သောသူ။

၉။ ချစ်လွယ်မုန်းလွယ်သောသူ။

၁ဝ။ အပေါင်းအသင်းမိတ်ဆွေများအပေါ် အန္တရာယ်ပြုတတ်သောသူ။

၁၁။ သတ္တဝါအချင်းချင်း ညှဉ်းဆဲတတ်သောသူ။

၁၂။ မြင်မြင်သမျှကို လိုချင်တတ်သောသူတို့ ဖြစ်ကြပါတယ်။

တစ်ခုခု ဗဟုသုတရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။