အပျော်ချစ်လား၊ အဖော်စစ်လား သိနိုင်ဖို့…

blank

တစ်ဘဝလုံးစာရည်ရွယ်ပြီး သင့်ကိုလက်တွဲနေတဲ့ မိန်းကလေးတစ်ယောက်ဟာ…။

၁။ သင့်မိသားစုတွေ၊ သင့်အပေါင်းအသင်းတွေနဲ့  ရင်းနီးခင်မင်ဖို့ ကြိုးစားလိမ့်မယ်။ သင့်မိဘတွေဟာ သင့်ဘဝကို ဒီလိုအခြေအနေရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်ဆိုတာကို နားလည်ပြီး သင့်မိဘတွေကို လေးစားစွာဆက်ဆံလိမ့်မယ်။

၂။ အပေါ်ယံအလှတွေထက် စိတ်ထားအလှနဲ့ အရည်အချင်းပြည့်ဝမှုတွေကိုပဲ အာရုံစိုက်လိမ့်မယ်။ သူမရဲ့အရည်အချင်းတွေကို သုံးပြီး သင့်နှလုံးသားကို သိမ်းပိုက်ဖို့ ကြိုးစားလိမ့်မယ်။

၃။ သင့်ရဲ့ ဘဝရည်မှန်းချက်တွေကို သူမရဲ့ရည်မှန်းချက်တွေလို သဘောထားပြီး အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးလိမ့်မယ်။

၎။ သင့်ဆီက တစ်ဖက်သတ်ပေးဆပ်မှုတွေကို မျှော်လင့်နေမှာ မဟုတ်သလို အခက်အခဲတွေ ကြုံတွေ့လာရင်လည်း သင်နဲ့အတူတူ ရင်ဆိုင်ကျော်ဖြတ်လိမ့်မယ်။

၅။ သူမကိုယ်သူမ အမြဲတိုးတက်အောင် ကြံဆောင်နေလိမ့်မယ်။

၆။ သူမနဲ့ပတ်သက်ပြီး ဘာကိုမှ လျို့ဝှက်မထားဘဲ ဖွင့်ဟပြောပြလိမ့်မယ်။ ရိုးသားမှုတန်ဖိုးကို နားလည်ပြီး သင်တို့ရဲ့ အချစ်ရေးကို ရိုးသားမှုအပေါ်မှာပဲ တည်ဆောက်ထားလိမ့်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၇။ သင်နဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်ရတော့မယ့်အရေးကို ကြိုတွေးပြီး စိတ်လှုပ်ရှားနေလိမ့်မယ်။ အစီအစဉ်တွေ ချမှတ်နေလိမ့်မယ်။

၈။  သင်ကြိုက်တတ်တာလေးတွေကို ချက်တတ်ဖို့ ကြိုးစားတာမျိုး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေအကြောင်း လေ့လာတာမျိုးတွေလုပ်လိမ့်မယ်။

၉။  သူမနားမှာ တစ်ချိန်လုံး ရှိနေဖို့ထက် သူမနဲ့ တစ်သက်လုံး အတူရှိနေဖို့ပဲ မျှော်လင့်လိမ့်မယ်။

၁ဝ။ ပြဿနာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလိမ့်မယ်။ သင့်ဆန္ဒတွေကိုလည်း ထည့်သွင်း စဉ်းစားပေးလိမ့်မယ်။

၁၁။ သူမရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သင့်ကို အမြဲ အေးချမ်းစေလိမ့်မယ်။

၁၂။ သင့်ကို ဘယ်သူနဲ့ မှလည်း နှိုင်းယှဉ်ခြင်း မရှိဘဲ အရှိအတိုင်း လက်ခံလိမ့်မယ်။

၁၃။  သင်နဲ့အတူ ပျော်စရာတွေ၊ စိတ်အပန်းဖြေစရာတွေ ရှာဖွေလိမ့်မယ်။

အဲ့ဒီလိုမိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ သိပ်ကို ကံကောင်းတဲ့သူပါ။ အဲ့ဒီလိုမိန်းကလေးတစ်ယောက်ကို တွေ့နေပြီလား။