အသက် (၃ဝ) မှာ အိမ်ထောင်ပြုဖို့ ဘာကြောင့် သင့်တော်တာလဲ။

blank

အသက် (၃ဝ) ဆိုတာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအချိန်ပါ။ ဘာဖြစ်လို့လဲဆိုတော့….

  • အသက် (၃ဝ) မှာ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ပြီဖြစ်တာကြောင့် အချစ်တစ်ခုတည်းနဲ့ ဘဝထူထောင်ဖို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုယ်လည်း သိလာတာကြောင့် ရေရှည်လက်တွဲနိုင်မယ့်သူကိုပဲ ရွေးချယ်မိဖို့ ရာခိုင်နှုန်းများပါတယ်။
  • မိန်းကလေးအများစုဟာ အချစ်ဦးနဲ့ လက်တွဲချင်ကြပါတယ်။ တကယ်တော့ အချစ်ဦးဖြစ်ဖို့ထက် ကိုယ်နဲ့ အမှန်တကယ်ထိုက်တန်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို အသက် (၃ဝ) အရွယ်မှာ ကောင်းကောင်းနားလည်နေပြီလေ။
  • အသက်(၃ဝ) မှာ ကိုယ်ဘာလိုချင်လဲ၊ ဘယ်လို ရပ်တည်ချင်လဲ၊ ကိုယ်ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းသွားချင်လဲ ဆိုတာတွေကို ကောင်းကောင်းသိတာကြောင့် ကိုယ့်အတွက် မှန်ကန်တဲ့ လက်တွဲဖော်ကို ရွေးချယ်နိုင်မှာ သေချာပါတယ်။
  • အသက်(၃ဝ) အရွယ်မှာ ဘယ်အရာတွေက အရေးကြီးတယ်ဆိုတာကို ပိုင်းခြားနိုင်တဲ့အပြင် ပြဿနာဖြေရှင်းနည်းတွေကိုလည်း သိနေတာကြောင့် အသေးအဖွဲတွေကြောင့် ကတောက်ကဆတွေဖြစ်တော့မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • အသက် (၃ဝ) အရွယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ အရွယ်လည်းဖြစ်တာကြောင့် အိမ်ထောင်ရေးသာယာအောင် ထိန်းသိမ်းနိုင်ဖို့လည်း ပိုပြီး လွယ်ကူသွားပြီလေ။
  • အသက် (၃ဝ) အရွယ်ဟာ ငွေးကြေးတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးကတောက်ကဆမှုမှာ အဓိကတရားခံ ဖြစ်တဲ့ ငွေကြေးပြဿနာတွေလည်း ရှိလာတော့မှာ မဟုတ်ပါဘူး။
  • အသက် (၃ဝ) အရွယ်ဆိုတာ ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ရပ်တည်နိုင်တဲ့ အရွယ်လည်းဖြစ်တာကြောင့် သာယာတဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ဖို့ ပိုပြီး အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
  • အသက် (၃ဝ) အရွယ်ဆိုတာ ထိုက်သင့်တဲ့ဘဝအတွေ့အကြုံတွေရှိတာကြောင့် ညှိနှိုင်းမှုတွေ၊ နားလည်မှုတည်ဆောက်တာတွေကို ကောင်းကောင်းလုပ်တတ်နေပြီဖြစ်ပါတယ်။  ဒါ့ကြောင့် ပဋိပက္ခနည်းပါးပြီး အဆင်ပြေတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ကော… ဘယ်အရွယ်မှာ လက်ထပ်တာက အသင့်တော်ဆုံးလို့ ထင်လဲ။