သင့်ချစ်သူက လက်ထပ်ဖို့ ရွေးချယ်သင့်တဲ့ ယောကျာ်းမျိုး ဟုတ်မဟုတ် သိချင်ပါသလား။

blank

ငယ်ရွယ်နုပျိုစဉ်မှာတော့ ကိုယ့်ချစ်သူလောက် ပြီးပြည့်စုံတဲ့သူ ကမ္ဘာပေါ်မှာ ရှိပါ့မလားလို့တောင် တွေးတတ်ကြပါတယ်။ တစ်ကယ့်တစ်ကယ် ဘဝတစ်လျှောက်လုံး လက်တွဲဖို့ အတွက်ဆို ချစ်သူဘဝကလောက် လွယ်လွယ်ဆုံးဖြတ်လို့ မရတော့ပါဘူး။ ချစ်သူဘဝမှာ အပေါ်ယံသာယာမှုလေးတွေနဲ့ အဆင်ပြေပေမယ့် တကယ်လက်ထပ်မယ့် လက်တွဲဖော်ကတော့ ကိုယ်နဲ့အတူ ဘဝကို အေးအတူ ပူအမျှ ရင်ဆိုင်သွားမယ့် သူမျိုး ဖြစ်ဖို့လိုအပ်ပါတယ်။

အောက်ဖက်မှာတော့ ဘယ်လိုလူမျိုးကတော့ ချစ်သူ ရည်းစားအနေနဲ့ တွဲရုံပဲ သဘောထားသင့်တယ်။ ဘယ်လိုလူမျိုးကိုတောဲ့ ကိုယ်တစ်ကယ် လက်ထပ်ဖို့အထိ စဉ်းစားသင့်တယ်ဆိုတာကို ရွေးချယ်တတ်ဖို့ အဲဒီယောက်ျား နှစ်မျိုးနှစ်စားရဲ့ မတူညီတဲ့ ဝိသေသလေးတွေကို တင်ပြပေးလိုက်ရပါတယ်။ အတွေ့အကြုံရှိပြီးသား သူတွေဆိုရင်တော့ သင်တို့အတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ် ကြည့်ဖို့ တိုက်တွန်း လိုက်ရပါတယ်။ J

၁။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်နဲ့ အတူချိန်းတွေ့တယ်ဆိုတာ သူ့စိတ်သာယာမှုအတွက်ပဲ သဘောထားတာဖြစ်ပါတယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ ချိန်းတွေ့ရတဲ့ ရည်ရွယ်ချက်ကိုက သင်နဲ့အတူရှိရတဲ့ အချိန်လေးတွေကို တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ်။

၂။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သူ အရက်ဆိုင်မှာတွေ့ခဲ့တဲ့ အပေါင်းအသင်းတွေအကြောင်း၊ ဟာသတွေအကြောင်း ပြောရင်း သင်နဲ့ အချိန်တွေ ကုန်ဆုံးစေပါလိမ့်မယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင်နဲ့ အတူရှိချိန်တွေမှာ ဖတ်ထားတဲ့ စာအုပ်တွေအကြောင်း အပြန်အလှန်ဆွေးနွေးတာမျိုး၊ ဗဟုသုတတွေ အပြန်အလှန်မျှဝေကြတာမျိုး၊ နှစ်ယောက်လုံး စိတ်ဝင်စားမယ့် အကြောင်း အရာတွေ ဆွေးနွေးကြတာမျိုးလေးတွေနဲ့ ဖြတ်သန်းပါလိမ့်မယ်။

၃။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးဆီမှာ ကိုယ်နဲ့ ဘဝတစ်ခု ထူထောင်ပြီး သာယာတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ဖို့ ဆိုတဲ့ ဆန္ဒ တစိုးတစိတောင် မတွေ့ရတတ်ပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင်နဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေး ပိုင်ဆိုင်နိုင်ဖို့ အတွက် သူဘာကိုပဲ ပေးဆပ်ရပါစေ အမြဲ အဆင်သင့်ဖြစ်နေမယ့် သူပဲ ဖြစ်ပါတယ်။

၎။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်အမှတ်မထင်ပြောလိုက်တဲ့ စကားတွေကို ဘာမှ မစဉ်းစားမဆင်ခြင်ဘဲ သင်နဲ့ အငြင်းပွားဖို့ ပဲ အားသန်နေသူဖြစ်တယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင်စိတ်လိုက်မာန်ပါ ပြောလိုက်တဲ့ စကားတွေကို ဘယ်တော့မှ ဗွေမယူဘဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်ပြီးသင့်ကို ဖေးမပေးမယ့် သူပါ။

၅။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်နဲ့ အမြင်မတူလို့ ပဋိပက္ခလေးတွေ ရှိလာတဲ့အခါ သူအနိုင်ရဖို့အတွက် ပဲ အာရုံ ရှိနေပါတယ်။ သင့်အပေါ် တရားလား မတရားဘူးလားဆိုတာ စဉ်းစားဖို့ အချိန်မရှိပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သူဘယ်လောက်ပဲ သင့်အပေါ် စိတ်ဆိုးနေပါစေ ပြဿနာ တစ်ခုကို အတတ်နိုင်ဆုံး မျှမျှတတနဲ့ ဖြေရှင်းသွားပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာတွေကို အရမ်း အာရုံစိုက်လွန်းတဲ့ အတွက် သူနှစ်သက်တဲ့ပုံစံမျိုး မဖြစ်လာဘူးဆို သင့်ကိုလည်း ပျက်ရယ်ပြုဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးနဲ့ဆိုရင်တော့ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သင့်အပေါ် အချစ်လျော့သွားမှာတို့ သင့်ကို လှောင်ပြောင်မှာတို့ ပူစရာမလိုပါဘူး။ သင်ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ သင့်နားမှာ ရှိနေပေးမယ့်သူမျိုးပါ။

