ကျွန်တော်တို့တွေရဲ့ အနာဂတ်လေးတွေ လှပဖို့ စတေးပေးခဲ့သူများ

blank

တစ်နေ့ ကောင်လေးတစ်ယောက်က ကုမ္ပဏီကြီးတစ်ခုမှာ စီမံခန့်ခွဲမှု မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ ပထမ အင်တာဗျူးအောင်သွားပြီး နောက်တစ်နေ့ ကုမ္ပဏီရဲ့ အကြီးအကဲ တစ်ယောက်နဲ့တွေ့ဖို့ ကုမ္ပဏီကို ထပ်လာခဲ့ရပါတယ်။

အဲဒီမှာ ဒါရိုက်တာကြီးက သူ့အလုပ်လျှောက်လွှာကိုကြည့်ပြီး ကောင်လေးရဲ့ ပညာရေးမှတ်တမ်းတွေဟာ အရမ်းကောင်းနေတာ တွေ့လိုက်ရတဲ့အခါ

“မင်း ကျောင်းမှာတုန်းက ပညာသင်ဆုတွေဘာတွေ ရခဲ့ဖူးလား။” လို့မေးလိုက်ပါတယ်။

ကောင်လေးက “မရဖူးပါဘူး” လို့ပြန်ဖြေတယ်။

ဒါဆို ” မင်းကျောင်းစရိတ်တွေ ဘယ်သူပေးလဲ” လို့ ဆက်မေးလိုက်တယ်။ ကောင်လေးက သူ့မိဘတွေ ရှာဖွေပေးတာလို့ ပြန်ဖြေပါတယ်။

ဒါနဲ့ ဒါရိုက်တာကြီးက “သူတို့ဘာလုပ်ကြလဲ ” ဆိုပြီး ဆက်မေးလိုက်တော့ သူများ အဝတ်တွေကို လျှော်တဲ့ အဝတ်လျှော်သည်တွေပါလို့ ဖြေပါတယ်။

အဲဒီအဖြေနောက်မှာတော့ ဒါရိုက်တာကြီးက ကောင်လေးရဲ့ လက်တွေကို ဖြန့်ပြခိုင်းတယ်။ ချောမွတ်နူးညံ့နေတာကိုတွေ့ရတော့။

” ငယ်ငယ်က မင်းမိဘတွေကို အဝတ်လျှော်တာ ကူဖူးလား ”

လို့ ဆက်မေးလိုက်တယ်။

ကောင်လေးက ” မကူရပါဘူး။ ဖေဖေနဲ့ မေမေက ကျွန်တော့ကို စာပဲကြိုးစားပြီး လုပ်စေချင်တာ။ ကျွန်တော် စာကြည့်နေရင်ပဲ သူတို့က ကျေနပ်နေကြတာပါ။ ” လို့ ပြန်ဖြေပါတယ်။

အဲဒီအချိန်မှာ ဒါရိုက်တာကြီးက ” ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပဲ။ မင်းအိမ်ကိုပြန်လိုက်ပါ ပြီးသွားရင် မင်းမိဘတွေရဲ့ လက်တွေကို ဆေးပေးပြီး ပြန်လာခဲ့။ မနက်ဖန်မှတွ့တာပေါ့။ ” ဆို ပြန်လွှတ်လိုက်တယ်။

ကောင်လေးက စိတ်ပျက်အားလျော့စွာနဲ့ ပြန်လာပြီး ဒါရိုက်တာကြီး မှာလိုက်တဲ့အတိုင်း မိဘတွေရဲ့ လက်တွေကိုဆေးပေးဖို့ ခွင့်တောင်းလိုက်တယ်။ မိဘနှစ်ပါးက ဝမ်းသာမျက်ရည်တွေစို့ရင်းက အံ့သြနေကြတယ်။

