ဘဝလက်တွဲဖော် အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားမျိုးဆိုတာ

blank

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အစပိုင်းမှာဘယ်လောက်ပဲ သစ္စာရှိပါတယ်၊ ချစ်မြတ်နိုးကြတယ်ပဲ ဆိုဆို လက်ထပ်ပြီးမှ သစ္စာဖောက်သွားတဲ့သူတွေ တစ်ပုံကြီးပါ။

လူတိုင်းကိုယ့်ချစ်သူကို အကြွင်းမဲ့ ယုံကြည်ချစ်မြတ်နိုးကြတာ မှန်ပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ ချစ်သူမျိုးနဲ့ လက်တွဲနေတာဆိုရင်တော့ ရှေ့ဆက်မယ့် ဘဝအတွက်သေချာ စဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် ဒီလို အချိန်လွန်မှ နောင်တရတာမျိုး မဖြစ်ရအောင် မိမိချစ်သူဟာ မိမိနဲ့ရေရှည်လက်တွဲလို့ ရမရဆိုတာ သမီးရည်းစားဘဝမှာပဲ အကဲခတ်လို့ ရတဲ့ အချက်တွေ လေးတွေကို ဂန္ထဝင်မှ မေတ္တာရှေ့ထား တင်ဆက်လိုက်ရပါတယ်။

၁။ ကိုယ်လိုအပ်တဲ့ အချိန် ကိုယ့်အနားမှာ မရှိပေးနိုင်သူ။

တစ်မြို့ထဲမှာ အတူနေကြပေမယ့် ကိုယ်လိုအပ်လို့ဆက်သွယ်လိုက်တိုင်း ဘယ်တော့မှ အဆင်သင့်ရှိမနေဘူး။ ဖုန်းဆက်ရင်လည်း ကောင်းကောင်းပြန်မဖြေတာမျိုး၊ စိတ်မရှည်သလိုမျိုးတွေ တွေ့နေရပြီဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်တော့ပါဘူး။ ကိုယ် အရေးတကြီး လိုအပ်လာလို့ ဆက်သွယ်တိုင်းလည်း အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်နေတယ် ဆိုရင်တော့ သူနဲ့တစ်သက်လုံး လက်တွဲသွားဖို့ဆိုတာ တော်တော်ကို စဉ်းစားရမယ့် ကိစ္စတစ်ခုပါပဲ။

၂။ ကိုယ့်ကို တန်ဖိုး မထားတတ်သူ။

သင့်နဲ့ စတွေ့စကပဲ သင့်ကိုတန်ဖိုးထားရကောင်းမှန်းသိတယ်။ အချိန်ကြာလာတာနဲ့အမျှ မလေးနက်တော့ဘူး။ သင်ဘယ်လောက်ပဲ ပေးဆပ်နေပါစေ သင့်ပေးဆပ်မှုတွေကို အသိအမှတ်မပြုတတ်တဲ့ သူမျိုးဆို သင့်လက်တွဲဖော်ဖြစ်ဖို့ ဘယ်လိုမှ ရွေးချယ်လို့ မဖြစ်ပါဘူး။ တစ်ဦးကိုတစ်ဦး တကယ်တန်ဖိုးထား မြတ်နိုးကြသူတွေဟာ သေးငယ်တဲ့ လုပ်ဆောင်မှုလေးတွေကအစ အသိအမှတ်ပြု ပေးတတ်ကြပါတယ်။ ဒီလိုမှလည်း သာယာတဲ့ Relationship တစ်ခုတည်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၃။ တွေ့ရင်လွမ်းအောင် ချွဲ ၊ ကွယ်ရင် မေ့တတ်သူ ။

သူနဲ့အတူရှိတဲ့ အချိန်တွေမှာ ပျော်ရွှင်ကြည်နူးရတာ မှန်ပါတယ်။ သို့ပေမယ့်လည်း သူနဲ့တစ်ခါတစ်ခါတွေ့ဖို့ မလွယ်ကူဘူး ဖြစ်နေပါတယ်။ သူဟာ သင်ထင်ထားသလောက် သင့်အပေါ် မလေးနက်သလို ခံစားနေရတယ်။ ကိုယ်နဲ့ရှိနေတဲ့အချိန်ပဲ ဂရုစိုက်တတ်ပြီး ဝေးနေတဲ့အချိန်တွေမှာ ကိုယ့်ကို ရှိတယ်လို့တောင်မထင်ရလောက် လျစ်လျူရှုတတ်သူမျိုး ဆိုရင်တော့ ဘယ်လိုမှရှေ့ဆက်လက်တွဲလို့ မသင့်တော်ပါဘူး။ ကိုယ့်ကို တစ်ကယ်မြတ်နိုး တန်ဖိုးထားတဲ့သူဆိုတာ ဘယ်လောက်ပဲ မအားလပ်နေပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ တွေ့လို့ရအောင် ကြိုးစားမှာပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ့်အားကိုယ် မကိုးနိုင်တဲ့သူ။ အမြဲ လိုအပ်ချက်တွေနဲ့ ပြည့်နေသူ။