၇။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးပြောတဲ့ တောင်ပန်စကားက ပြနာ ဖြစ်တဲ့အခါ သင်ပူညံပူညံလုပ်တာကို မခံနိုင်လို့ အလွယ်တကူ ပြောလိုက်တာ ဖြစ်ပါလိမ့်မယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကပြောတဲ့ တောင်းပန်စကားကတော့ သင်သူ့ကြောင့် စိတ်ဆင်းရဲနေရတာကို မကြည့်ရက်လို့ပါ။

၈။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သူ့ရဲ့ဝေယျာဝစ္စတွေကို သူ့အမေ သူ့ကို ဖြည့်ဆည်းပေးခဲ့သလို သင်သူ့ကိုပေးဆပ်ဖို့ မျှော်လင့်နေပါတယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သူ့ဝေယျာဝစ္စတွေကို သူ့ဘာသာ တာဝန်ယူတတ်တဲ့ အပြင် မိသားစုအရေး၊ အိမ်သန့်ရှင်းရေးတွေကအစ သင့်ကို ကူလုပ်ပေးမယ့် သူမျိုးပါ။ ဒီလို တာဝန်ယူတတ်တဲ့သူ တစ်ယောက်ကသာ သင့်ဘဝတစ်လျှောက်လုံး အတွက် ရွေးချယ်သင့်တဲ့ သူမျိုးဖြစ်ပါတယ်။

၉။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင့်မိသားစု အသိုင်းအဝိုင်း၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရင်းနီးဖို့ ဆန္ဒမရှိပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင့်အတွက် အရေးပါတဲ့ သူမှန်သမျှနဲ့ ခင်မင်ရင်းနီးဖို့ ဆန္ဒရှိနေပါလိမ့်မယ်။

၁ဝ။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်ဝမ်းနည်း ကြေကွဲပြီး ပြောနေတဲ့ စကားတွေကို ဝဋ်ကျေ တန်းကျေပဲ သဘောထား ပြီး နားထောင်ပါလိမ့်မယ်။ ပြီးရင်တော့ သင်စိတ်ချမ်းသာအောင် လျှောက်ပြီး စကားလမ်းကြောင်းတွေ လွှဲပစ်မယ့် သူမျိုးပါ။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင်ပြောသမျှအကြောင်းအရာတွေကို အလေးအနက်ထားနားထောင်ပြီး အတတ်နိုင်ဆုံး သင့်စိတ်ဖြေသာအောင် ပြဿ     နာကို ကျိုးကြောင်း ဆီလျော်မှုရှိရှိနဲ့ ကူညီဖြေရှင်း ပေးမယ့် သူမျိုးပါ။

၁၁။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်နဲ့အတူ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ သင့်အနားက ထွက်ပြေးတိမ်းရှောင် သွားပါလိမ့်မယ်။ သူစိတ်ဆင်းရဲစေမယ့် အရာမျိုးကို ဘယ်လိုမှ သည်းမခံ နိုင်ပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့  သင်နဲ့ အတူသာဆိုရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ရပါစေ စိတ်ပျက်သွားမယ့်သူ မဟုတ်ပါဘူး။ သင်နဲ့ သက်ဆုံးထိ လက်တွဲဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေတာမို့ သင့်ကို ထားခဲ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

၁၂။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးက သင်နဲ့အတူ စားသောက်ကြတဲ့ ကုန်ကျငွေကို ကူရှင်းပေးဖို့၊ သင့်ကို ညှာတာဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးကတော့ သင်က ကုန်ကျစားရိတ်တွေကို ကူရှင်းပေးဖို့ ဇွတ်ပြောရင်တောင် ခွင့်မပြုပါဘူး။

၁၃။ လက်ထပ်ဖို့ မရွေးချယ်သင့်ဘဲ ရည်းစားအဖြစ်ပဲ သဘောထားသင့်တဲ့ သူမျိုးနဲ့ဆို သင့်ကိုယ်သင် ဘယ်တော့မှ ယုံကြည်မှု ရှိနေမှာ မဟုတ်ပါဘူး။ သူအနားမှာ မရှိတဲ့ အချိန်တွေဆို အမြဲ စိတ်ပူနေရတယ်။

သင်လက်ထပ်ဖို့ အထိ စဉ်းစားသင့်တဲ့ သူမျိုးနဲ့ ဆိုရင်တော့ သူဘယ်တော့မှ ကိုယ့်အပေါ် မဟုတ်တာမလုပ်ဘူးဆိုတာလည်း သိနေတယ်။ ကိုယ့်ကို အရမ်းချစ်တယ်ဆိုတာလည်း သိနေတဲ့အတွက် သူနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို အမြဲ ယုံကြည်မှု ရှိနေတတ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် SHARE ဖို့ မမေ့နဲ့နော်။