အသဲကွဲခြင်းအတွက် ကုသနည်းလေးများ

Photo Reference: http://www.picshunger.com

၁။ ဒီအခိုက်အတန့်လေးက ပြီးဆုံးသွားမှာပါ။ ကမ္ဘာကြီး ပျက်နေသလို ခံစားနေရရင်တောင် ဒါက ခဏတာ အတွက်ပဲဆိုတာ ယုံကြည်ထားပါ။ သင် ကျော်လွှားသွားနိုင်မှာပါ။ ရုပ်ရှင်တွေကြည့်၊ ရေခဲမုန့်တွေစားရင်း စိတ်ပျော်ရွှင်အောင် နေထိုင်ပါ။ ငိုချင်ရင်လည်း ငိုချလိုက်ပါ။ ပြီးရင်တော့ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အရာတွေ ဥပမာအားဖြင့် ကျန်းမာရေးလိုက်စားဖို့ gym သွားတာမျိုး သို့မဟုတ် ကိုယ့်ကိုယ်ကို လက်ဆောင်ဝယ်ပေးတာမျိုးတွေ ပြုလုပ်ပြီး စိတ်အပြောင်းအလဲလေးတွေ ဖန်တီးယူလိုက်ပါ။

၂။ ကိုယ့်ဘဝမှာ ဘာပဲဖြစ်နေနေ ကိုယ်ဟာကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။

၃။ ကိုယ့်ကို သူများက စွန့်ပယ်သွားတယ်ဆိုတိုင်း ကိုယ့်ကိုယ့်ကို တန်ဖိုးမဲ့တဲ့သူလို့ မသတ်မှတ်လိုက်ပါနဲ့။ ဒေါ်လာ ၁ဝဝ ရဲ့ တန်ဖိုးကို မသိသူက အဲ့ဒီ ပိုက်ဆံကို လမ်းမှာ ပစ်သွားတယ်ဆိုတိုင်း အဲဒီဒေါ်လာရဲ့ တန်ရာတန်ကြေးက လျှော့နည်းသွားတာမှ မဟုတ်တာ။ ထိုနည်းတူပါပဲ။ ကိုယ့်တန်ဖိုးကို ကိုယ်သိပါ။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို လျှော့မတွက်လိုက်ပါနဲ့။

၎။ သင်နဲ့ သင့်အနာဂါတ်အတွက်ပဲ အာရုံစိုက်ပါ။ သင့်ရည်းစားဟောင်းရဲ့ facebook ပေါ်က ပုံတွေကိုကြည့်ပြီး အခု သူ့ဘဝကောင်းစားနေတယ် လို့ မယူဆပါနဲ့။ ဘာလို့လဲဆိုတော့ တစ်ကယ်တမ်း သူဘဝကတော့ အရင်အတိုင်းပါပဲ။ ဘာမထူးထူးခြားခြား ပြောင်းလဲလာတာမရှိပါဘူး။ ပုံတွေထဲမှာ သင်မပါတော့တာက လွဲလို့ပေါ့။ သင်သာ သူနဲ့ အတူရှိရင် ပျော်ရွှင်နေရမှာ ဆိုတာမျိုးတွေ တွေးပြီးလည်း ဝမ်းနည်းမနေပါနဲ့။ သူဟာ ကိုယ်နဲ့ မထိုက်တန်ဘူး လို့ပဲ မှတ်ယူလိုက်ပါ။

၅။ ဘဝကို ရှေ့ဆက်လိုက်ပါ။ ဒါက ပြောရလွယ်ပေမယ့် လုပ်ဖို့ခက်တယ် ဆိုပြီး သင်စဉ်းစားကောင်း စဉ်းစားနေပါလိမ့်မယ်။ “နှစ်ယောက်အဆင်ပြေဖို့ ဘာတွေများလုပ်ခဲ့သင့်လဲ”၊ “ကိုယ့်ဘက်က နောက်ထပ် ဘာတွေ အလျှော့ပေးခဲ့သင့်လဲ”၊ “ငါဘာများလုပ်လိုက်လို့ ထားခဲ့တာလဲ” ဆိုတာတွေ ထိုင်တွေးနေတာက အကျိုးမရှိပါဘူး။ အမှန်က သင်တို့နှစ်ယောက် ကိုက်ညီမှု မရှိလို့ ဝေးခဲ့ရတာပါ။ လူတိုင်းက သင်နဲ့ ကိုက်ညီမှာ မဟုတ်သလို သင်ကလည်း လူတိုင်းအတွက် သင့်တော်တဲ့ လက်တွဲဖေါ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က ဘယ်သူနဲ့မှ မသင့်တော် ဘူးလို့ မဆိုလိုပါဘူး။ သင့်မှာလည်း နားခိုဖို့ ရင်ခွင်စစ်တစ်ခု ရှိနေမှာပါ။ ရှေ့ဆက်သာ လျှောက်လှမ်းလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 

၆။ သင်နဲ့ ထိုက်တန်တဲ့ သူဆိုတာ ပေါ်ပေါက်လာမှာပါ။ သူက သင်မျှော်လင့်ထားတဲ့သူ ဟုတ်ချင်မှ ဟုတ်မယ်။ သင်တို့ရဲ့ တွေ့ဆုံမှုကလည်း သင့်ရဲ့ စိတ်ကူးယဉ်အိပ်မက် ထဲကလို ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် သင်အမြဲ တောင့်တခဲ့သလို သင့်အတွက် ပြီးပြည့်စုံတဲ့သူမျိုး၊ အဲ့ဒီထက် အရာရာ သာတဲ့သူမျိုး ဖြစ်နေနိုင်ပါတယ်။

