မိန်းကလေးတို့ သိထားသင့်တဲ့ ယောကျာ်းမာယာ (၇) ဖြာ

blank

ကျွန်မတို့မိန်းကလေးတွေကိုပဲ မိန်းမတွေ မာယာများတတ်ကြတယ်ဆိုပြီး မိန်းမမာယာသဲ ကိုးဖြာ ဆိုပြီးတော့တောင် ထေ့ငေါ့တာတွေ ကြုံခဲ့ရဖူးပါတယ်။ တကယ်တော့ ယောက်ျားတွေမှာလည်း ကျွန်မတို့ သတိမထားမိတဲ့ မာယာလေးတွေ ရှိပါတယ်။ အောက်ဖက်မှာ ဗဟုသုတ အဖြစ် လေ့လာကြည့်လို့ရအောင် ဂန္ထဝင် ညီမငယ်လေးတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

၁။ သူ့မိသားစုနဲ့ ပတ်သက်ပြီး အမြဲ ဂုဏ်ယူဝံ့ကြွားပြတာ။ ဒါကလည်း တစ်ဖက်လူ အထင်ကြီးလာအောင် မသိမသာ ဆွဲဆောင်တဲ့ မာယာ တစ်မျိုးပါပဲ။)

၂။ သူ့ဂုဏ်သိက္ခာနဲ့ ပိုင်ဆိုင်မှုတွေကို ဗန်းပြပြီး တစ်ဖက်လူ ကိုယ့်ဖက် ပါလာအောင် စည်းရုံးတာလည်း မာယာတစ်မျိုးပါပဲ။

၃။ လူရှေ့သူရှေ့မှာ ကိုယ့်ဥာဏ်ပညာ အဆင့်အတန်းကို ပြသနေတာလည်း မာယာတစ်မျိုးပါ။

၎။ တစ်ဖက်လူရဲ့ စိတ်ထဲမှာ သူ့ကို ကိုယ်ချင်းစာလာအောင် ဝမ်းနည်း၊ ဝမ်းသာပြတာလည်း ယောက်ျားတို့ရဲ့ မာယာထဲကတစ်ခုပါပဲ။

၅။ တစ်ဖက်လူ နှစ်သက်တတ်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ ဂရုတစိုက်ပေးတတ်တာလည်း ယောက်ျားတို့ရဲ့ မာယာတစ်မျိုးပါပဲ။

၆။ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာလည်း ယောက်ျားမာယာထဲက တစ်ခုပါပဲ။

၇။ တစ်ဖက်သားရဲ့ အောင်မြင်မှုတွေ အရည်အချင်းတွေကို ချီးမြှောက်ပြောဆိုတတ်တာလည်း မာယာတစ်မျိုးပါ။

ကဲ ဂန္ထဝင် ပရိသတ်ကြီးရော ဘယ်လိုလဲ။ သင်တို့သူငယ်ချင်းတွေထဲမှာ ဒီမာယာတွေနဲ့ လွတ်ကင်းတဲ့ လူရော ရှိသေးရဲ့လား။ 🙂

သဘောကျ နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေနဲ့ Share ပေးဖို့ မမေ့နဲ့နော်။