သူ့ကိုကြည့်လိုက်ရင် အမြဲ လိုအပ်ချက်တွေအပြည့်နဲ့ ။ ငွေလည်း လုံလုံလောက်လောက် မရှာနိုင်၊ သူနေတဲ့ထိုင်တဲ့ ပုံစံဟာလည်း အမြဲ ဗရုတ်သုတ်ခနဲ့။ ကိုယ့်တာဝန်ကိုယ်မယူနိုင်တဲ့ သူမျိုးပေါ့။ ဒါဆိုရင်တော့ သူသင့်ကို လက်တွဲနေတာဟာ သူ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါလိမ့်မယ်။ သင်က သူ့ကိုချစ်တော့ ဒါတွေအားလုံးဖြည့်ဆည်းကောင်း ဖြည့်ဆည်းပေးပါလိမ့်မယ်။ ကြာလာတဲ့အခါ သူကိုယ်တိုင် တာဝန်ယူချင်စိတ်နည်းပါးလာနိုင်ပါတယ်။ သင့်ပေးဆပ်မှုတွေအပေါ် သာယာလာပြီး သင့်ကိုတော့ ပြန်ဂရုစိုက်ရကောင်းမှန်း သတိမရတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

၅။ အရာအားလုံး သူ့စိတ်ကြိုက် စဉ်းစားဆုံးဖြတ်ချင်သူ။

အရာအားလုံး သူ့စိတ်ကြိုက်ပဲ ဖြစ်ချင်တယ်။ Relationship ကိုလည်း အမြဲသူ့စိတ်ကြိုက် တည်ဆောက်တယ်။ အကယ်၍ သင့်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပြီဆိုရင်တော့ သင့်ဆန္ဒကိုသူ သဘောတူကောင်းတူပါလိမ့်မယ်။ သို့ပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ သူ့စိတ်ကြိုက်မဖြစ်လာဘူးဆို သူလုံးဝ လက်မခံနိုင်ပါဘူး။ Relationship ဆိုတာ တစ်ယောက်ဆန္ဒတစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ နားလည်မှုရှိရှိ ရှေ့ဆက်ရတဲ့အရာမို့ ဒီလိုအရမ်းအတ္တကြီးတဲ့ လူမျိုးနဲ့ ကြုံလာပြီဆိုရင်တော့ ဝေးဝေးသာပြေးလိုက်ပါတော့။

၆။ ပြ ဿ      နာတစ်ခုဖြစ်လာရင် ခေါင်းရှောင်နေတတ်သူ။

သင်တို့နှစ်ယောက် အကြောင်တစ်ခုခုကြောင့် ပြဿနာ တတ်ကြတဲ့အခါ သင့်ချစ်သူက ပြဿနာကိုရှောင်ဖယ်နေတာမျိုး၊ သူနဲ့မဆိုင်သလို ဘေးထွက်လိုက်တာမျိုးတွေ ဖြစ်လာပြီဆို ဒါဟာကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကြုံလာတိုင်း ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ့်ဘက်ကချည်း Relationship မပျက်စီးအောင် တည့်မတ်နေရတာဆေိုရင်တာ့ လက်ရှိသင့်ချစ်သူဟာ တစ်ဘဝလုံး ပုံအပ်လိုက်ဖို့ ယုံကြည်လို့ မရသေးပါဘူး။ တစ်ခုခု အကြပ်အတည်းကြုံလာပြီဆို ဘာမှ ကြိုးစားဖြေရှင်းနေမှာ မဟုတ်ဘဲ လွယ်လွယ်နဲ့ အရှုံးပေးသွားမယ့် လူမျိုးဖြစ်တာကြောင့် သင့်ဘဝအတွက် ရွေးချယ်ဖို့ ဘယ်လိုမှ မသင့်တော်ပါဘူး။

လူဆိုတာလည်း ချစ်နေရင် အပြစ်မမြင်တတ်တာမို့ ဘယ်လောက်ပဲဆိုးရွားနေပါစေ သည်းခံ လက်တွဲနိုင်တာမျိုးလည်းရှိကြပါတယ်။ အဓိကကတော့ ချစ်သူအပေါ် သံယောဇဉ်မပြတ်နိုင်လို့ ပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချိန်ကြာလာတဲ့အခါ ဒီအဆင်မပြေမှုတွေက ချစ်ခြင်းတွေကို တိုက်စားပျက်စီးနိုင်တာကြောင့် အချိန်မနှောင်းခင် လက်တွဲဖြုတ်သင့် ဖြုတ်ရမှာပါ။

အနည်းဆုံးတော့ သင့်ကို အမှန်တကယ်တန်ဖိုးထား ချစ်မြတ်နိုးမယ့်သူ လောကကြီးမှာ ရှိနေသေးတယ်ဆိုတာ သတိရလိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။