လမ်းခွဲခြင်းဆိုတာ

blank

ဘယ်လိုအကြောင်းကြောင့်ပဲ လမ်းခွဲရ ခွဲရ လမ်းခွဲရတာ နာကျင်စရာ ကောင်းလွန်းပါတယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့ သူတစ်ယောက်ကို တစ်သက်တာအတွက် လက်တွဲဖြုတ်လိုက်ရတာကို ဘယ်သူဝမ်းပန်းတသာ လက်ခံနိုင်မှာလဲ။ ဒီလိုအချိန်မှာ စိတ်တွေ အရမ်း ရှုပ်ထွေးနေတတ်ပါတယ်။ ပထမတော့ ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေတဲ့ Relationship တစ်ခုကို အချိန်မှီ စွန့်ပစ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်နေပါလိမ့်မယ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် လျှောက်လှမ်းခွင့်ရသွားလို့ လွတ်လပ်ပျော်ရွှင်နေမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက်တော့ သူနဲ့ပတ်သက်ပြီး မျှော်လင့်ခဲ့ရတဲ့ စိတ်ကူးအိမ်မက်တွေ ပျက်စီးသွားလို့ ဝမ်းနည်းမယ်။ သူ့အမှားတွေပြန်ပြင်ပြီး ကိုယ့်ဆီများ ပြန်ရောက်လာမလားဆို မျှော်လင့် နေမိပြန်တယ်။ ခံစားမှုတွေဟာ ပင်ပေါင် (ping -pong) ကစားနေရသလို ဟိုရောက်ဒီရောက် နဲ့ပါပဲ။ ကိုယ်က ကြိုးစားပြုပြင်မယ်ဆို ပြန်မကောင်းနိုင်ဘူးဆိုတာ မရှိဘူးလို့ထင်ထားပေမယ့် တစ်ဖက်လူက ဘယ်လိုမှ ပြင်ဆင်ဖို့ ဆန္ဒမရှိဘူးဆိုရင် ဘယ်လောက်ကြိုးစား ကြိုးစား အဆင်ပြေလာမှာ မဟုတ်ပါဘူး။

ဒါကြောင့် အကယ်၍ ကိုယ့် Relationship ထဲမှာ မပျော်တော့ဘူးဆို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။ တစ်ခါတစ်လေ အရာအားလုံး အဆင်ပြေနေတဲ့ အချိန်မှာ ပျော်ရွှင်ကောင်း ပျော်ရွှင် ရပါလိမ့်မယ်။ သို့ပေမယ့် တစ်ပတ်မှာ (၄)ရက်လောက်က အဆင်မပြေမှုတွေကြောင့် စိတ်မပျော်ရွှင်ရဘူးဆို ရှေ့ဆက်သင့် မဆက်သင့် သေချာစဉ်းစားဖို့ လိုနေပါပြီ။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။