၇။ လမ်းခွဲခြင်းကနေ သင်ခန်းစာယူပါ။ ဘဝတစ်လျှောက် သင်ကြုံတွေ့ရတဲ့ သူတွေက အရေးကြီးတဲ့ သင်ခန်းစာတွေ ပေးသွားပါလိမ့်မယ်။ သင်ဘယ်လိုလူမျိုးကို သဘောကျတယ် ဆိုတာလည်း တစ်ဖြည်းဖြည်း ပိုသိလာမှာပါ။ ဒါကြောင့် သင်တို့ အချစ်ခရီးလမ်း မဖြောင့်ဖြူးခဲ့ဘူး ဆိုရင်တောင် သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ့် အနာဂါတ်ကို ပိုကောင်းအောင် လုပ်ဆောင်လိုက်ပါ။

၈။ သင့်ကို မလိုလားတဲ့ သူအနားမှာ တွယ်ကပ် မနေချင်ပါနဲ့။ ဘဝကို သင်နဲ့ အတူ ရင်ဆိုင်ဖို့ စိတ်ကူးမရှိတဲ့ သူတစ်ယောက်နဲ့ ရှေ့ဆက်လို့လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး။ သင့်အနားမှာ သူမရှိတော့တာကသာ အကောင်းဆုံးပါ။

၉။ လမ်ခွဲခါစမှာ သူနဲ့ဖုန်းပြောချင်စိတ်လေးတွေ၊ message ပို့ချင်စိတ်လေးတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း message ပို့တာက သင့်အတွက် ဘာမှ အကျိုးရှိစေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ သူ့ဆီက message စောင့်ရင်း အရူးတစ်ပိုင်း ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ် သူပြန်ပို့လိုက်တာက မျှော်လင့်ထားသလို မဟုတ်ရင်လည်း သင်ပဲ ငိုနေရမှာပါ။ နှစ်ယောက်သား သဘောထား မတိုက်ဆိုင်ကြလို့ လက်တွဲဖြုတ်ပြီးမှတော့ ပြန်လွမ်းမနေဘဲ ခေါင်းမော့ ရင်ကော့ပြီး နေလိုက်ပါ။ သူ့ဆီmessage ပို့ချင်တဲ့ စိတ်ပေါ်လာရင်လည်း သူ့ဖုန်းနံပါတ်ကို block တာပဲ ဖြစ်စေ၊ ဖုန်းကို သူငယ်ချင်းတွေဆီ အပ်လိုက်တာပဲ ဖြစ်စေ၊ တစ်ခုခု လုပ်ပြီး စိတ်ကို နိုင်အောင်ထိန်းလိုက်ပါ။

၁၀။ သင့်ရဲ့ relationship မှာ ပျော်ရွှင်ရတဲ့ အချိန်တွေထက် စိတ်ရှုပ်နေရတာတွေ ပိုများနေတော့ ဒီ relationship ကြီးရှင်သန်အောင် ကြိုးစားနေခြင်းက ဘာမှ အကျိုးထူးစေမှာ မဟုတ်ပါဘူး။

၁၁။ အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။ ဟုတ်ပါတယ်။ ဒီစကားက ရိုးအီနေတဲ့ လက်သုံးစကားဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တရား ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

၁၂။ သင်တို့နှစ်ယောက် ရဲ့ ပျော်စရာ အချိန်တွေကို ပြန်တွေးမိပြီး စိတ်ဆင်းရဲနေရတယ် ဆိုရင် “လွမ်းစရာရှိရင် နာစရာနဲ့ဖျောက်” ဆိုတဲ့ အတိုင်း သူ့ကြောင့် နာကျင်ခဲ့ ရတာတွေကို ပြန်စဉ်းစားလိုက်ပါ။ ဒီနည်းလမ်းလေးဟာ သင်သူ့ကို မေ့ဖို့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။

၁၃။ နှစ်ယောက်ကြား ဆက်ဆံရေး ပျက်စီးသွားလို့ ဒါကို လမ်းခွဲခြင်းလို့ခေါ်တာပါ။ အဲ့ဒီတော့ ပြောင်းလဲဖို့ ကြိုးစားမနေပါနဲ့တော့။ သင်တို့ ဖူးစာ မှန်တယ် ဆိုရင် သူက သင့်ဘဝထဲ ကို တစ်နည်းနည်းနဲ့ ပြန်ဝင်လာမှာပါ။ဒါပေမယ့်လည်း ဒါတွေ ဖြစ်လာမယ်လို့ မျှော်လင့် မထားပါနဲ့။ ဘာလို့လဲဆိုတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး ဆိုရင် နောက်ဆုံးတော့ သင်ပဲ ပြန်ခံစားရမှာပါ။

၁၄။ သင်မျှော်လင့်ခဲ့ရတဲ့ ကြင်နာယုယမှုတွေ ပေးမယ့်သူမျိုး တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာမှာပါ။ အဲ့ဒီအချိန်ကျရင်တော့ “ငါအရင် တစ်ယောက်အကြောင်း တွေးပြီး ကုန်ခဲ့ရတဲ့ အချိန်တွေနှမြောလိုက်တာ” ဆိုပြီး သင့်ကိုသင် ပြောမိပါလိမ့်မယ်။

တိုက်ဆိုင်တာ ရှိရင် သူငယ်ချင်းတွေနဲ့လည်း Share ပါ။