သင့်ကို ဘဝရဲ့ ချိုမြိန်သော အဓိပ္ပါယ်တွေ သင်ကြားပေးနေသူများ

blank

၁။ သင့်ကို ဤမျှ ဆန်းကြယ်လှသော လူ့လောကထဲသို့ ပထမဦးဆုံး ခေါ်ဆောင်လာခဲ့တဲ့ သင့်မိခင်။

၂။ သင့်မျက်နှာ အပြုံးလေးတွေနဲ့ ဝေဆာနေတာကို မြင်ရဖို့အတွက် အပူအပင်တွေနဲ့ ဒုက္ခတွေအားလုံးကို ကိုယ့်ပခုံးနဲ့ထမ်းပြီး ကြိုးစားရုန်းကန်ခဲ့တဲ့ သင့်ဖခင်။

၃။ အချင်းချင်း မေတ္တာရှေ့ထားပြီး ဂရုစိုက်တတ်ခြင်းနဲ့ ရက်ရက်ရောရော ပေးကမ်းစွန့်ကျဲတတ်ခြင်းတွေရဲ့ အဓိပ္ပါယ်ကို သင်ကြားပေးခဲ့တဲ့ သင့် ညီအစ်ကိုမောင်နှမများ။ ဤဆောင်းပါးကို ဂန္တဝင်မှ တင်ဆက်ပါသည်။

၎။ အမျိုးမျိုးသော အယူအဆတွေ၊ အမြင်တွေရှိတဲ့သူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရတယ်၊ ဘယ်လို အလိုက်အထိုက်နေရတယ် ဆိုတာ တွေကို သင်ကြားပေးခဲ့တဲ့ သင့် သူငယ်ချင်းများ

၅။ ကိုယ်ကျိုးစွန့်ခြင်းနဲ့ ညှိနှိုင်းခြင်းတွေရဲ့ တန်ဖိုးကို ဖော်ဆောင်ပေးသူ။ ကိုယ့်ချစ်သူရဲ့ဘေးမှာ နေနိုင်ဖို့အတွက် ဘယ်လို အခက်အခဲမဆို ရင်ဆိုင်ကျော်လွှားပြီး ဖြေရှင်းနိုင်အောင် သတ္တိမွေးပေးတဲ့ သင့်သူငယ်ချင်းများ။

၆။ သင့်ကို တစ်ကိုယ်ကောင်းဆန်စိတ်တွေ စွန့်လွှတ်စေပြီး ကိုယ့်ထက်အရင် အခြားသူတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို စဉ်းစားဖို့အတွက် သင်ကြားပေး တဲ့ သင့်ရင်သွေးများ။

၇။ သင့်ဘဝကို တစ်ဖန် အသက်ပြန်ဝင်လာအောင် စွမ်းဆောင်ပေးသူတဲ့ သင့်မြေးများ။

သဘောကျနှစ်သက်မယ်ဆို share ဖို့မမေ့ပါနဲ့။