ကောင်လေးဟာ မိဘတွေရဲ့ လက်တွေကိုဆေးပေးရင်း မျက်ရည်တွေ တစ်ပေါက်ပေါက် ကျလာပါတော့တယ်။ မိဘနှစ်ပါးလုံးရဲ့ လက်တွေဟာရှတပြီး ကြမ်းတမ်းနေတာကို တွေ့လိုက်ရလို့ပါ။ ထိလိုက်တိုင်းမှာ အသားမာတွေကြောင့် လက်တွေဟာ ကျောက်တုံးတွေအလား အောက်မေ့ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူ့မိဘတွေရဲ့ စေတနာကို ပထမဆုံးအကြိမ်ခံစားနားလည် လိုက်ရပါတယ်။ သူကျောင်းစားရိတ် အတွက် ဖေဖေနဲ့ မေမေဟာ ဘယ်လောက်တောင် ပင်ပန်း ဆင်းရဲခဲ့မလဲဆိုတာ တွေးလိုက်မိတယ်။ သူဒီလို ပညာတတ်တစ်ယောက် ဖြစ်လာဖို့ သူ့အနာဂတ်လှပဖို့ ရင်းနှီးလိုက်ရတာက မိဘနှစ်ပါးရဲ့ လက်နှစ်စုံနဲ့ သူတို့ရဲ့ပင်ပန်းဆင်းရဲ မှုတွေဆိုတာကို စိတ်မကောင်းစွာပဲ နားလည်လိုက်ရတယ်။

အဲဒီနောက်မှာတော့ သူ့မိဘနှစ်ပါး လျှော်ရမယ့် အဝတ်တွေကို ကူလျှော်ပေးလိုက်ပါတယ်။ ညရောက်တော့ မိဘနှစ်ပါးကို ကန်တော့ရင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ်။

ဒီလိုနဲ့ ကောင်လေးဟာ နောက်နေ့မနက် ဒါရိုက်တာကြီးနဲ့ သွားတွေ့တယ်။

ဒါရိုက်တာကြီးက ကောင်လေး မျက်ရည်တွေဝဲနေတာ သတိထားမိလိုက်တယ်။ အဲဒီနောက်မှာတော့ ကောင်လေးကို ” ကဲ မနေ့က ငါပြောတဲ့အတိုင်း လုပ်လိုက်လား။ ဘာတွေများထူးခြားလာလဲ ပြောပါအုံး ” ဆို မေးလိုက်တယ်။

” ကျွန်တော် ကောင်းကောင်းနားလည်သဘောပေါက်သွားခဲ့တယ်။ ကျွန်တော့် မိဘနှစ်ပါးမရှိဘဲ ကျွန်တော် ဒီအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး။

ကိုယ့်တစ်ယောက်ထဲသာ ရုန်းကန်ခဲ့ရမယ်ဆို ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ ဆိုတာကိုလည်း ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ”

” အေး ။ ငါဖြစ်စေချင်တာလည်း ဒီပုံစံပဲ။ ဒီလိုလူမျိုးလိုက်ရှာနေတာ။ လူတွေကို အုပ်ချုပ်ရမယ့်သူဆိုတာ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမခြင်းရဲ့ တန်ဖိုးကို နားလည်ရမယ်။ ကိုယ့်အတွက် ကူညီပေးဆပ်ခဲ့သူတွေကို တန်ဖိုးထားတတ်ရမယ်။ စာနာနားလည်ပေးနိုင်ရမယ် ဒါမှ လူတွေကိုလွှမ်းမိုးနိုင်တဲ့ခေါင်းဆောင်ကောင်း ဖြစ်တော့မှာပေါ့။ကဲ မင်းကိုငါ အလုပ်ခန့်လိုက်ပြီ။”ဆိုပြီး ဒါရိုက်တာကြီးက ဝမ်းသာအားရပြောလိုက်တော့တယ်။ ဒီအဖြစ်အပျက်လေးက နောက်ထပ်ရလိုက်တဲ့ သင်ခန်းစားတစ်ခုကတော့ တချို့လူငယ်တွေဟာ ဘဝကို မိဘတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ လိုလေသေးမရှိ ဖြတ်သန်းလာကြရတော့ ဘာကိုမှ လေးလေးနက်နက် မရှိတဲ့အပြင် သူတို့တော်တယ်ဆိုတာ သူကြိုးစားလို့ဆိုပြီး ကိုယ့်ကိုယ်ကိုပဲ ဂုဏ်ယူနေတတ်ကြပါတယ်။ တစ်ကယ်တော့ မိဘတွေရဲ့ ကူညီပံ့ပိုးပေးမှုတွေသာ မရှိခဲ့ဘူးဆို ဒီလိုအခြေအနေမျိုး ရောက်လာဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိကပ်မိလာစေပါတယ်။ ကိုယ့်အတွက်ကြောင့် ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရတဲ့ မိဘတွေကို လျစ်လျူမရှုမိဖို့ သိပ်ကိုအရေးကြီးတဲ့အကြောင်း သင်ခန်းစာယူလိုက်ရပါတယ်။

မိဘတွေရဲ့ တန်ဖိုးကို နားလည်တတ်စေဖို့ သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ မမေ့နဲ့နော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။