ပေးဆပ်၍ မကုန်နိုင်သော အမေ့မေတ္တာ

blank

ညနေခင်းတစ်ခုမှာ ကောင်လေးတစ်ယောက်ဟာ သူ့အမေရှိနေတဲ့ မီးဖိုခန်းထဲကို ဝင်သွားပါတယ်။ သူ့အမေကတော့ ချက်လိုက် ပြုတ်လိုက်နဲ့ အလုပ်တွေ ရှုပ်နေတာပေါ့။ ကောင်လေးက သူ့အမေဆီကို စာရွက်လေးတစ်ရွက် ကမ်းပေးလိုက်တယ်။ အမေဖြစ်သူက လက်ကို အဝတ်နဲ့သုတ်ပြီး သူ့စာကို ယူဖတ်လိုက်တယ်။ သူဘာတွေ ရေးထားလဲ ဆိုတော့…

မြက်ရိတ်ခ = ၅၀၀၀ ကျပ်

ဒီအပတ်သား အခန်းရှင်းခ =၂၅၀၀ ကျပ်

အမေခိုင်းလို့စတိုးဆိုင် ပြေး =၅၀၀ ကျပ်

အမေဈေးဝယ်သွားတုန်း ညီလေးကို ထိန်းရတဲ့ ကလေးထိန်းခ = ၂၅၀၀ ကျပ်

အမှိုက်ပစ်ခ = ၁၀၀၀ ကျပ်

အဆင့်ကောင်းလို့ဆုငွေ = ၅၀၀၀ ကျပ်

ခြံထဲက အမှိုက်ရှင်းခ = ၂၀၀၀ ကျပ်

စုစုပေါင်း = ၁၇၀၀၀ ကျပ်

သူ့အမေက ကောင်လေးရပ်နေတဲ့ ဆီကို လှမ်းကြည့်လိုက်တယ်။ သူ့အမေရင်ထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကောင်လေး ရိပ်မိလောက်မှာပါ။ သူမက ဘောပင်ကို ကောက်ကိုင်ပြီး ကောင်လေးရဲ့ စာရွက်နောက်ကျောမှာ ပြန်ရေးပေးလိုက်တယ်။ သူ့အမေ ပြန်ရေးပေးလိုက်တာက….

” မေမေ သားကိုယ်ဝန်ကို ၉ လကြာအောင် လွယ်ခဲ့တာက အဖိုးအခရလို့ မဟုတ်ပါဘူး သားရယ်..”

“ညတိုင်း သားအနားမှာ အဖေါ်ပြုပေးခဲ့ တာတွေ၊ သား နေမကောင်းတဲ့ အခါတိုင်း ပြုစုပေးတာတွေ၊ သားဘဝတစ်လျှောက်လုံး အဆင်ပြေစေဖို့ ဆုတောင်းပေးခဲ့တာတွေ ကလည်း မေမေ့ရဲ့ စေတနာ သက်သက်ပါ သားရယ်”
“သားဘဝအတွက် ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ၊ သားကြောင့် ကျခဲ့ရတဲ့ မေမေ့ရဲ့ မျက်ရည်တွေ အတွက်လည်း ဘာတွေများ ပြန်ရခဲ့လို့လည်းကွယ်”

“သားရှေ့ရေးကို စဉ်းစားပြီး ကြိုတင်ပူပန်ခဲ့ရတဲ့ ညတွေအတွက်ရော မေမေ ဘာတွေရခဲ့တယ် ထင်လဲ”

“သားအတွက် အရုပ်လေးတွေ၊ စားစရာတွေ၊ အဝတ်အစားတွေ၊ သားနှာရည်တွေနဲ့ ညစ်ပတ်နေတဲ့အခါ သုတ်ပေးခဲ့ရတာတွေ။ တစ်ဘဝလုံးကိုတောင် သားအတွက်ပေးထားမှတော့ ဒါလေးတွေက မေမေ့အတွက် စာမဖွဲ့လောက်ပါဘူးကွယ်”

“သားလေး မြင်တတ်မယ် ဆိုရင် မေမေ့ မေတ္တာတွေက ကိန်းဂဏန်းတွေနဲ့ ဖေါ်ပြလို့ မရဘူးဆိုတာ နားလည်လာမှာပါ”

ကောင်လေးဟာ စာကို ဖတ်ပြီးတဲ့ အချိန်မှာ မျက်ရည်အဝိုင်းသားနဲ့ ဖြစ်သွားပါတယ်။ ပြီးတော့ သူ့အမေရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလိုက်တာက “မေမေ့ကို သား အရမ်း အရမ်း ချစ်တယ်” တဲ့လေ။ အဲ့ဒီနောက် သူ့စာရွက်ပေါ်မှာ စာလုံးအကြီးကြီးနဲ့ ရေးလိုက်ပါတယ်။ ဂန္တဝင်ပရိတ်သတ်ကြီး သူဘာရေးလိုက်တယ် ထင်လဲ…

“ရှင်းပြီး”တဲ့။

ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး ကျွန်တော်တို့ မိခင်တွေ ပေးဆပ်ခဲ့တာအားလုံးကို ကျွန်တော်တို့တစ်သက် ဆပ်လို့မကုန်နိုင်ဘူးဆိုတာ သိလိုက်ကြမှာပါ။ ဒီတော့ ခုချိန်ကစပြီး  အမေ့ရဲ့ ဘဝအမောတွေ ပြေလျှော့သွားအောင် စကား ချိုချို၊ အနမ်း ချိုချိုလေးတွေ ပေးလိုက်ကြရအောင်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။