နှစ်ပေါင်း (၆ဝ) ကြာ တည်တံ့တဲ့ ချစ်ခြင်းရဲ့ တစ်ခုတည်းသော လျို့ဝှက်ချက် (ဟာသလေးတစ်ပုဒ်)

blank

တစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်မြတ်နိုးကြတဲ့ အဖိုးအဖွား နှစ်ယောက်ဟာ နှစ်ပေါင်း(၆ဝ) ကျော်ထိ အတူတကွ ပေါင်းသင်း နေထိုင်ခဲ့ကြပါတယ်။ နှစ်ပေါင်း (၆၀) လုံး သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လျို့ဝှက်ထားတာ မရှိလောက်အောင် ပွင့်လင်းစွာ ဆက်ဆံခဲ့ကြပါတယ်။ ဘယ်လိုအကြောင်းအရာမျိုး မဆို တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟတိုင်ပင်လေ့ ရှိကြပါတယ်။

ဒါပေမယ့် အဖွားအိုရဲ့ အဝတ်ဘီရိုအပေါ်ဆုံးထပ်မှာ သိမ်းထားတဲ့ သေတ္တာလေးအကြောင်းကိုတော့ တစ်ခါမှ ပြောမပြခဲ့ဖူးပါဘူး။ အဖိုးအိုကလည်း ဘယ်တော့မှ မမေးခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာတဲ့ အထိ အဲဒီသေတ္တာလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ကြပါတယ်။

တစ်နေ့မှာတော့ အဖွားအိုဟာ အလွန်ပြင်းထန်တဲ့ အဖျားရောဂါကြောင့် ဆေးရုံရောက်သွားခဲ့ပါတယ်။ ဆရာဝန်ပြောပြချက်အရ အဖွားအို နေရဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာပါပဲ။ အဲဒီအချိန်မှာ အဖွားအိုဟာ သူမတစ်သက်လုံး ထိန်းသိမ်းထားခဲ့တဲ့ အဲဒီသေတ္တာလေးအကြောင်းပြောပြဖို့ အဖိုးအိုကို ခေါ်လိုက်ပါတယ်။ အဖိုးအိုလည်း သေတ္တာလေးကို ယူပြီး သူ့မိန်းမအိပ်ယာလေးနားမှာ အသာချပြီး ထိုင်နေလိုက်တယ်။ အဖွားအိုက သေတ္တာကို ဖွင့်ပြီး ကြည့်ခိုင်းလိုက်တယ်။ အဲဒီမှာ အရုပ်လေးနှစ်ရုပ်နဲ့ ပိုက်ဆံ ဒေါ်လာ နှစ်သောင်းခွဲ တိတိ ရှိနေတာကို တွေ့လိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြည့်ပြီးတာနဲ့ အဖွားအိုက “ဒီအချိန်က သေတ္တာလေးရဲ့ အကြောင်းကို ရှင့်ကိုပြောပြဖို့ အချိန်တန်ပြီလို့ ကျွန်မ ယူဆလိုက်ပြီ။ အဲတော့ ကျွန်မပြောမယ်။ ရှင်နဲ့ ကျွန်မ ပေါင်းသင်းလာတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးကြီးမားမား ပြဿနာ မရှိခဲ့တာ ရှင်သိတယ်နော်။ တစ်ကယ်တော့ တစ်ယောက်ကိုတစ်ယောက် အလိုမကျ ဖြစ်တဲ့ အချိန်တွေဆိုတာ ရှိခဲ့တာပေါ့။ ဒါပေမယ့် ကျွန်မ နှစ်ယောက်လုံး စိတ်ဆင်းရဲမှာစိုးလို့ ဘာကိုမှ မပြောခဲ့ဘူး။ အဲဒီလို အခြေအနေမျိုး တစ်ခါ ကြုံရတိုင်း ကျွန်မ သက်သင်းလေးနဲ့ အရုပ်လေး တစ်ရုပ်ထိုးလိုက်တယ်။ ”

အဖွားအို စကားဆုံးသွားတဲ့ အခါ အဖိုးအိုက ပြုံးပြုံးကြီးနဲ့ ဂုဏ်ယူစွာ ပြန်မေးလိုက်တယ်။ “ဒါဆို မင်းငါ့ကို ဘဝတစ်လျှောက်လုံး နှစ်ခါပဲ စိတ်အလိုမကျ ဖြစ်ခဲ့တာပေါ့ ဟုတ်လား” လို့ မေးလိုက်ပါတယ်။

အဖွားအို ပြန်ဖြေလိုက်တာက “ ဘယ်ဟုတ်မလဲ အဲဒီအထဲမှာ ပိုက်ဆံတွေ အများကြီး ရှိသေးတယ်လေ အဲဒါ ကျွန်မထိုးထားတဲ့ အရုပ်တွေကိုရောင်းလို့ ရတဲ့ ငွေတွေပေါ့“ လို့ပြောလိုက်ပါတော့တယ်။

ကဲ ဂန္ထဝင်ရဲ့ ပရိသတ်ကြီးလည်း ရန်ဖြစ်တဲ့ အခါ စိတ်ဝင်စားရင် စမ်းကြည့်လို့ ရတယ်နော်။ ပိုက်ဆံလည်းရ နားလည်းအေးပေါ့။

ချစ်စဖွယ် စာစောင်လေးကို SHARE ဖို့အမေ့နဲ့နော်။