မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေခိုက် တန်ဖိုးထားပါ

blank

ကျွန်တော် အမေ့ကိုသတိရတာနဲ့ ပန်းစည်းတွေ အိမ်တိုင်ယာရောက်ပို့ပေးတဲ့ ဆိုင်ကိုသွားပြီး ပန်းစည်းတစ်စည်းကို ဒီမြို့က မိုင်(၂၀၀)လောက်ဝေးတဲ့ ကျွန်တော့် အမေဆီကို ပို့ပေးဖို့ အလုပ်အပ်လိုက်တယ်။

အဲဒီအချိန်မှာပဲ ကောင်မလေးတစ်ယောက်က ဆိုင်ဘေးက အုတ်ခုံလေးပေါ်မှာ ထိုင်ပြီး ငိုကြွေးနေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်လည်း ကောင်မလေးနားသွား ပြီးမေးစမ်းကြည့်လိုက်တယ်။

“သမီးဘာဖြစ်နေလဲ” ပေါ့။ အဲဒီအချိန်မှာ ကောင်မလေး ပြန်ဖြေတာက

” သမီးရဲ့ မိဘတွေဆီ ပန်းစည်းပို့ချင်တာ။ သမီးမှာက (၇၅) ကျပ်ပဲ ရှိတာ ပန်းစည်းက (၂၀၀)” တဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါနဲ့ ကျွန်တော်လည်း သနားသွားပြီး ပန်းစည်းဝယ်ပေးလိုက်တယ်။ ပြီးတော့ ပန်းစည်းက ဘယ်ကိုပို့ပေးရမှာလဲမေးတော့ မိန်းမငယ်လေးက သူမကို သချိင်္ုင်းဆီ ခေါ်သွားပေးဖို့ ထပ်တောင်းဆိုလိုက်တယ်။

ဒါနဲ့ ကျွန်တော်လည်း ကလေးမလေးကို လိုက်ပို့လိုက်တယ်။ ကလေးမလေးက အသစ်စက်စက် အုတ်ဂူလေး ရှေ့မှာ ဒူးလေးထောက်ပြီး မျက်ရည်လေးတွေလည်လို့။ အဲဒီအချိန် ကျွန်တော့် ခေါင်းထဲမှာ အသိစိတ် တစ်ချက်ဝင်လာတယ်။ ဒါကတော့ ကျွန်တော် မှာထားတဲ့ ပန်းစည်းကို အမေ့ဆီ ကိုယ်တိုင်သွားပို့ပေးဖို့ပါပဲ။ မိဘတွေကို အသက်ရှိစဉ်ကာလမှာပဲ ဂရုစိုက်သင့်ပါတယ်။ လောကကြီးထဲမှာ မရှိတော့ဘူးဆိုမှ လွမ်းဆွတ်နေလည်း ဘာမှထူးတော့မှာ မဟုတ်ဘူးဆိုတာ တွေးမိလို့ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။